မက်ဆီရဲ့ လစာက နေမာ နဲ့ အမ်ဘာပေ တို့ (၂) ယောက်ပေါင်း လစာထက် များနေတဲ့အတွက် ပီအက်စ်ဂျီက ခေါ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်

မက်ဆီရဲ့ များပြားလှတဲ့ လစာကြောင့် ဒီနွေရာသီမှာ ပီအက်စ်ဂျီအသင်းက ခေါ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြင်သစ်က သတင်းများအရ သိရပါတယ်။ အင်္ဂါနေ့ညက ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ ကာတာလန်ကလပ်အသင်းထံ အသင်းက ပြောင်းရွှေ့ရန် တောင်းဆိုလိုက်တာကြောင့် ကမ္ဘာ့ဘောလုံးလောက တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေပါတယ်။

သူ့ရဲ့ စာချုပ်ကြောင့် မက်ဆီဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ရရန် တောင်းဆိုထားတာဖြစ်ပါတယ်။သို့သော်လည်း ဘာစီလိုနာအသင်းကတော့ စာချုပ်သက်တမ်းက ဇွန်လမှာ ကုန်ဆုံးမှာဖြစ်လို့ သူ့ကို ခေါ်မယ့်အသင်းဟာ ပေါင်သန်း ၆၃၀ ပေးရမှာပါ။

အရမ်းကိုချမ်းသာတဲ့ ကာတာသူဌေးပိုင်တဲ့ ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနား ကြယ်ပွင့်ကို ခေါ်ယူနိုင်တယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ပြင်သစ်က သတင်းများအရ ဘာစီလိုနာ ကြယ်ပွင့်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမယ်ဆိုရင်တောင် မက်ဆီရဲ့ တစ်နှစ်ပေါင် ၆၄ သန်း လစာကို လီဂူး ၁ ချန်ပီယံက ပေးနိုင်စွမ်းမရှိဘူးလို့ သိရပါတယ်။

သောမတ်စ်တူချယ်ရဲ့အသင်းမှာ နေမာ နဲ့ အမ်ဘာပေတို့ (၂) ယောက်ပေါင်း လစာတောင် မက်ဆီထက် ပိုနည်းတာဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းကို ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ရောက်ရှိလာသူပါ။ သူဟာ ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်ကို ပေါင် ၃၃ သန်း ရရှိနေတာဖြစ်ပြီး အမ်ဘာပေကတော့ တစ်နှစ် ပေါင် ၁၉ သန်း ရရှိတာဖြစ်ပါတယ်။

မက္ဆီရဲ႕ လစာက ေနမာ နဲ႔ အမ္ဘာေပ တို႔ (၂) ေယာက္ေပါင္း လစာထက္ မ်ားေနတဲ့အတြက္ ပီအက္စ္ဂ်ီက ေခၚမယ္ဆိုတာ လံုး၀မျဖစ္ႏိုင္

မက္ဆီရဲ႕ မ်ားျပားလွတဲ့ လစာေၾကာင့္ ဒီေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းက ေခၚမယ္ဆိုတာ လံုး၀မျဖစ္ႏိုင္ဘူးလို႔ ျပင္သစ္က သတင္းမ်ားအရ သိရပါတယ္။ အဂၤါေန႔ညက ဘာစီလိုနာအသင္းေခါင္းေဆာင္ဟာ ကာတာလန္ကလပ္အသင္းထံ အသင္းက ေျပာင္းေရႊ႕ရန္ ေတာင္းဆိုလိုက္တာေၾကာင့္ ကမာၻ႕ေဘာလံုးေလာက တစ္ခုလံုး အုတ္ေအာ္ေသာင္းနင္းျဖစ္ေနပါတယ္။

သူ႔ရဲ႕ စာခ်ဳပ္ေၾကာင့္ မက္ဆီဟာ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာလို႔ရရန္ ေတာင္းဆိုထားတာျဖစ္ပါတယ္။သို႔ေသာ္လည္း ဘာစီလိုနာအသင္းကေတာ့ စာခ်ဳပ္သက္တမ္းက ဇြန္လမွာ ကုန္ဆံုးမွာျဖစ္လို႔ သူ႔ကို ေခၚမယ့္အသင္းဟာ ေပါင္သန္း ၆၃၀ ေပးရမွာပါ။

အရမ္းကိုခ်မ္းသာတဲ့ ကာတာသူေဌးပိုင္တဲ့ ပီအက္စ္ဂ်ီအသင္းဟာ အာဂ်င္တီးနား ၾကယ္ပြင့္ကို ေခၚယူႏိုင္တယ္လို႔ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ျပင္သစ္က သတင္းမ်ားအရ ဘာစီလိုနာ ၾကယ္ပြင့္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူမယ္ဆိုရင္ေတာင္ မက္ဆီရဲ႕ တစ္ႏွစ္ေပါင္ ၆၄ သန္း လစာကို လီဂူး ၁ ခ်န္ပီယံက ေပးႏိုင္စြမ္းမရွိဘူးလို႔ သိရပါတယ္။

ေသာမတ္စ္တူခ်ယ္ရဲ႕အသင္းမွာ ေနမာ နဲ႔ အမ္ဘာေပတို႔ (၂) ေယာက္ေပါင္း လစာေတာင္ မက္ဆီထက္ ပိုနည္းတာျဖစ္ပါတယ္။ ေနမာဟာ ပီအက္စ္ဂ်ီအသင္းကို ၂၀၁၇ ခုႏွစ္က ဘာစီလိုနာအသင္းကေန ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၉၈ သန္းနဲ႔ ေရာက္ရွိလာသူပါ။ သူဟာ ပီအက္စ္ဂ်ီအသင္းမွာ တစ္ႏွစ္ကို ေပါင္ ၃၃ သန္း ရရွိေနတာျဖစ္ျပီး အမ္ဘာေပကေတာ့ တစ္ႏွစ္ ေပါင္ ၁၉ သန္း ရရွိတာျဖစ္ပါတယ္။