ဆီဗီလာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးနောက် အင်တာမီလန်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ဝန်ခံသွားတဲ့ နည်းပြကွန်တီ

အင်တာမီလန်နည်းပြ ကွန်တီက သောကြာနေ့က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆီဗီလာအသင်းကို (၃-၂) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမွက်ပြောသွားခဲ့ပါတယ်။ လူကာကူရဲ့ နောက်ကျ ကိုယ့်ဂိုးကိုယ် သွင်းခဲ့တာက အင်တာမီလန်အသင်းကို ဥရောပဖလားနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။ အီတလီလူမျိုးနည်းပြက သူနဲ့ သူ့အသင်းဟာ ရက်အနည်းငယ်လောက် အားလပ်ရက်ယူသွားမှာဖြစ်ပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်များကို ခေါင်းအေးအေးနဲ့ စဉ်းစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

ကွန်တီ က “ကျွန်တော်တို့ တစ်ရာသီစလုံးဖြစ်ပျက်ခဲ့သမျှကို စိတ်အေးလက်အေးနဲ့ စဉ်းစားသွားပြီး အင်တာမီလန်အသင်းရဲ့ အနာဂတ်အတွက် ကျွန်တော်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အစီအစဉ် ဆွဲဖို့ ကြိုးစားသွားပါမယ်။ ခက်ခဲမှာဖြစ်ပေမယ့် ကျွန်တေ်ာတို့ ရှာဖွေသွားမှာပါ။ အင်တာမီလန်နည်းပြဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းကို ဝမ်းသာပါတယ်။ အသင်းပိုင်ရှင်ကို ဒီလို ကြီးကျယ်တဲ့ အတွေ့အကြုံရရှိခွင့်ပေးတဲ့အတွက် ကျေးဇူးတင်းပါတယ်”လို့ မီဒီယာများကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ စီးရီးအေမှာလည်း ဒုတိယနေရာမှာ ရပ်တည်ခဲ့ရပါတယ်။ ဒါ့အပြင် ကိုပါအီတလီယာဖလားမှာလည်း ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရလို့ ဒီရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီး နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်းဟာ အသင်းကနေ နှုတ်ထွက်သွားမှာမဟုတ်ပေမယ့် သူ့ရာထူးအတွက် အာမခံချက်မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။

ဆီဗီလာကို ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ ရႈံးနိမ့္ျပီးေနာက္ အင္တာမီလန္အသင္းကေန ထြက္ခြာဖြယ္ရွိတယ္လို႔ ၀န္ခံသြားတဲ့ နည္းျပကြန္တီ

အင္တာမီလန္နည္းျပ ကြန္တီက ေသာၾကာေန႔က ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ ဆီဗီလာအသင္းကို (၃-၂) နဲ႔ ရႈံးနိမ့္ခဲ့ျပီးေနာက္ အသင္းက ထြက္ခြာဖြယ္ရွိတယ္လို႔ အရိပ္အမြက္ေျပာသြားခဲ့ပါတယ္။ လူကာကူရဲ႕ ေနာက္က် ကိုယ့္ဂိုးကုိယ္ သြင္းခဲ့တာက အင္တာမီလန္အသင္းကို ဥေရာပဖလားနဲ႔ ေ၀းခဲ့ရတာျဖစ္ပါတယ္။ အီတလီလူမ်ိဳးနည္းျပက သူနဲ႔ သူ႔အသင္းဟာ ရက္အနည္းငယ္ေလာက္ အားလပ္ရက္ယူသြားမွာျဖစ္ျပီး အနာဂတ္အတြက္ ဆံုးျဖတ္ခ်က္မ်ားကို ေခါင္းေအးေအးနဲ႔ စဥ္းစားသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

ကြန္တီ က “ကၽြန္ေတာ္တို႔ တစ္ရာသီစလံုးျဖစ္ပ်က္ခဲ့သမွ်ကို စိတ္ေအးလက္ေအးနဲ႔ စဥ္းစားသြားျပီး အင္တာမီလန္အသင္းရဲ႕ အနာဂတ္အတြက္ ကၽြန္ေတာ္ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ အစီအစဥ္ ဆြဲဖို႔ ၾကိဳးစားသြားပါမယ္။ ခက္ခဲမွာျဖစ္ေပမယ့္ ကၽြန္ေတ္ာတို႔ ရွာေဖြသြားမွာပါ။ အင္တာမီလန္နည္းျပျဖစ္ခြင့္ရတဲ့အတြက္ ကၽြန္ေတာ္အရမး္ကို ၀မ္းသာပါတယ္။ အသင္းပိုင္ရွင္ကို ဒီလို ၾကီးက်ယ္တဲ့ အေတြ႕အၾကံဳရရွိခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္းပါတယ္”လို႔ မီဒီယာမ်ားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ စီးရီးေအမွာလည္း ဒုတိယေနရာမွာ ရပ္တည္ခဲ့ရပါတယ္။ ဒါ့အျပင္ ကိုပါအီတလီယာဖလားမွာလည္း ဆီမီးဖိုင္နယ္ကေန လွည့္ျပန္ခဲ့ရလို႔ ဒီရာသီမွာ ဖလားလက္မဲ့ ျဖစ္ခဲ့ပါတယ္။ ခ်ဲလ္ဆီး နဲ႔ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္းဟာ အသင္းကေန ႏႈတ္ထြက္သြားမွာမဟုတ္ေပမယ့္ သူ႔ရာထူးအတြက္ အာမခံခ်က္မရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။