မက်ဆီ မရှိတော့မှာ ဖြစ်လို့ ဂရစ်ဇ်မန်းကို ဦးတည်ပြီး ဘာစီလိုနာအသင်းကို ပြန်လည်တည်ဆောက်မယ့် ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ ဂရစ်ဇ်မန်းကို ဦးတည်ပြီး အသင်းကို ပြန်လည်တည်ဆောက်ရန် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ယခုလအစောပိုင်းတုန်းက နည်းပြ ဆက်တီယန် နေရာမှာ အစားထိုး ခန့်အပ်ခြင်းခံလိုက်ရတဲ့ ဟော်လန်နည်းပြဟာ အသင်းကို စတင်ကိုင်တွယ်စဉ်မှာပင် အသင်းခေါင်းဆောင် အဓိက တိုက်စစ်မှူး ဖြစ်တဲ့ မက်ဆီက အသင်းပြောင်းခွင့် တောင်းဆိုခြင်းခံလိုက်ရလို့ အခက်တွေ့နေရတာ ဖြစ်ပါတယ်။

အသင်းက ဆွာရက်ဇ်၊ ရာကီတစ် နဲ့ ဗီဒယ်တို့ကိုလည်း လျော့ချရန် ဆုံးဖြတ်ထားတဲ့ ရော်နယ်ကိုးမန်းဟာ အစောပိုင်းတုန်းက မက်ဆီကို ဗဟိုပြုပြီး အသင်းကို ပြန်လည်တည်ဆောက်ရန် စီစဉ်ထားပါတယ်။ သို့သော်လည်း L’Equipe သတင်းဌာနက အဆိုအရ အဲဗာတန်၊ ဆောက်သမ်တန် နဲ့ နယ်သာလန် နည်းပြဟောင်းဟာ အသင်းကို ဂရစ်ဇ်မန်းကို ဗဟိုပြုပြီး ပြန်လည်တည်ဆောက်တော့မယ်လို့ သိရပါတယ်။

ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ နွေရာသီက အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပေါင် ၁၀၈ သန်း နဲ့ ပြောင်းရွှေ့လာခဲ့သြူဖစ်ပေမယ့် ပွဲဦးထွက်ရာသီမှာ ဖလား လက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရသူပြီး ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ တစ်ရာသီစလုံး ပွဲချိန်ပြည့် (၁၉) ပွဲသာ ကစားခဲ့ရပြီး ပြိုင်ပွဲစုံ (၄၈) ပွဲမှာ (၁၅) ဂိုးသွင်း ပြီး (၄) ဂိုးဖန်တီးပေးထားပါတယ်။

ရော်နယ်ကိုးမန်းဟာ ဂရစ်ဇ်မန်း အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားခဲ့တုန်းက ပုံစံမျိုး ပြန်လည်အသုံးပြုရန် စီစဉ်ထားထား ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ်လက်ရွေးစင်ကစားသမားဟာ သူ့ရဲ့ အကြိုက်ဆုံး ကျောနံပါတ် (၇) ကို ပြန်လည်ဝတ်ဆင်ရန် တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကျောနံပါတ် (၇) ကို ဘိုင်ယန်မြူးနစ်အသင်းထံ အငှားသွားရောက်ကစားနေတဲ့ ကော်တင်ဟို ဝတ်ဆင်ခဲ့ပေမယ့် ဘရာဇီးကစားသမားဟာ အသင်းကို ပြန်လာမှာဖြစ်ပါတယ်။

မက္ဆီ မရွိေတာ့မွာ ျဖစ္လို႔ ဂရစ္ဇ္မန္းကို ဦးတည္ျပီး ဘာစီလိုနာအသင္းကို ျပန္လည္တည္ေဆာက္မယ့္ ေရာ္နယ္ကိုးမန္း

ဘာစီလုိနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ ဂရစ္ဇ္မန္းကို ဦးတည္ျပီး အသင္းကို ျပန္လည္တည္ေဆာက္ရန္ စီစဥ္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ယခုလအေစာပိုင္းတုန္းက နည္းျပ ဆက္တီယန္ ေနရာမွာ အစားထိုး ခန္႔အပ္ျခင္းခံလုိက္ရတဲ့ ေဟာ္လန္နည္းျပဟာ အသင္းကို စတင္ကိုင္တြယ္စဥ္မွာပင္ အသင္းေခါင္းေဆာင္ အဓိက တုိက္စစ္မွဴး ျဖစ္တဲ့ မက္ဆီက အသင္းေျပာင္းခြင့္ ေတာင္းဆိုျခင္းခံလိုက္ရလို႔ အခက္ေတြ႕ေနရတာ ျဖစ္ပါတယ္။

အသင္းက ဆြာရက္ဇ္၊ ရာကီတစ္ န႔ဲ ဗီဒယ္တို႔ကိုလည္း ေလ်ာ့ခ်ရန္ ဆံုးျဖတ္ထားတဲ့ ေရာ္နယ္ကိုးမန္းဟာ အေစာပိုင္းတုန္းက မက္ဆီကို ဗဟိုျပဳျပီး အသင္းကို ျပန္လည္တည္ေဆာက္ရန္ စီစဥ္ထားပါတယ္။ သို႔ေသာ္လည္း L’Equipe သတင္းဌာနက အဆုိအရ အဲဗာတန္၊ ေဆာက္သမ္တန္ နဲ႔ နယ္သာလန္ နည္းျပေဟာင္းဟာ အသင္းကို ဂရစ္ဇ္မန္းကို ဗဟိုျပဳျပီး ျပန္လည္တည္ေဆာက္ေတာ့မယ္လို႔ သိရပါတယ္။

ဂရစ္ဇ္မန္းဟာ ဘာစီလိုနာအသင္းကို ျပီးခဲ့တဲ့ ေႏြရာသီက အက္သလက္တီကိုမက္ဒရစ္အသင္းကေန ေပါင္ ၁၀၈ သန္း နဲ႔ ေျပာင္းေရႊ႕လာခဲ့သျူဖစ္ေပမယ့္ ပြဲဦးထြက္ရာသီမွာ ဖလား လက္မဲ့ ရာသီကို ျဖတ္သန္းခဲ့ရသူျပီး ေ၀ဖန္ခံခဲ့ရသူျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ တစ္ရာသီစလံုး ပြဲခ်ိန္ျပည့္ (၁၉) ပြဲသာ ကစားခဲ့ရျပီး ျပိဳင္ပြဲစံု (၄၈) ပြဲမွာ (၁၅) ဂိုးသြင္း ျပီး (၄) ဂိုးဖန္တီးေပးထားပါတယ္။

ေရာ္နယ္ကိုးမန္းဟာ ဂရစ္ဇ္မန္း အက္သလက္တီကို မက္ဒရစ္အသင္းမွာ ကစားခဲ့တုန္းက ပံုစံမ်ိဳး ျပန္လည္အသံုးျပဳရန္ စီစဥ္ထားထား ျဖစ္ပါတယ္။ ဒါ့အျပင္ ျပင္သစ္လက္ေရြးစင္ကစားသမားဟာ သူ႔ရဲ႕ အၾကိဳက္ဆံုး ေက်ာနံပါတ္ (၇) ကို ျပန္လည္၀တ္ဆင္ရန္ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းရဲ႕ ေက်ာနံပါတ္ (၇) ကို ဘိုင္ယန္ျမဴးနစ္အသင္းထံ အငွားသြားေရာက္ကစားေနတဲ့ ေကာ္တင္ဟို ၀တ္ဆင္ခဲ့ေပမယ့္ ဘရာဇီးကစားသမားဟာ အသင္းကို ျပန္လာမွာျဖစ္ပါတယ္။