အသက်အရွယ်ရလာတဲ့ ဘင်ဇီမာ နေရာမှာ ရေရှည်အစားထိုးရန် လူကာကူကို စဉ်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လူကာကူ ကို အသက်အရွယ်ရလာတဲ့ တိုက်စစ်မှူး ဘင်ဇီမာ နေရာမှာ အစားထိုးရန် ရည်ရွယ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင်တိုက်စစ်မှူး အင်တာမီလန်အသင်းနဲ့ စီးရီးအေ ပွဲဦးထွက်ရာသီမှာပင် ခြေစွမ်းပြထားပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်အောင် ကူညီစွမ်းဆောင်ပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။

သူ့ရဲ့ ဒီရာသီ သွင်းဂိုး (၃၃) ဂိုးဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ဆွဲဆောင်နေပြီး Le10 Sport က အဆိုအရ အသင်းက ရည်ရွယ်ထားတဲ့ တိုက်စစ်မှူး (၄) ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလမှာ အသက် ၃၃ နှစ်ပြည့်မယ့် ဘင်ဇီမာလည်း ဒီရာသီမှာ ရီးရဲလ်အသင်းအတွက် (၂၇) ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။

အိုးထရက်ဖိုဒ့်မှာ ခက်ခဲတဲ့ (၂) နှစ်တာ အချိန်ကာလကို ဖြတ်သန်းခဲ့ရပြီးနောက် အသက် ၂၇ နှစ်အရွယ် လူကာကူဟာ ယခုလို ခြေစွမ်းပြန်လည်ပြသနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီက အမ်ဘာပေ ၊ ဒေ့ါမွန်က ဟာလန်း တို့ကို လူကာကူထက် ပိုပြီး လိုချင်နေတာ ဖြစ်ပါတယ်။ လီဗာပူးလ်က မာနေးကိုလည်း လူကာကူ နဲ့ တန်းတူ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အသက္အ႐ြယ္ရလာတဲ့ ဘင္ဇီမာ ေနရာမွာ ေရရွည္အစားထိုးရန္ လူကာကူကို စဥ္းစားေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ လူကာကူ ကို အသက္အရြယ္ရလာတဲ့ တိုက္စစ္မွဴး ဘင္ဇီမာ ေနရာမွာ အစားထိုးရန္ ရည္ရြယ္ထားတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘယ္လ္ဂ်ီယံ လက္ေရြးစင္တိုက္စစ္မွဴး အင္တာမီလန္အသင္းနဲ႔ စီးရီးေအ ပြဲဦးထြက္ရာသီမွာပင္ ေျခစြမ္းျပထားျပီး ယူရိုပါလိဂ္ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ေအာင္ ကူညီစြမ္းေဆာင္ေပးထားတဲ့ ကစားသမား ျဖစ္ပါတယ္။

သူ႔ရဲ႕ ဒီရာသီ သြင္းဂိုး (၃၃) ဂိုးဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ဆြဲေဆာင္ေနျပီး Le10 Sport က အဆိုအရ အသင္းက ရည္ရြယ္ထားတဲ့ တိုက္စစ္မွဴး (၄) ေယာက္ထဲမွာ တစ္ေယာက္အပါအ၀င္ျဖစ္တယ္လို႔ သိရပါတယ္။ ဒီဇင္ဘာလမွာ အသက္ ၃၃ ႏွစ္ျပည့္မယ့္ ဘင္ဇီမာလည္း ဒီရာသီမွာ ရီးရဲလ္အသင္းအတြက္ (၂၇) ဂိုးအထိ သြင္းယူေပးထားသူျဖစ္ပါတယ္။

အိုးထရက္ဖုိဒ့္မွာ ခက္ခဲတဲ့ (၂) ႏွစ္တာ အခ်ိန္ကာလကို ျဖတ္သန္းခဲ့ရျပီးေနာက္ အသက္ ၂၇ ႏွစ္အရြယ္ လူကာကူဟာ ယခုလို ေျခစြမ္းျပန္လည္ျပသေနပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ပီအက္စ္ဂ်ီက အမ္ဘာေပ ၊ ေဒ့ါမြန္က ဟာလန္း တို႔ကို လူကာကူထက္ ပိုျပီး လိုခ်င္ေနတာ ျဖစ္ပါတယ္။ လီဗာပူးလ္က မာေနးကိုလည္း လူကာကူ နဲ႔ တန္းတူ ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။