ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေကို ငြင်းဆန်သွားပြီး ဒီရာသီမှာလည်း ရန်းနက်စ်အသင်းမှာပဲ ဆက်ရှိမယ်လို့ ပြောသွားတဲ့ ကာမာဗင်ဂါ

ရန်းနက်စ်လူငယ်ကြယ်ပွင့် ကာမာဗင်ဂါက အသင်းက ပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေသော်လည်း ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ပြင်သစ်ကလပ်မှာပဲ ဆက်နေသွားမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းက ပုံမှန်ကစားခွင့်ပေးမယ်ဆိုပြီး ဆက်သွယ်နေတာဖြစ်ပါတယ်။ သို့သော်လည်း ပြင်သစ်ယူ ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားဟာ ရန်းနက်စ် နဲ့ ၂၀၂၂ ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းနဲ့ အနည်းဆုံး နောက်တစ်ရာသီလောက် ဆက်နေရာ ရည်ရွယ်ထားပါတယ်။

“ကျွန်တော့်စာချုပ်သက်တမ်းက (၂) နှစ်လောက်ကျန်ပါသေးတယ်။ ကျွန်တော်ရန်းနက်စ်မှာ ဒီရာသီလည်း ဆက်ရှိမှာပါ။ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို စိတ်အနှောက်အယှက်မဖြစ်ပါဘူး။ ဒါဟာ ဘောလုံးပါ။ မှန်တဲ့အရာလည်း ရှိသလို မှားတဲ့ အရာတွေလည်း ရှိပါတယ်” လို့ ကာမာဗင်ဂါက သောကြာနေ့က ပြောသွားတာဖြစ်ပါတယ်။

အသက်အရွယ်ငယ်ရွယ်သော်လည်း ကာမာဗင်ဂါဟာ အသက် ၁၆ နှစ်အရွယ် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အသင်းကြီးအတွက် ကစားခွင့်ရခဲ့ပါတယ်။ သူဟာ ဒီရာသီမှာတော့ အသင်းအတွက် (၃၆) ပွဲအထိ ကစားခွင့်ရထားပြီး (၁) ဂိုးသွင်း (၂) ဂိုးဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္နဲ႔ သတင္းေတြကို ျငင္းဆန္သြားျပီး ဒီရာသီမွာလည္း ရန္းနက္စ္အသင္းမွာပဲ ဆက္ရွိမယ္လို႔ ေျပာသြားတဲ့ ကာမာဗင္ဂါ

ရန္းနက္စ္လူငယ္ၾကယ္ပြင့္ ကာမာဗင္ဂါက အသင္းက ေျပာင္းမယ္လို႔ သတင္းေတြ ထြက္ေပၚေနေသာ္လည္း ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ျပင္သစ္ကလပ္မွာပဲ ဆက္ေနသြားမွာျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္အရြယ္ကစားသမားကို ရီးရဲလ္မက္ဒရစ္အသင္းက ပံုမွန္ကစားခြင့္ေပးမယ္ဆိုျပီး ဆက္သြယ္ေနတာျဖစ္ပါတယ္။ သုိ႔ေသာ္လည္း ျပင္သစ္ယူ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားဟာ ရန္းနက္စ္ နဲ႔ ၂၀၂၂ ခုႏွစ္မွာစာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္လို႔ အသင္းနဲ႔ အနည္းဆံုး ေနာက္တစ္ရာသီေလာက္ ဆက္ေနရာ ရည္ရြယ္ထားပါတယ္။

“ကၽြန္ေတာ့္စာခ်ဳပ္သက္တမ္းက (၂) ႏွစ္ေလာက္က်န္ပါေသးတယ္။ ကၽြန္ေတာ္ရန္းနက္စ္မွာ ဒီရာသီလည္း ဆက္ရွိမွာပါ။ ေကာလဟာလေတြနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ့္ကို စိတ္အေႏွာက္အယွက္မျဖစ္ပါဘူး။ ဒါဟာ ေဘာလံုးပါ။ မွန္တဲ့အရာလည္း ရွိသလို မွားတဲ့ အရာေတြလည္း ရွိပါတယ္” လို႔ ကာမာဗင္ဂါက ေသာၾကာေန႔က ေျပာသြားတာျဖစ္ပါတယ္။

အသက္အရြယ္ငယ္ရြယ္ေသာ္လည္း ကာမာဗင္ဂါဟာ အသက္ ၁၆ ႏွစ္အရြယ္မွာပဲ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ အသင္းၾကီးအတြက္ ကစားခြင့္ရခဲ့ပါတယ္။ သူဟာ ဒီရာသီမွာေတာ့ အသင္းအတြက္ (၃၆) ပြဲအထိ ကစားခြင့္ရထားျပီး (၁) ဂိုးသြင္း (၂) ဂိုးဖန္တီးေပးထားတာ ျဖစ္ပါတယ္။