လူကာဂျိုဗစ် နဲ့ မာရီယာနိုကို ရောင်းချပြီး ကာဗာနီကို ခေါ်ယူရန် စဉ်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် ကာဗာနီကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းကနေ ထွက်ခွာခဲ့ပြီး ဘင်ဖီကာကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပေမယ့် လစာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း အသက် (၃၃) နှစ်အရွယ်ကစားသမားကို အသင်းက လူကာဂျိုဗစ် နဲ့ မာရီယာနို တို့ကို ရောင်းချပြီးမှ ခေါ်ယူရန် စဉ်းစားထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်စစ်မှူး (၂) ယောက်စလုံးဟာ နည်းပြဇီဒန်းရဲ့ လက်အောက်မှာ ခြေစွမ်းမပြနိုင်လို့ ကာဗာနီကို ခေါ်ယူရန် ရောင်းချချင်နေတာဖြစ်ပါတယ်။ ကာဗာနီဟာ ဇန်နဝါရီလတုန်းက ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက တောင်းတဲ့ ပေါင် ၂၇ သန်းကို မပေးချင်လို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပါတယ်။

မာကာသတင်းဌာနက အဆိုအရ ကာဗာနီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်နေတာဖြစ်ပါတယ်။ ကာဗာနီဟာ လီဂူး ၁ ချန်ပီယံပီအက်စ်ဂျီအသင်းအတွက် (၃၀၁) ပွဲကစားပြီး ဂိုး (၂၀၀) သွင်းထား၍ နာပိုလီအသင်းအတွက်လည်း (၁၃၈) ပွဲကစားပြီး (၁၀၄) ဂိုးသွင်းထားပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ လိဒ်ယူနိုက်တက်အသင်းကလည်း ကာဗာနီကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ပါသေးတယ်။

လူကာဂ်ိဳဗစ္ နဲ႔ မာရီယာႏိုကို ေရာင္းခ်ျပီး ကာဗာနီကို ေခၚယူရန္ စဥ္းစားေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရႏိုင္မယ့္ ကာဗာနီကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဥရုေဂြးတုိက္စစ္မွဴးဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးျပီးေနာက္ အသင္းကေန ထြက္ခြာခဲ့ျပီး ဘင္ဖီကာကို ေျပာင္းေရႊ႕ရန္ နီးစပ္ခဲ့ေပမယ့္ လစာေၾကာင့္ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့ပါဘူး။ ရီးရဲလ္မက္ဒရစ္အသင္းကလည္း အသက္ (၃၃) ႏွစ္အရြယ္ကစားသမားကို အသင္းက လူကာဂ်ိဳဗစ္ နဲ႔ မာရီယာႏို တုိ႔ကို ေရာင္းခ်ျပီးမွ ေခၚယူရန္ စဥ္းစားထားတယ္လို႔ သိရပါတယ္။

အဆိုပါတိုက္စစ္မွဴး (၂) ေယာက္စလံုးဟာ နည္းျပဇီဒန္းရဲ႕ လက္ေအာက္မွာ ေျခစြမ္းမျပႏိုင္လို႔ ကာဗာနီကို ေခၚယူရန္ ေရာင္းခ်ခ်င္ေနတာျဖစ္ပါတယ္။ ကာဗာနီဟာ ဇန္န၀ါရီလတုန္းက ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းက ေတာင္းတဲ့ ေပါင္ ၂၇ သန္းကို မေပးခ်င္လို႔ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့ရပါတယ္။

မာကာသတင္းဌာနက အဆိုအရ ကာဗာနီဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းခ်င္ေနတာျဖစ္ပါတယ္။ ကာဗာနီဟာ လီဂူး ၁ ခ်န္ပီယံပီအက္စ္ဂ်ီအသင္းအတြက္ (၃၀၁) ပြဲကစားျပီး ဂိုး (၂၀၀) သြင္းထား၍ နာပိုလီအသင္းအတြက္လည္း (၁၃၈) ပြဲကစားျပီး (၁၀၄) ဂိုးသြင္းထားပါတယ္။ ျပီးခဲ့တဲ့လတုန္းကလည္း ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ လိဒ္ယူႏိုက္တက္အသင္းကလည္း ကာဗာနီကို ေခၚယူရန္ စိတ္၀င္စားခဲ့ပါေသးတယ္။