ဘာစီလိုနာ ကွင်းလယ်လူ ရာဖင်ဟာ ကို အာဆင်နယ် နဲ့ အဲဗာတန်အသင်းက စိတ်ဝင်စား
ဘာစီလိုနာ ကွင်းလယ်ကစားသမား ရာဖင်ဟာ ကို ပရီးမီးယားလိဂ် ကလပ် (၂) သင်းဖြစ်တဲ့ အာဆင်နယ် နဲ့ အဲဗာတန်အသင်း တို့က စိတ်ဝင်စားနေတယ်လို့ သတင်းအရ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြရန် ရုန်းကန်နေရလို့ ကာတာလန်ဘီလူးအသင်းကနေ (၃) ကြိမ်တောင် အငှားထွက်ကစားရနေတာဖြစ်ပါတယ်။ ပြီးခဲ့တ ရာသီကလည်း ဲ့ ရာဖင်ဟာ ဟာ ဆဲလ်တာဗီဂို အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။
ဘရာဇီးလက်ရွေးစင်အသင်းအတွက် (၂) ပွဲကစားခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားဟာ နောက်နှစ်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ စပိန်သတင်းစာများအရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာပဲ ရောင်းချချင်တယ်လို့ သိရပါတယ်။
ရာဖင်ဟာကိုယ်တိုင်ကလည်း သူ့အကိုဖြစ်တဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို သွားကစားနိုင်တဲ့ ပရီးမီးယားလိဂ်ကို ပြောင်းချင်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း ဘာစီလိုနာအကယ်ဒမီ ထွက်ကစားသမားကို အဲဗာတန်အသင်းနဲ့ အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကလည်း ရာဖင်ဟာကို လက်မှတ်ထိုးခေါ်ယူရန် စုံစမ်းခဲ့သော်လည်း ဒေးဗစ်မိုယက်စ်ကတော့ လူငယ်ကစားသမားတွေကိုပဲ ပိုပြီး ဦးစားပေးခေါ်ချင်နေတာဖြစ်ပါတယ်။