ကစားသမားဟောင်းဗီဒယ်ကို ပြန်ခေါ်ယူရန် မျက်စိကျလာတဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုဟာ ဘာစီလိုနာ ကွင်းလယ်လူ ဗီဒယ်ကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဘာစီလိုနာအသင်းအတွက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၄၃) ပွဲကစားထားပြီး (၈) ဂိုးသွင်း (၃) ဂိုးဖန်တီးပေးထားတဲ့ အသက် ၃၃ နှစ်အရွယ်ကစားသမားကို ဘာစီလိုနာအသင်းက ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ရာသီအသစ်မတိုင်မီ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်မှာဖြစ်ပြီး ဗီဒယ်ကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ရောင်းချဖွယ်ရှိတယ်လို့ သိရပါတယ်။ La Cuarta က အဆိုအရ ပီယာလိုဟာ တစ်ချိန်ကဂျူဗင်တပ်စ် အသင်းဖော်ဟောင်းနဲ့ အဆက်အသွယ်ရှိနေပြီး ဒီနွေရာသီအပြောင်းအရွှေ့မှာ အိုးလေဒီကို ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဗီဒယ်ကလည်း နောက်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အီတလီစီးရီးအေ ချန်ပီယံအသင်းနဲ့ ပြန်လည်ပူးပေါင်းရန် စဉ်းစားနေတာဖြစ်ပါတယ်။ချီလီလက်ရွေးစင်ကစားသမားဟာ ဂျူဗင်တပ်စ်မှာကစားခဲ့တုန်းက စီးရီးအေအမှတ်ပေးဖလား (၄) ကြိမ် နဲ့ ကိုပါအီတလီယာဖလား (၁) ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကစားသမားေဟာင္းဗီဒယ္ကို ျပန္ေခၚယူရန္ မ်က္စိက်လာတဲ့ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္နည္းျပသစ္ ပီယာလိုဟာ ဘာစီလိုနာ ကြင္းလယ္လူ ဗီဒယ္ကို ျပန္လည္ေခၚယူရန္ စိတ္၀င္စားလာတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဘာစီလိုနာအသင္းအတြက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ျပိဳင္ပြဲစံု (၄၃) ပြဲကစားထားျပီး (၈) ဂိုးသြင္း (၃) ဂိုးဖန္တီးေပးထားတဲ့ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားကို ဘာစီလိုနာအသင္းက ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ရာသီအသစ္မတိုင္မီ အသင္းကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္မွာျဖစ္ျပီး ဗီဒယ္ကို ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေရာင္းခ်ဖြယ္ရွိတယ္လို႔ သိရပါတယ္။ La Cuarta က အဆိုအရ ပီယာလိုဟာ တစ္ခ်ိန္ကဂ်ဴဗင္တပ္စ္ အသင္းေဖာ္ေဟာင္းနဲ႔ အဆက္အသြယ္ရွိေနျပီး ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အိုးေလဒီကို ျပန္လည္ေခၚယူသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

ဗီဒယ္ကလည္း ေနာက္ေႏြရာသီမွာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္လို႔ အီတလီစီးရီးေအ ခ်န္ပီယံအသင္းနဲ႔ ျပန္လည္ပူးေပါင္းရန္ စဥ္းစားေနတာျဖစ္ပါတယ္။ခ်ီလီလက္ေရြးစင္ကစားသမားဟာ ဂ်ဴဗင္တပ္စ္မွာကစားခဲ့တုန္းက စီးရီးေအအမွတ္ေပးဖလား (၄) ၾကိမ္ နဲ႔ ကိုပါအီတလီယာဖလား (၁) ၾကိမ္တို႔ကို ဆြတ္ခူးႏိုင္ခဲ့ျပီး ၂၀၁၅ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။