ရီးရဲလ်ရဲ့ ပြိုင်ဘက်အဖြစ် ဘာစီလိုနာကို သတ်မှတ်ဖို့အတွက် မက်ဆီ ဆက်ရှိနေဖို့ လိုအပ်တယ်လို့ အသင်းဥက္ကဌဟောင်း ကယ်ဒါရွန် ပြောဆို

ရီးရဲလ်အသင်းဥက္ကဌဟောင်း ကယ်ဒါရွန်က အသင်းရဲ့ပြိုင်ဘက်အသင်းအဖြစ် ဘာစီလိုနာကို သတ်မှတ်ဖို့ဆိုရင် သူတို့အ သင်းမှာ မက်ဆီလို ကစားသမားမျိုးလိုအပ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲရှုံးပြီးနောက်မှာ ဘာ စီလိုအသင်းမှာ အခက်အခဲတွေရှိနေခဲ့တာဖြစ်ပြီး နည်းပြ ဆက်တီယန်ကို ထုတ်ပယ်ခဲ့သလို အဓိက,ကစားသမား မက်ဆီ ကလည်း အသင်းကထွက်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။


ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းအနေနဲ့ အသင်းကို ပြန်လည်တည်ဆောက်သွားဖို့ရှိနေပေမယ့် မက်ဆီ၊ ဆွာရက်ဇ် တို့လို ကစားသမားမျိုးတွေကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ ၂၀၀၆ ကနေ ၂၀၀၉ အထိ ရီးရဲလ်ဥက္ကဌ အဖြစ်ရှိခဲ့တဲ့ ကယ်ဒါရွန်က ဘာစီလိုနာရဲ့ လက်ရှိအခြေအနေကို သိပေမယ့် အသင်းအနေနဲ့ မက်ဆီကို ဆက် ထိန်းထားဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။


ကယ်ဒါရွန်က “ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာလို အသင်းကောင်းတစ်သင်းရှိဖို့ လိုပါတယ်။ ဒါမှလည်း ရီးရဲလ်အနေနဲ့ ပြိုင် ဘက်ကောင်းနဲ့ တစ်ရာသီလုံး ယှဉ်ပြိုင်ရမှာပါ။ ဘာစီလိုနာအနေနဲ့ အသင်းကောင်းတစ်သင်းဖြစ်ဖို့ဆိုရင် မက်ဆီလို ကစား သမားမျိုး ရှိဖို့လိုပါတယ်။ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့ ပြိုင်ဆိုင်မှုကို လူတိုင်းနှစ်သက်ခဲ့ကြသလိုပါပဲ။ လာလီဂါမှာ ရီးရဲလ်နဲ့ ဘာ စီလိုနာ ပြိုင်ဆိုင်မှုကိုလည်း လူတိုင်းနှစ်သက်ကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာအနေနဲ့ ရီးရဲလ်ကို ယှဉ်ဖို့ဆိုရင် မက်ဆီရှိဖို့ တော့ လိုပါတယ်” လို့ ပြောခဲ့ပါတယ်။


ရီးရဲလ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှု မပြုလုပ်သေးဘူးဆိုပေမယ့် အသင်းမှာရှိတဲ့ ကစား သမားအချို့ကို ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အေစီမီလန်က ရီးရဲလ်ကစားသမား ၃ယောက်ကို ခေါ်ယူ ဖို့ လုပ်ဆောင်နေပြီး အေစီမီလန်ဒါရိုက်တာဖြစ်တဲ့မာလ်ဒီနီက ရီးရဲလ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ အော်စကာရိုဒရီဂွတ်ဇ်၊ ဂျိုဗစ်နဲ့ မာရီယာဒိုင်ဇ် တို့ကိုခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

zawgyi version

ရီးရဲလ္ရဲ႕ ၿပိဳင္ဘက္အျဖစ္ ဘာစီလိုနာကို သတ္မွတ္ဖို႔အတြက္ မက္ဆီ ဆက္ရွိေနဖို႔ လိုအပ္တယ္လို႔ အသင္းဥကၠဌေဟာင္း ကယ္ဒါရြန္ ေျပာဆို
ရီးရဲလ္အသင္းဥကၠဌေဟာင္း ကယ္ဒါရြန္က အသင္းရဲ႕ၿပိဳင္ဘက္အသင္းအျဖစ္ ဘာစီလိုနာကို သတ္မွတ္ဖို႔ဆိုရင္ သူတို႔အ သင္းမွာ မက္ဆီလို ကစားသမားမ်ိဳးလိုအပ္တယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ကို အရွက္တကြဲရႈံးၿပီးေနာက္မွာ ဘာ စီလိုအသင္းမွာ အခက္အခဲေတြရွိေနခဲ့တာျဖစ္ၿပီး နည္းျပ ဆက္တီယန္ကို ထုတ္ပယ္ခဲ့သလို အဓိက,ကစားသမား မက္ဆီ ကလည္း အသင္းကထြက္ဖို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းအေနနဲ႔ အသင္းကို ျပန္လည္တည္ေဆာက္သြားဖို႔ရွိေနေပမယ့္ မက္ဆီ၊ ဆြာရက္ဇ္ တို႔လို ကစားသမားမ်ိဳးေတြကို ဆံုးရႈံးရဖို႔ ရွိေနတာေၾကာင့္ ေဝဖန္ခံေနရတာလည္း ျဖစ္ပါတယ္။ ၂၀၀၆ ကေန ၂၀၀၉ အထိ ရီးရဲလ္ဥကၠဌ အျဖစ္ရွိခဲ့တဲ့ ကယ္ဒါရြန္က ဘာစီလိုနာရဲ႕ လက္ရွိအေျခအေနကို သိေပမယ့္ အသင္းအေနနဲ႔ မက္ဆီကို ဆက္ ထိန္းထားဖို႔ လိုအပ္တယ္လို႔ ေျပာခဲ့ပါတယ္။
ကယ္ဒါရြန္က “ လာလီဂါၿပိဳင္ပြဲမွာ ဘာစီလိုနာလို အသင္းေကာင္းတစ္သင္းရွိဖို႔ လိုပါတယ္။ ဒါမွလည္း ရီးရဲလ္အေနနဲ႔ ၿပိဳင္ ဘက္ေကာင္းနဲ႔ တစ္ရာသီလံုး ယွဥ္ၿပိဳင္ရမွာပါ။ ဘာစီလိုနာအေနနဲ႔ အသင္းေကာင္းတစ္သင္းျဖစ္ဖို႔ဆိုရင္ မက္ဆီလို ကစား သမားမ်ိဳး ရွိဖို႔လိုပါတယ္။ စီေရာ္နယ္ဒိုနဲ႔ မက္ဆီရဲ႕ ၿပိဳင္ဆိုင္မႈကို လူတိုင္းႏွစ္သက္ခဲ့ၾကသလိုပါပဲ။ လာလီဂါမွာ ရီးရဲလ္နဲ႔ ဘာ စီလိုနာ ၿပိဳင္ဆိုင္မႈကိုလည္း လူတိုင္းႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္ ဘာစီလိုနာအေနနဲ႔ ရီးရဲလ္ကို ယွဥ္ဖို႔ဆိုရင္ မက္ဆီရွိဖို႔ ေတာ့ လိုပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ရီးရဲလ္အေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေခၚယူမႈ မျပဳလုပ္ေသးဘူးဆိုေပမယ့္ အသင္းမွာရွိတဲ့ ကစား သမားအခ်ိဳ႕ကို ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ေအစီမီလန္က ရီးရဲလ္ကစားသမား ၃ေယာက္ကို ေခၚယူ ဖို႔ လုပ္ေဆာင္ေနၿပီး ေအစီမီလန္ဒါ႐ိုက္တာျဖစ္တဲ့မာလ္ဒီနီက ရီးရဲလ္တာဝန္ရွိသူေတြနဲ႔ေတြ႕ဆံုကာ ေအာ္စကာ႐ိုဒရီဂြတ္ဇ္၊ ဂ်ိဳဗစ္နဲ႔ မာရီယာဒိုင္ဇ္ တို႔ကိုေခၚယူဖို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။