ချဲလ်ဆီးကို ချစ်ပြီး လမ်းပတ်လက်အောက်မှာ ကစားချင်တယ်လို့ ပြောခဲ့တဲ့ ဂျီမီနက်ဇ်အနေနဲ့ ချဲလ်ဆီးရောက်ဖို့ နီးစပ်နေ

အက်သလက်တီကိုအသင်းနောက်ခံလူ ဂျီမီနက်ဇ်အနေနဲ့ ချဲလ်ဆီးကို ချစ်ပြီး နည်းပြလမ်းပတ်ရဲ့လက်အောက်မှာ ကစား ချင်တယ်လို့ ပြောခဲ့တာကြောင့် ချဲလ်ဆီးကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ အသင်းကိုပြောင်းလဲ မှုပြုလုပ်ဖို့ ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပေးဂိုးတွေများခဲ့တဲ့ အသင်းအတွက် နောက်တန်းနဲ့ ဂိုးသမားနေရာတွေကို ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။


အသက် ၂၅ နှစ်သာရှိသေးတဲ့ ဂျီမီနက်ဇ်အနေနဲ့ အက်သလက်တီကိုအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားတစ် ယောက်ဖြစ်ပေမယ့် ကလေးဘဝကတည်းက နှစ်သက်ခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် ကစားချင်တယ်လို့ ထုတ်ဖော်ပြောခဲ့ တာပဲ ဖြစ်ပါတယ်။ လမ်းပတ်အနေနဲ့လည်း ဂျီမီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် နွေရာသီဈေးကွက်မပိတ်ခင် မှာ အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။


ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးရဲ့ဗဟိုနောက်ခံလူနေရာမှာ ဇူးမား၊ ရူဒီဂါ၊ ခရစ္စတန်ဆန်နဲ့ တီမိုရီတို့ ကစားခဲ့ကြပေမယ့် ပေးဂိုး ၅၄ ဂိုးပေးခဲ့ရပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး ၁၀ သင်းမှာ ပေးဂိုးအများဆုံးဖြစ်ခဲ့ပါတယ်။ ဂျီမီနက်ဇ်ဟာ ဗဟိုနောက်ခံလူအပြင် ညာနောက်ခံလူ၊ ကွင်းလယ်အဖျက်နေရာတွေမှာပါ ကစားနိုင်တဲ့သူဖြစ်ပါတယ်။ ဂျီမီနက်ဇ်ဟာ အက်သလက်တီကိုနဲ့ ၂၀၂၃ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးအနေနဲ့ နောက်တန်းကစားသမားနေရာအတွက် လက်စတာနောက်ခံလူဘင်ချီဝဲလ် ကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်နောက်ခံလူဖြစ်တဲ့ ဘင်ချီဝဲလ်ရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း ၈၀ လောက် အထိရှိနေတာကြောင့် ခေါ်ယူဖို့အတွက် ချဲလ်ဆီးအနေနဲ့ အခက်တွေ့နေတာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့မှာ တီမိုဝါနာနဲ့ ဇီယက်တို့ကို ခေါ်ယူထားပြီး ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့လည်း နီးစပ်နေပြီလို့ သိရပါတယ်။

zawgyi version

ခ်ဲလ္ဆီးကို ခ်စ္ၿပီး လမ္းပတ္လက္ေအာက္မွာ ကစားခ်င္တယ္လို႔ ေျပာခဲ့တဲ့ ဂ်ီမီနက္ဇ္အေနနဲ႔ ခ်ဲလ္ဆီးေရာက္ဖို႔ နီးစပ္ေန
အက္သလက္တီကိုအသင္းေနာက္ခံလူ ဂ်ီမီနက္ဇ္အေနနဲ႔ ခ်ဲလ္ဆီးကို ခ်စ္ၿပီး နည္းျပလမ္းပတ္ရဲ႕လက္ေအာက္မွာ ကစား ခ်င္တယ္လို႔ ေျပာခဲ့တာေၾကာင့္ ခ်ဲလ္ဆီးကို ေရာက္ရွိဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ အသင္းကိုေျပာင္းလဲ မႈျပဳလုပ္ဖို႔ ရွိေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီက ေပးဂိုးေတြမ်ားခဲ့တဲ့ အသင္းအတြက္ ေနာက္တန္းနဲ႕ ဂိုးသမားေနရာေတြကို ေခၚယူသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
အသက္ ၂၅ ႏွစ္သာရွိေသးတဲ့ ဂ်ီမီနက္ဇ္အေနနဲ႔ အက္သလက္တီကိုအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရေနတဲ့ ကစားသမားတစ္ ေယာက္ျဖစ္ေပမယ့္ ကေလးဘဝကတည္းက ႏွစ္သက္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ကစားခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာခဲ့ တာပဲ ျဖစ္ပါတယ္။ လမ္းပတ္အေနနဲ႔လည္း ဂ်ီမီနက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ေႏြရာသီေစ်းကြက္မပိတ္ခင္ မွာ အေျပာင္းအေရႊ႕ျဖစ္လာႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။
ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးရဲ႕ဗဟိုေနာက္ခံလူေနရာမွာ ဇူးမား၊ ႐ူဒီဂါ၊ ခရစၥတန္ဆန္နဲ႔ တီမိုရီတို႔ ကစားခဲ့ၾကေပမယ့္ ေပးဂိုး ၅၄ ဂိုးေပးခဲ့ရၿပီး ပရီးမီးယားလိဂ္ ထိပ္ဆံုး ၁၀ သင္းမွာ ေပးဂိုးအမ်ားဆံုးျဖစ္ခဲ့ပါတယ္။ ဂ်ီမီနက္ဇ္ဟာ ဗဟိုေနာက္ခံလူအျပင္ ညာေနာက္ခံလူ၊ ကြင္းလယ္အဖ်က္ေနရာေတြမွာပါ ကစားႏိုင္တဲ့သူျဖစ္ပါတယ္။ ဂ်ီမီနက္ဇ္ဟာ အက္သလက္တီကိုနဲ႔ ၂၀၂၃ ခုႏွစ္မွ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ေနာက္တန္းကစားသမားေနရာအတြက္ လက္စတာေနာက္ခံလူဘင္ခ်ီဝဲလ္ ကို ဦးစားေပးေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ဘယ္ေနာက္ခံလူျဖစ္တဲ့ ဘင္ခ်ီဝဲလ္ရဲ႕ ေျပာင္းေရႊ႕ေၾကးက ေပါင္သန္း ၈၀ ေလာက္ အထိရွိေနတာေၾကာင့္ ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအေနနဲ႔ အခက္ေတြ႕ေနတာပဲ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီ အေျပာင္းအေရႊ႕မွာ တီမိုဝါနာနဲ႔ ဇီယက္တို႔ကို ေခၚယူထားၿပီး ကိုင္ဟာဗက္ဇ္ကို ေခၚယူဖို႔လည္း နီးစပ္ေနၿပီလို႔ သိရပါတယ္။