လူတွေက အနိုင်ရတဲ့ အသင်းကိုပဲ မှတ်မိကြတယ်လို့ ဆီဗီလာ နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ အင်တာမီလန်အသင်းသားတွေကို ပြောကြားလိုက်တဲ့ နည်းပြကွန်တီ

ကွန်တီက သမိုင်းဟာ အနိုင်ရတဲ့အသင်းကိုပဲ မှတ်မိကြတယ်လို့ ၁၀ နှစ်အကြာမှာ ပထမဆုံး ဥရောပဆုဖလားကို ရရှိမယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီး အင်တာမီလန် အသင်းသားတွေကို ပြောပြသွားခဲ့ပါတယ်။ တနလာၤနေ့က ရှက်တာဒိုးနက်အသင်းကို (၅-ဝ) နဲ့ အနိုင်ရပြီးနောက် ဆန်စီရိုကလပ်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ (၅) ကြိမ်ဖလားရရှိဖူးတဲ့ ဆီဗီလာ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်းဟာ ဆုဖလားကိ ရရှိဖို့ အသင်းသားတွေကို အဆင်သင့်ဖြစ်ရန် တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။အင်တာမီလန်အသင်းရဲ့ နောက်ဆုံး ဥရောပ အောင်မြင်မှုဟာ မော်ရင်ဟိုလက်ထက်က ၂၀၁၀ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ကွန်တီဟာ ၁၉၉၆ မှာ ချန်ပီယံလိဂ်ဖလား နဲ့ဲ့ ၁၉၉၃ မှာ ယူအီးအက်ဖ်အေဖလား တို့ကို ဂျူဗင်တပ်စ်အသင်းနဲ့ ဆွတ်ခူးနိုင်ခဲ့ပြီး ဗိုလ်လုပွဲအတွေ့အကြုံ အများကြီးရှိထားပါတယ်။

“ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် အများကြီး ရခ့ပါတယ်။ ဒါပေမယ့် အများကြီးလည်း ရှုံးခဲ့ပါတယ်။ လူတွေက အနိုင်ရတဲ့အခါကိုပဲ မှတ်မိကြတာပါ။ ကျွန်တော် ချန်ပီယံလိဂ်ဖလား (၁) ကြိမ် ရခဲ့ပေမယ့် (၃) ကြိမ် ဗိုလ်လုပွဲမှာ ရှုံးခဲ့ပါတယ်။ သမိုင်းမှာတော့ တစ်ကြိမ်ပဲ မှတ်တမ်းဝင်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒီအရေးပါတဲ့ ခရီးကို လျှောက်လှမ်းခဲ့ပြီး နောက်ထပ် စိတ်အားထက်သန်မှုတွေ နဲ့ သတိထားဖို့ လိုအပ်ပါတယ်။ ၁၀ နှစ်အကြာမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူရမှာပါ။ ကျွန်တော်တို့ ပိုပြီး ကြိုးစားသွားရပါမယ်” လို့ ကွန်တီက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

လူေတြက အႏိုင္ရတဲ့ အသင္းကိုပဲ မွတ္မိၾကတယ္လို႔ ဆီဗီလာ နဲ႔ ယူရိုပါလိဂ္ဗိုလ္လုပြဲမတိုင္မီ အင္တာမီလန္အသင္းသားေတြကို ေျပာၾကားလိုက္တဲ့ နည္းျပကြန္တီ

ကြန္တီက သမိုင္းဟာ အႏိုင္ရတဲ့အသင္းကိုပဲ မွတ္မိၾကတယ္လို႔ ၁၀ ႏွစ္အၾကာမွာ ပထမဆံုး ဥေရာပဆုဖလားကို ရရွိမယ့္ အခြင့္အေရးနဲ႔ ပတ္သက္ျပီး အင္တာမီလန္ အသင္းသားေတြကို ေျပာျပသြားခဲ့ပါတယ္။ တနလာၤေန႔က ရွက္တာဒုိးနက္အသင္းကို (၅-၀) နဲ႔ အႏိုင္ရျပီးေနာက္ ဆန္စီရိုကလပ္အသင္းဟာ ယူရိုပါလိဂ္ဗိုလ္လုပဲြမွာ (၅) ၾကိမ္ဖလားရရွိဖူးတဲ့ ဆီဗီလာ အသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီး နဲ႔ ဂ်ဴဗင္တပ္စ္နည္းျပေဟာင္းဟာ ဆုဖလားကိ ရရွိဖို႔ အသင္းသားေတြကို အဆင္သင့္ျဖစ္ရန္ တိုက္တြန္းေျပာၾကားသြားခဲ့ပါတယ္။အင္တာမီလန္အသင္းရဲ႕ ေနာက္ဆံုး ဥေရာပ ေအာင္ျမင္မႈဟာ ေမာ္ရင္ဟိုလက္ထက္က ၂၀၁၀ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ကြန္တီဟာ ၁၉၉၆ မွာ ခ်န္ပီယံလိဂ္ဖလား နဲ႔ဲ႔ ၁၉၉၃ မွာ ယူအီးအက္ဖ္ေအဖလား တို႔ကို ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ဆြတ္ခူးႏိုင္ခဲ့ျပီး ဗုိလ္လုပြဲအေတြ႕အၾကံဳ အမ်ားၾကီးရွိထားပါတယ္။

“ကစားသမားတစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ အမ်ားၾကီး ရခ့ပါတယ္။ ဒါေပမယ့္ အမ်ားၾကီးလည္း ရႈံးခဲ့ပါတယ္။ လူေတြက အႏိုင္ရတဲ့အခါကိုပဲ မွတ္မိၾကတာပါ။ ကၽြန္ေတာ္ ခ်န္ပီယံလိဂ္ဖလား (၁) ၾကိမ္ ရခဲ့ေပမယ့္ (၃) ၾကိမ္ ဗိုလ္လုပြဲမွာ ရႈံးခဲ့ပါတယ္။ သမိုင္းမွာေတာ့ တစ္ၾကိမ္ပဲ မွတ္တမ္း၀င္ပါတယ္။

ကၽြန္ေတာ္တို႔ အေနနဲ႔ ဒီအေရးပါတဲ့ ခရီးကို ေလွ်ာက္လွမ္းခဲ့ျပီး ေနာက္ထပ္ စိတ္အားထက္သန္မႈေတြ နဲ႔ သတိထားဖို႔ လိုအပ္ပါတယ္။ ၁၀ ႏွစ္အၾကာမွာ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္တဲ့အတြက္ ကၽြန္ေတာ္တို႔ ဂုဏ္ယူရမွာပါ။ ကၽြန္ေတာ္တို႔ ပိုျပီး ၾကိဳးစားသြားရပါမယ္” လို႔ ကြန္တီက သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။