ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးက ဂျီးဆပ်စ်ကို ခေါ်ယူဖို့ လုပ်တော့မယ့် ဘာစီလိုနာ

ဘာစီလိုနာအနေနဲ့ အသင်းကထွက်ခွာခွင့်ပေးထားတဲ့ ဆွာရက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးတိုက်စစ်မှူး ဂျီး ဆပ်စ်ကို ခေါ်ယူဖို့အတွက် လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ အသင်းကနေ ထွက်ဖို့ တောင်းဆိုထားတဲ့ မက်ဆီနဲ့အတူ အားလပ်ရက်အဖြစ် အနားယူနေတာဖြစ်ပြီး သူတို့နှစ်ယောက်စလုံးဟာ ဒီနွေရာ သီမှာ ဘာစီလိုနာကနေ ထွက်ဖို့ရှိနေကြသူတွေလည်း ဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်ပေမယ့် မက်ဆီဟာ အသင်းကနေထွက်ဖို့ တောင်းဆိုထားတာဖြစ်ပြီး သူရဲ့လုပ်ရပ်အတွက် ဆွာရက်ဇ်နဲ့အတူ အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ပူယိုးလ်ကလည်း ထောက်ခံခဲ့တယ်လို့ သိရပါ တယ်။ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဆွာရက်ဇ်ဟာ နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ ဖုန်းပြောပြီးမှာတော့ ဘာစီလိုနာကနေ နွေရာသီအ ပြောင်းအရွှေ့မှာ ထွက်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။


ဘရာဇီးသတင်းစာတစ်စောင်ဖြစ်တဲ့ GloboEsporte နဲ့ စပိန် AS သတင်းစာတွေကတော့ ဘာစီလိုနာအနေနဲ့ ဆွာရက်ရဲ့ နေရာအတွက် ဂျီးဆပ်စ်ကိုခေါ်ယူဖို့ လုပ်ဆောင်နေပြီလို့ ဖော်ပြခဲ့ကြပါတယ်။ဘာစီလိုနာ တာဝန်ရှိသူတွေအနေနဲ့ မန်စီး တီးတာဝန်ရှိသူတွေထံကို ဖြစ်နိုင်တဲ့ပြောင်းရွှေ့ကြေးတစ်ခုနဲ့ တရားဝင်ကမ်းလှမ်းသွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေ က ဖော်ပြနေကြတာ ဖြစ်ပါတယ်။


အသက် ၂၃ နှစ်သာရှိသေးတဲ့ ဂျီးဆပ်စ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေဟာ ပြီးခဲ့တဲ့ရာသီကလည်း ထွက်ပေါ်ခဲ့ ဖူးပြီး သူကိုခေါ်ယူဖို့အတွက် ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့က ဆက်သွယ်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ မက်ဆီ ကိုခေါ်ယူဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဂျီးဆပ်စ်ကို အပြောင်းအရွှေ့ အစိတ်အပိုင်းအဖြစ် အသုံးပြုဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းမှုတွေ ထွက်ပေးနေပါတယ်။

zawgyi version

ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ မန္စီးတီးက ဂ်ီးဆပ္စ္ကို ေခၚယူဖို႔ လုပ္ေတာ့မယ့္ ဘာစီလိုနာ
ဘာစီလိုနာအေနနဲ႔ အသင္းကထြက္ခြာခြင့္ေပးထားတဲ့ ဆြာရက္ဇ္ရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ မန္စီးတီးတိုက္စစ္မွဴး ဂ်ီး ဆပ္စ္ကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္ေတာ့မယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဆြာရက္ဇ္ဟာ အသင္းကေန ထြက္ဖို႔ ေတာင္းဆိုထားတဲ့ မက္ဆီနဲ႔အတူ အားလပ္ရက္အျဖစ္ အနားယူေနတာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္စလံုးဟာ ဒီေႏြရာ သီမွာ ဘာစီလိုနာကေန ထြက္ဖို႔ရွိေနၾကသူေတြလည္း ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္ေပမယ့္ မက္ဆီဟာ အသင္းကေနထြက္ဖို႔ ေတာင္းဆိုထားတာျဖစ္ၿပီး သူရဲ႕လုပ္ရပ္အတြက္ ဆြာရက္ဇ္နဲ႔အတူ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ပူယိုးလ္ကလည္း ေထာက္ခံခဲ့တယ္လို႔ သိရပါ တယ္။ၿပီးခဲ့တဲ့ အဂၤါေန႔မွာ ဆြာရက္ဇ္ဟာ နည္းျပသစ္ေရာ္နယ္ကိုးမန္းနဲ႔ ဖုန္းေျပာၿပီးမွာေတာ့ ဘာစီလိုနာကေန ေႏြရာသီအ ေျပာင္းအေရႊ႕မွာ ထြက္ဖို႔ ေသခ်ာသြားခဲ့တာ ျဖစ္ပါတယ္။
ဘရာဇီးသတင္းစာတစ္ေစာင္ျဖစ္တဲ့ GloboEsporte နဲ႔ စပိန္ AS သတင္းစာေတြကေတာ့ ဘာစီလိုနာအေနနဲ႔ ဆြာရက္ရဲ႕ ေနရာအတြက္ ဂ်ီးဆပ္စ္ကိုေခၚယူဖို႔ လုပ္ေဆာင္ေနၿပီလို႔ ေဖာ္ျပခဲ့ၾကပါတယ္။ဘာစီလိုနာ တာဝန္ရွိသူေတြအေနနဲ႔ မန္စီး တီးတာဝန္ရွိသူေတြထံကို ျဖစ္ႏိုင္တဲ့ေျပာင္းေရႊ႕ေၾကးတစ္ခုနဲ႔ တရားဝင္ကမ္းလွမ္းသြားမွာ ျဖစ္တယ္လို႔လည္း သတင္းေတြ က ေဖာ္ျပေနၾကတာ ျဖစ္ပါတယ္။
အသက္ ၂၃ ႏွစ္သာရွိေသးတဲ့ ဂ်ီးဆပ္စ္အေနနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြဟာ ၿပီးခဲ့တဲ့ရာသီကလည္း ထြက္ေပၚခဲ့ ဖူးၿပီး သူကိုေခၚယူဖို႔အတြက္ ဂ်ဴဗင္တပ္နဲ႔ အင္တာမီလန္တို႔က ဆက္သြယ္ခဲ့တာပဲ ျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ မက္ဆီ ကိုေခၚယူဖို႔ လုပ္ေဆာင္ေနတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ဂ်ီးဆပ္စ္ကို အေျပာင္းအေရႊ႕ အစိတ္အပိုင္းအျဖစ္ အသံုးျပဳဖို႔ ရွိေနတယ္လို႔လည္း ခန္႔မွန္းမႈေတြ ထြက္ေပးေနပါတယ္။