မက်ဆီရဲ့ စာချုပ်ပါလျော်ကြေးကို ဒီအချိန်မှာ ဘယ်အသင်းမှ ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ လူးဝစ် ဖီဂို

ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူးဝစ်ဖီဂိုက အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေပေမယ့် မက်ဆီရဲ့ စာချုပ်ပါလျော်ကြေးကို ပေးပြီးခေါ်ယူနိုင်မယ့်အသင်းအနေနဲ့ ဒီအချိန်မှာ ရှိနိုင်မယ်မထင်ကြောင်း ပြောခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ဘာစီလိုနာကနေ ရီးရဲလ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားတဲ့ ဖီဂိုက မက်ဆီရဲ့စာချုပ်ပါလျော် ကြေး ယူရိုသန်း ၇၀၀ ကြောင့် ဒီအချိန်မှာ ရီးရဲလ်အနေနဲ့ မက်ဆီကို ခေါ်ယူနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။


ဘာစီလိုနာအနေနဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ လာလီဂါချန်ပီယံဆုကို မကာကွယ်နိုင်ဘဲ ရီးရဲလ်ထံ လွှဲပေးခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်။ဒီလိုအခြေအနေတွေကြောင့် ဘာစီလိုနာကနေ မက်ဆီထွက်တော့မယ်လို့ သတင်းတွေ ထွက်လာပြီး မက်ဆီကိုယ်တိုင်က ဘာစီလိုနာကနေထွက်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။


မက်ဆီကို ခေါ်ယူဖို့လုပ်ဆောင်နေတဲ့ အသင်းတွေထဲမှာ ပီအက်စ်ဂျီ၊အင်တာမီလန်နဲ့ မန်စီးတီးတို့ ပါဝင်နေပေမယ့် ဘာစီ လိုနာက စာချုပ်သက်တမ်းတစ်နှစ်ကျန်နေသေးတဲ့ မက်ဆီကို စာချုပ်ပါလျော်ကြေးအတိုင်းရမှ လက်လွှတ်ခံမှာဖြစ်တာ ကြောင့် ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အခက်တွေ့နေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြသစ် ဖြစ်လာတဲ့ ရော်နယ် ကိုးမန်းကတော့ မက်ဆီကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ပြောခဲ့ပါတယ်။


လူးဝစ်ဖီဂိုက “ ဒီနှစ်မှာ မက်ဆီရဲ့စာချုပ်ပါလျော်ကြေးကို ပေးနိုင်ဖို့ ဘယ်အသင်းမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တစ်ယောက် တည်းအမြင်ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဘာစီလိုနာကနေ ရီးရဲလ်ကို ကျွန်တော်ပြောင်းခဲ့သလိုမျိုး အံသြ ဖွယ်ဖြစ်လာဖို့ဆိုတာ ဒီနှစ်မှာ မဖြစ်နိုင်ပါဘူး” လို့ပြောခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ဘာစီလိုနာမှာ ခြေစွမ်းပြနေတဲ့ လူးဝစ်ဖီဂို ဟာ ရီးရဲလ်အသင်းကို ယူရို ၆၂ သန်းနဲ့ အံသြဖွယ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

zawgyi version

မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးကို ဒီအခ်ိန္မွာ ဘယ္အသင္းမွ ေပးႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ လူးဝစ္ ဖီဂို
ဘာစီလိုနာကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ လူးဝစ္ဖီဂိုက အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနေပမယ့္ မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကးကို ေပးၿပီးေခၚယူႏိုင္မယ့္အသင္းအေနနဲ႔ ဒီအခ်ိန္မွာ ရွိႏိုင္မယ္မထင္ေၾကာင္း ေျပာခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္တုန္းက ဘာစီလိုနာကေန ရီးရဲလ္ကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းသြားတဲ့ ဖီဂိုက မက္ဆီရဲ႕စာခ်ဳပ္ပါေလ်ာ္ ေၾကး ယူ႐ိုသန္း ၇၀၀ ေၾကာင့္ ဒီအခ်ိန္မွာ ရီးရဲလ္အေနနဲ႔ မက္ဆီကို ေခၚယူႏိုင္မွာ မဟုတ္ဘူးလို႔လည္း ေျပာခဲ့ပါတယ္။
ဘာစီလိုနာအေနနဲ႔ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ လာလီဂါခ်န္ပီယံဆုကို မကာကြယ္ႏိုင္ဘဲ ရီးရဲလ္ထံ လႊဲေပးခဲ့ရသလို ခ်န္ပီယံလိဂ္မွာလည္း ဘိုင္ယန္ျမဴးနစ္ကို ဂိုးျပတ္ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတာေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရၿပီး နည္းျပ အေျပာင္းအလဲ ျပဳလုပ္ခဲ့ရပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္ ဘာစီလိုနာကေန မက္ဆီထြက္ေတာ့မယ္လို႔ သတင္းေတြ ထြက္လာၿပီး မက္ဆီကိုယ္တိုင္က ဘာစီလိုနာကေနထြက္ဖို႔ ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
မက္ဆီကို ေခၚယူဖို႔လုပ္ေဆာင္ေနတဲ့ အသင္းေတြထဲမွာ ပီအက္စ္ဂ်ီ၊အင္တာမီလန္နဲ႔ မန္စီးတီးတို႔ ပါဝင္ေနေပမယ့္ ဘာစီ လိုနာက စာခ်ဳပ္သက္တမ္းတစ္ႏွစ္က်န္ေနေသးတဲ့ မက္ဆီကို စာခ်ဳပ္ပါေလ်ာ္ေၾကးအတိုင္းရမွ လက္လႊတ္ခံမွာျဖစ္တာ ေၾကာင့္ ေခၚယူလိုတဲ့အသင္းေတြအေနနဲ႔ အခက္ေတြ႕ေနတာပဲ ျဖစ္ပါတယ္။ ဘာစီလိုနာနည္းျပသစ္ ျဖစ္လာတဲ့ ေရာ္နယ္ ကိုးမန္းကေတာ့ မက္ဆီကို အသင္းမွာ ဆက္ရွိေနေစခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။
လူးဝစ္ဖီဂိုက “ ဒီႏွစ္မွာ မက္ဆီရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကးကို ေပးႏိုင္ဖို႔ ဘယ္အသင္းမွ မျဖစ္ႏိုင္ပါဘူး။ ကြ်န္ေတာ္တစ္ေယာက္ တည္းအျမင္ေျပာရရင္ေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၂၀ တုန္းက ဘာစီလိုနာကေန ရီးရဲလ္ကို ကြ်န္ေတာ္ေျပာင္းခဲ့သလိုမ်ိဳး အံၾသ ဖြယ္ျဖစ္လာဖို႔ဆိုတာ ဒီႏွစ္မွာ မျဖစ္ႏိုင္ပါဘူး” လို႔ေျပာခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္တုန္းက ဘာစီလိုနာမွာ ေျခစြမ္းျပေနတဲ့ လူးဝစ္ဖီဂို ဟာ ရီးရဲလ္အသင္းကို ယူ႐ို ၆၂ သန္းနဲ႔ အံၾသဖြယ္ ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ပါတယ္။