ပီကေးရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးလူငယ်ကစားသမား အဲရစ်ဂါစီယာကို ရော်နယ်ကိုးမန်း စောင့်ကြည့်နေ

ဘာစီလိုနာနည်းပြသစ် ဖြစ်လာတဲ့ရော်နယ်ကိုးမန်းက ခံစစ်မှူး ပီကေးရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးလူငယ် ကစားသမား အဲရစ်ဂါစီယာကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ နောက်ခံလူ အဲရစ် ဂါစီ ယာအနေနဲ့ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် ဘာစီလိုနာ လူ ငယ်မှာပဲ ကစားခွင့်ရခဲ့တဲ့သူ ဖြစ်ပါတယ်။


ဘာစီလိုနာလူငယ်အသင်းမှာ ၉ နှစ်ကြာကစားခဲ့ပေမယ့် အသင်းကြီးအတွက် ကစားခွင့်မရခဲ့တဲ့ အဲရစ်ဂါစီယာဟာ ၂၀၁၇- ၁၈ ဘောလုံးရာသီမှာတော့ မန်စီးတီးလူငယ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ မန်စီးတီးလူငယ်အသင်းမှာ တစ်နှစ်သာ ကစားခဲ့ပြီးနောက်မှာ အဲရစ်ဂါစီယာအနေနဲ့ အသင်းကြီးကို ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၃ ပွဲကစားခွင့်ရထားပါတယ်။ အဲရစ်ဂါစီယာ ဟာ မန်စီးတီးရဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ထားတယ်လို့လည်း သိရပါတယ်။


ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းအနေနဲ့ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ပီကေးရဲ့နေရာမှာ အစားထိုးဖို့အတွက် အဲရစ်ဂါစီယာကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ စပိန်လူငယ်ကစားသမား အဲရစ်ဂါစီယာအတွက် ပြောင်း ရွှေ့ကြေး ပေါင်သန်း ၃၀ လောက်အလိုရှိနေတာကြောင့် ဘာစီလိုနာအနေနဲ့ ခေါ်ယူဖို့ နှောင့်နှေးနေတယ်လို့ သိရပါတယ်။ မန်စီးတီးတာဝန်ရှိသူတွေကတော့ အဲရစ်ဂါစီယာကို စာချုပ်သက်တမ်းကုန်တဲ့အထိ အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ သိရပါတယ်။


မန်စီးတီးအနေနဲ့ အားနည်းမှုတွေရှိခဲ့တဲ့ နောက်တန်းနေရာအတွက် ဘုန်းမောက်က နသန်အကီကို ပေါင်သန်း ၄၀ နဲ့ ခေါ် ယူထားသလို နာပိုလီက ကူလီဘာလီကိုလည်း ခေါ်ယူဖို့လုပ်ဆောင်နေတာကြောင့် အဲရစ်ဂါစီယာက အသင်းပြောင်းဖို့ လုပ် ဆောင်နေတာပဲ ဖြစ်ပါတယ်။ဘာစီလိုနာနည်းပြ ကိုးမန်းကတော့ အသင်းကို ပြောင်းလဲမှုပြုလုပ်မှာဖြစ်တာကြောင့် ကစား သမားသစ် ၅ဦး၊ ၆ဦးလောက် ခေါ်ယူသွားမယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ပီေကးရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ မန္စီးတီးလူငယ္ကစားသမား အဲရစ္ဂါစီယာကို ေရာ္နယ္ကိုးမန္း ေစာင့္ၾကည့္ေန
ဘာစီလိုနာနည္းျပသစ္ ျဖစ္လာတဲ့ေရာ္နယ္ကိုးမန္းက ခံစစ္မွဴး ပီေကးရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ မန္စီးတီးလူငယ္ ကစားသမား အဲရစ္ဂါစီယာကို ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ ေနာက္ခံလူ အဲရစ္ ဂါစီ ယာအေနနဲ႔ ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီကေန ေပၚထြက္လာတဲ့ ကစားသမားတစ္ဦးျဖစ္ေပမယ့္ ဘာစီလိုနာ လူ ငယ္မွာပဲ ကစားခြင့္ရခဲ့တဲ့သူ ျဖစ္ပါတယ္။
ဘာစီလိုနာလူငယ္အသင္းမွာ ၉ ႏွစ္ၾကာကစားခဲ့ေပမယ့္ အသင္းႀကီးအတြက္ ကစားခြင့္မရခဲ့တဲ့ အဲရစ္ဂါစီယာဟာ ၂၀၁၇- ၁၈ ေဘာလံုးရာသီမွာေတာ့ မန္စီးတီးလူငယ္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ မန္စီးတီးလူငယ္အသင္းမွာ တစ္ႏွစ္သာ ကစားခဲ့ၿပီးေနာက္မွာ အဲရစ္ဂါစီယာအေနနဲ႔ အသင္းႀကီးကို ေရာက္ရွိလာခဲ့ၿပီး ၿပိဳင္ပြဲစံုမွာ ၁၃ ပြဲကစားခြင့္ရထားပါတယ္။ အဲရစ္ဂါစီယာ ဟာ မန္စီးတီးရဲ႕ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အတြက္ ကမ္းလွမ္းမႈကို ျငင္းပယ္ထားတယ္လို႔လည္း သိရပါတယ္။
ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းအေနနဲ႔ အသက္ ၃၃ ႏွစ္ရွိေနၿပီျဖစ္တဲ့ ပီေကးရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အဲရစ္ဂါစီယာကို ေခၚယူလိုေနတာျဖစ္ပါတယ္။ မန္စီးတီးအေနနဲ႔ စပိန္လူငယ္ကစားသမား အဲရစ္ဂါစီယာအတြက္ ေျပာင္း ေရႊ႕ေၾကး ေပါင္သန္း ၃၀ ေလာက္အလိုရွိေနတာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ေခၚယူဖို႔ ေႏွာင့္ေႏွးေနတယ္လို႔ သိရပါတယ္။ မန္စီးတီးတာဝန္ရွိသူေတြကေတာ့ အဲရစ္ဂါစီယာကို စာခ်ဳပ္သက္တမ္းကုန္တဲ့အထိ အသင္းမွာ ဆက္ရွိေနေစခ်င္တယ္လို႔ သိရပါတယ္။
မန္စီးတီးအေနနဲ႔ အားနည္းမႈေတြရွိခဲ့တဲ့ ေနာက္တန္းေနရာအတြက္ ဘုန္းေမာက္က နသန္အကီကို ေပါင္သန္း ၄၀ နဲ႔ ေခၚ ယူထားသလို နာပိုလီက ကူလီဘာလီကိုလည္း ေခၚယူဖို႔လုပ္ေဆာင္ေနတာေၾကာင့္ အဲရစ္ဂါစီယာက အသင္းေျပာင္းဖို႔ လုပ္ ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ဘာစီလိုနာနည္းျပ ကိုးမန္းကေတာ့ အသင္းကို ေျပာင္းလဲမႈျပဳလုပ္မွာျဖစ္တာေၾကာင့္ ကစား သမားသစ္ ၅ဦး၊ ၆ဦးေလာက္ ေခၚယူသြားမယ္လို႔ ေျပာခဲ့ပါတယ္။