ဘာစီလိုနာကနေ မက်ဆီနဲ့ ဘာတိုမီယူ တို့နှစ်ယောက်ထဲက ဘယ်သူထွက်သွားရမှာလဲ

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီအနေနဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့က အသင်းကနေ ထွက်ဖို့တောင်းဆိုလိုက်တာကြောင့် ပရိသတ်တွေ အနေနဲ့ ဘာစီလိုနာရဲ့နူးကမ်းကွင်းကို လာရောက်ပြီး သူတို့ရဲ့မကျေနပ်တဲ့အကြောင်းတွေကို ဖွင့်ဟခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲရှုံးနိမ့်ပြီးမှာတော့ နည်းပြဟောင်း ဆက်တီယန်ရဲ့နေရာမှာ ရော်နယ်ကိုးမန်းနဲ့ အစားထိုးခဲ့သလို အားကစားဒါရိုက်တာဖြစ်တဲ့ အဘီဒယ်လ်ကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။


ဘာစီလိုနာဥက္ကဌ ဘာတိုမီယူအနေနဲ့ မတ်လအတွင်းတုန်းက နည်းပြဟောင်း ဆက်တီယန်ကို အသင်းမှာဆက်ရှိမယ်လို့ အာမခံချက်ပေးထားပေမယ့် ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန် တော့တဲ့ မက်ဆီအနေနဲ့ စာချုပ်သစ်အတွက် အဆင်မပြေဖြစ်ခဲ့သလို အသင်းကနေထွက်ဖို့တောင်းဆိုခဲ့ပေမယ့် ဘာစီလိုနာ တာဝန်ရှိသူတွေကတော့ သူကိုအသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့အင်္ဂါနေ့က မက်ဆီအနေနဲ့ အသင်းကနေထွက်တော့မယ်ဆိုပြီး ပြောကြားလိုက်အပြီးမှာတော့ ဘာစီလိုနာပရိသတ် တွေအနေနဲ့ နူးကမ်းကွင်းကိုရောက်လာကြပြီး “ မက်ဆီ ဆက်နေပါ၊ ဘာတိုမီယူ ထွက်သွားပါ” လို့ အော်ဟစ်ခဲ့ကြတယ်လို့ သိရပါတယ်။ မက်ဆီရဲ့ တောင်းဆိုမှုကို အသင်းဖော်ဖြစ်တဲ့ ဆွာရက်ဇ်နဲ့ အသင်းခေါင်းဆောင်ဟောင်း ပူယိုးလ်တို့က တွစ် တာကနေ ထောက်ခံမှုတွေပြုလုပ်ခဲ့ကြပါတယ်။


ဘာစီလိုနာဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ လာပေါ်တာက အသင်းအနေနဲ့ မက်ဆီကို ဆက်ထိန်းထားသင့်ပြီး ဘာတိုမီယူက ဥက္ကဌရာထူးကနေ နုတ်ထွက်သင့်ကြောင်းပြောခဲ့ပါတယ်။ လာပေါ်တီက “ ဘာတိုမီယူအပါအဝင် ဘုတ်အဖွဲ့ဝင်အားလုံး ချက်ချင်း နုတ်ထွက်သင့်ပါတယ်။သူတို့ နုတ်ထွက်သွားမယ်ဆိုရင်တော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်နေဖို့အတွက် မျှော်လင့်နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာကေန မက္ဆီနဲ႔ ဘာတိုမီယူ တို႔ႏွစ္ေယာက္ထဲက ဘယ္သူထြက္သြားရမွာလဲ
ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီအေနနဲ႔ ၿပီးခဲ့တဲ့အဂၤါေန႔က အသင္းကေန ထြက္ဖို႔ေတာင္းဆိုလိုက္တာေၾကာင့္ ပရိသတ္ေတြ အေနနဲ႔ ဘာစီလိုနာရဲ႕ႏူးကမ္းကြင္းကို လာေရာက္ၿပီး သူတို႔ရဲ႕မေက်နပ္တဲ့အေၾကာင္းေတြကို ဖြင့္ဟခဲ့တယ္လို႔ သိရပါတယ္။ ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္ကို အရွက္တကြဲရႈံးနိမ့္ၿပီးမွာေတာ့ နည္းျပေဟာင္း ဆက္တီယန္ရဲ႕ေနရာမွာ ေရာ္နယ္ကိုးမန္းနဲ႔ အစားထိုးခဲ့သလို အားကစားဒါ႐ိုက္တာျဖစ္တဲ့ အဘီဒယ္လ္ကိုလည္း ထုတ္ပယ္ခဲ့ပါတယ္။
ဘာစီလိုနာဥကၠဌ ဘာတိုမီယူအေနနဲ႔ မတ္လအတြင္းတုန္းက နည္းျပေဟာင္း ဆက္တီယန္ကို အသင္းမွာဆက္ရွိမယ္လို႔ အာမခံခ်က္ေပးထားေပမယ့္ ထုတ္ပယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ပဲ က်န္ ေတာ့တဲ့ မက္ဆီအေနနဲ႔ စာခ်ဳပ္သစ္အတြက္ အဆင္မေျပျဖစ္ခဲ့သလို အသင္းကေနထြက္ဖို႔ေတာင္းဆိုခဲ့ေပမယ့္ ဘာစီလိုနာ တာဝန္ရွိသူေတြကေတာ့ သူကိုအသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့အဂၤါေန႔က မက္ဆီအေနနဲ႔ အသင္းကေနထြက္ေတာ့မယ္ဆိုၿပီး ေျပာၾကားလိုက္အၿပီးမွာေတာ့ ဘာစီလိုနာပရိသတ္ ေတြအေနနဲ႔ ႏူးကမ္းကြင္းကိုေရာက္လာၾကၿပီး “ မက္ဆီ ဆက္ေနပါ၊ ဘာတိုမီယူ ထြက္သြားပါ” လို႔ ေအာ္ဟစ္ခဲ့ၾကတယ္လို႔ သိရပါတယ္။ မက္ဆီရဲ႕ ေတာင္းဆိုမႈကို အသင္းေဖာ္ျဖစ္တဲ့ ဆြာရက္ဇ္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ပူယိုးလ္တို႔က တြစ္ တာကေန ေထာက္ခံမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။
ဘာစီလိုနာဥကၠဌေဟာင္းတစ္ဦးျဖစ္တဲ့ လာေပၚတာက အသင္းအေနနဲ႔ မက္ဆီကို ဆက္ထိန္းထားသင့္ၿပီး ဘာတိုမီယူက ဥကၠဌရာထူးကေန ႏုတ္ထြက္သင့္ေၾကာင္းေျပာခဲ့ပါတယ္။ လာေပၚတီက “ ဘာတိုမီယူအပါအဝင္ ဘုတ္အဖြဲ႕ဝင္အားလံုး ခ်က္ခ်င္း ႏုတ္ထြက္သင့္ပါတယ္။သူတို႔ ႏုတ္ထြက္သြားမယ္ဆိုရင္ေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ဆက္ေနဖို႔အတြက္ ေမွ်ာ္လင့္ႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။