မက်ဆီ၊ဆွာရက်ဇ်တို့ မရှိတော့မယ့် ဘာစီလိုနာကို ရော်နယ်ကိုးမန်းအနေနဲ့ အချိန်ယူပြီး တည်ဆောက်ရမယ်လို့ ရီဗယ်ဒို ပြောဆို

ဘာစီလိုနာကစားသမားဟောင်း ရီဗယ်ဒိုက နည်းပြသစ်ဖြစ်လာတဲ့ ရော်နယ်ကိုးမန်းအနေနဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့မပါတဲ့ ဘာစီလိုနာကို ပြန်လည်တည်ဆောက်ဖို့အတွက် အချိန်တစ်ခုကြာအောင် လုပ်ဆောင်ရမယ်လို့ ပြောခဲ့ ပါတယ်။ ဘာစီလိုနာ နည်းပြသစ်အဖြစ် ရော်နယ်ကိုးမန်းဖြစ်လာပြီးနောက်မှာ မက်ဆီ၊ဆွာရက်ဇ်တို့လို အဓိက,ကစားသမားတွေအနေနဲ့ အသင်း ပြောင်းဖို့ သေချာသလောက်ရှိနေတဲ့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာဟာ နောက်ဆုံး ၁၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ဖလားလက်မဲ့ရာသီဖြစ်ခဲ့တာကြောင့် အ သင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ရီဗယ်ဒိုက ဘာစီလိုနာအနေနဲ့ ရော်နယ်ကိုးမန်းရဲ့ ခေတ်တစ်ခုကို ပြုလုပ်ဖို့ရှိနေတယ်ဆိုပေမယ့် မက်ဆီ၊ဆွာရက်ဇ်တို့ မရှိတော့တာကြောင့် အားနည်းမှုတွေ ရှိနိုင်တယ်လို့ လည်း ပြောခဲ့ပါတယ်။


Betfair ကနေတဆင့် ရီဗယ်ဒိုက “ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့လူစာရင်းကို ပြန်ပြီးတည်ဆောက်ရဦးမှာပါ။ နည်းပြသစ်တစ်ယောက်အနေနဲ့ ကစားသမားကောင်းတွေကို ဆုံးရှုံးရဖို့ ရှိနေတာကြောင့် အသင်းကို မှန်ကန်တဲ့ လမ်း ကြောင်းပေါ်ရောက်အောင် အချိန်ယူရဦးမှာပါ။ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာရဲ့ စံပြကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့ သွင်းဂိုးနဲ့ အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ဖူးပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ရီဗယ်ဒိုက “ ကိုးမန်းဟာ ဘာစီလိုနာမှာ အောင်မြင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ အတွေ့အကြုံများတဲ့နည်းပြတစ်ယောက်အဖြစ် အသင်းကိုပြန်ရောက်ရှိလာတာပါ။သူအနေနဲ့ အသင်းရဲ့ အောင်မြင်မှုတွေ ကို ပြန်ပြီး ရှာဖွေနိုင်မှာပါ” လို့ပြောခဲ့ပါတယ်။ ရော်နယ်ကိုးမန်းဟာ နည်းပြဟောင်း ဆက်တီယန်ရဲ့နေရာမှာ အစားထိုးဖို့ ဘာစီလိုနာကို ၂နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

zawgyi version

မက္ဆီ၊ဆြာရက္ဇ္တို႔ မရွိေတာ့မယ့္ ဘာစီလိုနာကို ေရာ္နယ္ကိုးမန္းအေနနဲ႔ အခ်ိန္ယူၿပီး တည္ေဆာက္ရမယ္လို႔ ရီဗယ္ဒို ေျပာဆို
ဘာစီလိုနာကစားသမားေဟာင္း ရီဗယ္ဒိုက နည္းျပသစ္ျဖစ္လာတဲ့ ေရာ္နယ္ကိုးမန္းအေနနဲ႔ မက္ဆီ၊ ဆြာရက္ဇ္တို႔မပါတဲ့ ဘာစီလိုနာကို ျပန္လည္တည္ေဆာက္ဖို႔အတြက္ အခ်ိန္တစ္ခုၾကာေအာင္ လုပ္ေဆာင္ရမယ္လို႔ ေျပာခဲ့ပါတယ္။ ဘာစီလိုနာ နည္းျပသစ္အျဖစ္ ေရာ္နယ္ကိုးမန္းျဖစ္လာၿပီးေနာက္မွာ မက္ဆီ၊ဆြာရက္ဇ္တို႔လို အဓိက,ကစားသမားေတြအေနနဲ႔ အသင္း ေျပာင္းဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာဟာ ေနာက္ဆံုး ၁၂ ႏွစ္အတြင္းမွာ ပထမဆံုးအႀကိမ္ဖလားလက္မဲ့ရာသီျဖစ္ခဲ့တာေၾကာင့္ အ သင္းကို ေျပာင္းလဲမႈေတြျပဳလုပ္သြားဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။ ရီဗယ္ဒိုက ဘာစီလိုနာအေနနဲ႔ ေရာ္နယ္ကိုးမန္းရဲ႕ ေခတ္တစ္ခုကို ျပဳလုပ္ဖို႔ရွိေနတယ္ဆိုေပမယ့္ မက္ဆီ၊ဆြာရက္ဇ္တို႔ မရွိေတာ့တာေၾကာင့္ အားနည္းမႈေတြ ရွိႏိုင္တယ္လို႔ လည္း ေျပာခဲ့ပါတယ္။
Betfair ကေနတဆင့္ ရီဗယ္ဒိုက “ ေရာ္နယ္ကိုးမန္းဟာ ဘာစီလိုနာအသင္းရဲ႕လူစာရင္းကို ျပန္ၿပီးတည္ေဆာက္ရဦးမွာပါ။ နည္းျပသစ္တစ္ေယာက္အေနနဲ႔ ကစားသမားေကာင္းေတြကို ဆံုးရႈံးရဖို႔ ရွိေနတာေၾကာင့္ အသင္းကို မွန္ကန္တဲ့ လမ္း ေၾကာင္းေပၚေရာက္ေအာင္ အခ်ိန္ယူရဦးမွာပါ။ ေရာ္နယ္ကိုးမန္းဟာ ဘာစီလိုနာရဲ႕ စံျပကစားသမားတစ္ဦးျဖစ္ၿပီး သူရဲ႕ သြင္းဂိုးနဲ႔ အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို ပထမဆံုးအႀကိမ္ ရရွိခဲ့ဖူးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ရီဗယ္ဒိုက “ ကိုးမန္းဟာ ဘာစီလိုနာမွာ ေအာင္ျမင္ခဲ့တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ အေတြ႕အၾကံဳမ်ားတဲ့နည္းျပတစ္ေယာက္အျဖစ္ အသင္းကိုျပန္ေရာက္ရွိလာတာပါ။သူအေနနဲ႔ အသင္းရဲ႕ ေအာင္ျမင္မႈေတြ ကို ျပန္ၿပီး ရွာေဖြႏိုင္မွာပါ” လို႔ေျပာခဲ့ပါတယ္။ ေရာ္နယ္ကိုးမန္းဟာ နည္းျပေဟာင္း ဆက္တီယန္ရဲ႕ေနရာမွာ အစားထိုးဖို႔ ဘာစီလိုနာကို ၂ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့တာလည္း ျဖစ္ပါတယ္။