ရော်နယ်ကိုးမန်းနဲ့ ဖုန်းပြောပြီး မပျော်ရွှင်နေတဲ့ ဆွာရက်ဇ်ကြောင့် ပီအက်စ်ဂျီမှာ MSN တိုက်စစ်အတွဲ အသစ်ဖြစ်လာတော့ မယ်လို့ ဖော်ပြနေကြ

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်အနေနဲ့ နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ ဖုန်းပြောပြီးနောက် မပျော် ရွှင်တဲ့အနေအထားဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့မယ့်သတင်းတွေ ထွက်လာပြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဆွာရက်ဇ်ရဲ့နေရာအတွက် ဘာစီလိုနာတာဝန်ရှိသူတွေ အနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၂၁ ဂိုးသွင်းယူပေးခဲ့တဲ့ ဆွာရက်ဇ်ဟာ စာချုပ်သက်တမ်းတစ်နှစ် ကျန်နေသေးပေမယ့် နည်းပြအပြောင်းအလဲမှာ အသင်းပြောင်းဖို့အတွက် သတင်းတွေထွက်နေသူလည်းဖြစ်ပါတယ်။ ဘာစီ လိုနာမှာ ၆ နှစ်တာကစားခဲ့ချိန်အတွင်း ဆွာရက်ဇ်ဟာ သွင်းဂိုး ၁၉၈ ဂိုးနဲ့ မက်ဆီ(၆၃၄ဂိုး)၊ ဆီဇာ(၂၃၂ဂိုး) အပြီး အသင်း သမိုင်းတစ်လျှောက် တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။


ဆွာရက်ဇ်နဲ့ မက်ဆီတို့ဟာ ရင်းနှီးတဲ့မိတ်ဆွေဖြစ်ပြီး နွေရာသီအားလပ်ရက်အဖြစ် အတူအပန်းဖြေနေတာ ဖြစ်တယ်လို့ သိ ရပါတယ်။ ဘာစီလိုနာအနေနဲ့ မက်ဆီကို အသင်းမှာ ဆက်ထိန်းထားဖို့ အလိုရှိနေပေမယ့် ဆွာရက်ဇ်ကိုတော့ အသင်း ပြောင်းရွှေ့ဖို့ အလိုရှိနေတယ်ဆိုပြီး စပိန်မီဒီယာတွေကတော့ ဖော်ပြနေကြပါတယ်။ ဆွာရက်ဇ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီက စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။


ဆွာရက်ဇ်အနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာမှာ နာမည်ကြီးခဲ့တဲ့ MSN(မက်ဆီ၊ဆွာရက်ဇ်၊ နေမာ) တိုက်စစ်မျိုး ဖြစ်လာမယ်လို့ ဖော်ပြနေကြပြီး ဒီတစ်ချိန် MSN တိုက်စစ်မှာတော့ အမ်ဘတ်ပီ၊ ဆွာရက်ဇ်၊နေမာ တို့ ဖြစ်တယ်ဆိုပြီး ပြင်သစ်သတင်းစာတွေက ဖော်ပြနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ မက်ဆီကိုလည်း ခေါ်ယူဖို့ စိတ်ဝင် စားနေပေမယ့် စာချုပ်ပါလျော်ကြေးကြောင့် ခေါ်ယူနိုင်မယ့်အခွင့်အရေးနည်းနေတယ်လို့ သိရပါတယ်။

zawgyi version

ေရာ္နယ္ကိုးမန္းနဲ႔ ဖုန္းေျပာၿပီး မေပ်ာ္ရႊင္ေနတဲ့ ဆြာရက္ဇ္ေၾကာင့္ ပီအက္စ္ဂ်ီမွာ MSN တိုက္စစ္အတြဲ အသစ္ျဖစ္လာေတာ့ မယ္လို႔ ေဖာ္ျပေနၾက
ၿပီးခဲ့တဲ့ တနလၤာေန႔က ဘာစီလိုနာတိုက္စစ္မွဴး ဆြာရက္ဇ္အေနနဲ႔ နည္းျပသစ္ေရာ္နယ္ကိုးမန္းနဲ႔ ဖုန္းေျပာၿပီးေနာက္ မေပ်ာ္ ရႊင္တဲ့အေနအထားျဖစ္ေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြ ထြက္လာၿပီး ပီအက္စ္ဂ်ီအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဆြာရက္ဇ္ရဲ႕ေနရာအတြက္ ဘာစီလိုနာတာဝန္ရွိသူေတြ အေနနဲ႔ ကစားသမားသစ္ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစံု ၃၆ ပြဲမွာ ၂၁ ဂိုးသြင္းယူေပးခဲ့တဲ့ ဆြာရက္ဇ္ဟာ စာခ်ဳပ္သက္တမ္းတစ္ႏွစ္ က်န္ေနေသးေပမယ့္ နည္းျပအေျပာင္းအလဲမွာ အသင္းေျပာင္းဖို႔အတြက္ သတင္းေတြထြက္ေနသူလည္းျဖစ္ပါတယ္။ ဘာစီ လိုနာမွာ ၆ ႏွစ္တာကစားခဲ့ခ်ိန္အတြင္း ဆြာရက္ဇ္ဟာ သြင္းဂိုး ၁၉၈ ဂိုးနဲ႔ မက္ဆီ(၆၃၄ဂိုး)၊ ဆီဇာ(၂၃၂ဂိုး) အၿပီး အသင္း သမိုင္းတစ္ေလွ်ာက္ တတိယေျမာက္ ဂိုးသြင္းအမ်ားဆံုးကစားသမားလည္း ျဖစ္ပါတယ္။
ဆြာရက္ဇ္နဲ႔ မက္ဆီတို႔ဟာ ရင္းႏွီးတဲ့မိတ္ေဆြျဖစ္ၿပီး ေႏြရာသီအားလပ္ရက္အျဖစ္ အတူအပန္းေျဖေနတာ ျဖစ္တယ္လို႔ သိ ရပါတယ္။ ဘာစီလိုနာအေနနဲ႔ မက္ဆီကို အသင္းမွာ ဆက္ထိန္းထားဖို႔ အလိုရွိေနေပမယ့္ ဆြာရက္ဇ္ကိုေတာ့ အသင္း ေျပာင္းေရႊ႕ဖို႔ အလိုရွိေနတယ္ဆိုၿပီး စပိန္မီဒီယာေတြကေတာ့ ေဖာ္ျပေနၾကပါတယ္။ ဆြာရက္ဇ္ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီက စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပေနၾကပါတယ္။
ဆြာရက္ဇ္အေနနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဘာစီလိုနာမွာ နာမည္ႀကီးခဲ့တဲ့ MSN(မက္ဆီ၊ဆြာရက္ဇ္၊ ေနမာ) တိုက္စစ္မ်ိဳး ျဖစ္လာမယ္လို႔ ေဖာ္ျပေနၾကၿပီး ဒီတစ္ခ်ိန္ MSN တိုက္စစ္မွာေတာ့ အမ္ဘတ္ပီ၊ ဆြာရက္ဇ္၊ေနမာ တို႔ ျဖစ္တယ္ဆိုၿပီး ျပင္သစ္သတင္းစာေတြက ေဖာ္ျပေနတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအေနနဲ႔ မက္ဆီကိုလည္း ေခၚယူဖို႔ စိတ္ဝင္ စားေနေပမယ့္ စာခ်ဳပ္ပါေလ်ာ္ေၾကးေၾကာင့္ ေခၚယူႏိုင္မယ့္အခြင့္အေရးနည္းေနတယ္လို႔ သိရပါတယ္။