ဘာစီလိုနာက ခေါ်ယူထားတဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ပီဂျာနစ်မှာ ကိုဗစ်ပိုးတွေရှိတယ်လို့ သိရ

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင်မှာ ကွင်းလယ်လူအာသာနဲ့ အလဲအထပ်ပြုလုပ်ထားတာကြောင့် အသင်းကို ရောက်လာမယ့် ဂျူဗင်တပ်ကွင်းလယ်ကစားသမား ပီဂျာနစ်ကို ဆေးစစ်မှုပြုလုပ်ခဲ့ရတာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ တယ်လို့ ဘာစီလိုနာဘက် အတည်ပြုခဲ့ပါတယ်။ ဘော့စနီးယားကွင်းလယ်လူ ပီဂျာနစ်အနေနဲ့ ဂျူဗင်တပ်ကနေ စပိန်မြေကို လာဖို့ ဆေးစစ်ခဲ့ရမှာ အခုလို ရောဂါပိုးတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။


ချန်ပီယံလိဂ်ပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့ ကစားသမားနှစ်ယောက်အနေနဲ့ သက်ဆိုင်ရာအသင်းသစ်တွေဆီကို သွား ရောက်ဖို့ ပြင်ဆင်ခဲ့ကြတာဖြစ်ပေမယ့် ပီဂျာနစ်အနေနဲ့ ဘာစီလိုနာကို လာနိုင်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဘာစီလို နာ တာဝန်ရှိသူတွေက “ ၂၂ ရက်နေ့က ဆေးစစ်ခဲ့တော့ ပီဂျာနစ်မှာ ကိုဗစ်ပိုးရှိတယ်ဆိုပြီး သိခဲ့ရပါတယ်။ သူရဲ့ကျန်းမာ ရေးကောင်းတယ်ဆိုပေမယ့် အိမ်မှာပဲ သီးခြားနေရဦးမှာဖြစ်ပြီး နောက်ထပ် ၁၅ ရက်လောက်နေမှ ဘာစီလိုနာအသင်းကို လာရောက်ပူးပေါင်းနိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။


၂၀၁၆ ခုနှစ်က ရိုးမားကနေ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပွဲပေါင်း ၁၇၈ ပွဲအထိကစားပေးခဲ့တဲ့ ပီဂျာနစ်အနေနဲ့ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ၄ကြိမ်အထိရရှိခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်မှာတော့ ရှုံးထွက် ၁၆ သင်းအဆင့်မှာ လိုင်ယွန်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို ပီဂျာနစ်ရဲ့ အသင်းသစ်ဖြစ်တဲ့ ဘာစီလိုနာက လည်း ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။


ဂျူဗင်တပ်၊ ဘာစီလိုနာတို့ဟာ ဒီရာသီမှာရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြ အပြောင်းအလဲတွေပြုလုပ်ထားပြီး လာ မယ့်ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ နည်းပြဆက်တီယန်၊ ဘောလုံး အားကစားဒါရိုက်တာ အဘီဒဲလ်တို့ကို ထုတ်ပယ်ထားပြီး ကစားသမားဟောင်း ရော်နယ်ကိုးမန်းကို နည်းပြအဖြစ်ခန့်အပ် ထားပါတယ်။ ဘာစီလိုနာဥက္ကဌ ဘာတိုမီယူအနေနဲ့ လာမယ့်ရာသီအတွက် အသင်းကို ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ ရှိ တယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာက ေခၚယူထားတဲ့ ဂ်ဴဗင္တပ္ကြင္းလယ္လူ ပီဂ်ာနစ္မွာ ကိုဗစ္ပိုးေတြရွိတယ္လို႔ သိရ
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မတိုင္ခင္မွာ ကြင္းလယ္လူအာသာနဲ႔ အလဲအထပ္ျပဳလုပ္ထားတာေၾကာင့္ အသင္းကို ေရာက္လာမယ့္ ဂ်ဴဗင္တပ္ကြင္းလယ္ကစားသမား ပီဂ်ာနစ္ကို ေဆးစစ္မႈျပဳလုပ္ခဲ့ရတာမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိ တယ္လို႔ ဘာစီလိုနာဘက္ အတည္ျပဳခဲ့ပါတယ္။ ေဘာ့စနီးယားကြင္းလယ္လူ ပီဂ်ာနစ္အေနနဲ႔ ဂ်ဴဗင္တပ္ကေန စပိန္ေျမကို လာဖို႔ ေဆးစစ္ခဲ့ရမွာ အခုလို ေရာဂါပိုးေတြ႕ရွိခဲ့တာပဲ ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲၿပီးဆံုးသြားခ်ိန္မွာေတာ့ ကစားသမားႏွစ္ေယာက္အေနနဲ႔ သက္ဆိုင္ရာအသင္းသစ္ေတြဆီကို သြား ေရာက္ဖို႔ ျပင္ဆင္ခဲ့ၾကတာျဖစ္ေပမယ့္ ပီဂ်ာနစ္အေနနဲ႔ ဘာစီလိုနာကို လာႏိုင္ဦးမွာမဟုတ္ဘူးလို႔ သိရပါတယ္။ ဘာစီလို နာ တာဝန္ရွိသူေတြက “ ၂၂ ရက္ေန႔က ေဆးစစ္ခဲ့ေတာ့ ပီဂ်ာနစ္မွာ ကိုဗစ္ပိုးရွိတယ္ဆိုၿပီး သိခဲ့ရပါတယ္။ သူရဲ႕က်န္းမာ ေရးေကာင္းတယ္ဆိုေပမယ့္ အိမ္မွာပဲ သီးျခားေနရဦးမွာျဖစ္ၿပီး ေနာက္ထပ္ ၁၅ ရက္ေလာက္ေနမွ ဘာစီလိုနာအသင္းကို လာေရာက္ပူးေပါင္းႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
၂၀၁၆ ခုႏွစ္က ႐ိုးမားကေန ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ အသင္းအတြက္ ပြဲေပါင္း ၁၇၈ ပြဲအထိကစားေပးခဲ့တဲ့ ပီဂ်ာနစ္အေနနဲ႔ စီးရီးေအအမွတ္ေပးခ်န္ပီယံဆုကို ၄ႀကိမ္အထိရရွိခဲ့တာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ဟာ ခ်န္ပီယံလိဂ္မွာေတာ့ ရႈံးထြက္ ၁၆ သင္းအဆင့္မွာ လိုင္ယြန္ကို ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရသလို ပီဂ်ာနစ္ရဲ႕ အသင္းသစ္ျဖစ္တဲ့ ဘာစီလိုနာက လည္း ကြာတားဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ကို ရႈံးၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္၊ ဘာစီလိုနာတို႔ဟာ ဒီရာသီမွာရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ နည္းျပ အေျပာင္းအလဲေတြျပဳလုပ္ထားၿပီး လာ မယ့္ရာသီအတြက္ ျပင္ဆင္မႈေတြ ျပဳလုပ္သြားဖို႔ ရွိေနတာျဖစ္ပါတယ္။ ဘာစီလိုနာအေနနဲ႔ နည္းျပဆက္တီယန္၊ ေဘာလံုး အားကစားဒါ႐ိုက္တာ အဘီဒဲလ္တို႔ကို ထုတ္ပယ္ထားၿပီး ကစားသမားေဟာင္း ေရာ္နယ္ကိုးမန္းကို နည္းျပအျဖစ္ခန္႔အပ္ ထားပါတယ္။ ဘာစီလိုနာဥကၠဌ ဘာတိုမီယူအေနနဲ႔ လာမယ့္ရာသီအတြက္ အသင္းကို ေျပာင္းလဲမႈေတြျပဳလုပ္သြားဖို႔ ရွိ တယ္လို႔ ေျပာခဲ့ပါတယ္။