နောက်ရာသီမှာ ဖာလန်မန်ဒီကို ပဲ ဦးစားပေးကစားစေမှာဖြစ်လို့ ရက်ဂွီလွန်ကို ရောင်းချတော့မယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီအပြောင်းအရွှေ့ရာသီမှာ ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေတဲ့ ရက်ဂွီလွန်ကို ပေါင် ၂၂.၄ သန်းတည်းနဲ့ အသင်းက ထွက်ခွာခွင့်ပေးရန် ပြင်ဆင်ထားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဆီဗီလာအသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးထားတဲ့ ဘယ်နောက်ခံလူကို ခေါ်ယူရန် စိတ်အားထက်သန်နေတာဖြစ်ပါတယ်။သတင်းများအရ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ နောက်ရာသီမှာလည်း ဖာလန်မန်ဒီကိုပဲ ထပ်ပြီး ဦးစားပေးမှာဖြစ်လို့ ရက်ဂွီလွန်ကို ရောင်းချရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးနည်းပြ လမ်းပတ်ကလည်း ဘယ်နောက်ခံလူ ရက်ဂွီလွန်ကို ခေါ်ယူရန် ရည်ရွယ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းကလည်း အသက် ၂၃ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ရက်ဂွီလွန်ဟာ ရီးရဲလ်မက်ဒရစ် လူငယ်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းအတွက် (၂၂) ပွဲသာ ကစားခဲ့ရပြီး အငှား (၃) ကြိမ် ထွက်ကစားခဲ့ရသူဖြစ်ပါတယ်။

ဒီရာသီမှာ သူဟာ ဆီဗီလာအသင်းအတွက် (၃၇) ပွဲကစားထားပြီး အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို အနိုင်ရအောင် ကူညီစွမ်းဆောင်ပေးရန် ရည်ရွယ်ထားပါတယ်။ သူ့ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်သော်လည်း သူဟာ နောက်ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ကစားခွင့်ရနိုင်ဖွယ်မရှိဘူးဖြစ်ပါတယ်။



