လိုအပ်မှကစားသမားသစ် ခေါ်မှာဖြစ်ပြီး အသင်းမှာရှိတဲ့ အဓိက,ကစားသမားတွေကို ရောင်းချမှာမဟုတ်တဲ့ ဘာစီလိုနာ

အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် နည်းပြအပြောင်းအလဲ ပြုလုပ်ထားရတဲ့ ဘာစီလိုနာဟာ နည်းပြသစ်အဖြစ် ရော်နယ်ကိုးမန်းဖြစ်လာပြီးနောက်မှာတော့ မက်ဆီအပါအဝင် အဓိက,ကစားသမားတွေကို ရောင်းချမှာမဟုတ်ဘူးလို့ သိရ ပါတယ်။ ဒါအပြင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခဲ့တဲ့ကြောင့် ဘဏ္ဍရေးအခြေအနေအရ ကစားသမားသစ်ခေါ်ဖို့အတွက်လည်း လိုအပ်မှ လှုပ်ဆောင်မှု ပြုလုပ်သွားမယ်လို့ ဘာစီလိုနာဥက္ကဌ ဘာတိုမီယူက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာက ဥက္ကဌ ဘာတိုမီယူက “ မက်ဆီကို အခြားအသင်းတွေအနေနဲ့ ခေါ်ယူလို့မရပါဘူး။သူက ဘာစီလိုနာအသင်း အတွက် တန်ဖိုးဖြတ်လို့မရတဲ့ ကစားသမားတစ်ယောက်ပါ။ မက်ဆီလိုမျိုးပဲ တာစတီဂန်၊ လန်ဂျီလက်၊ ဆီမီဒို၊ ဒီဂျောင်၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့ဟာ အသင်းရဲ့ အနာဂတ်အတွက် အရေးပါတဲ့သူတွေပါ၊ ဒီလိုကစားသမားတွေကို ဘာစီလိုနာအ နေနဲ့ ရောင်းချမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဟာ အသင်းကို ပြောင်းလဲမှုပြုလုပ်ဖို့ ရှိနေတာကြောင့် အသက် ၃၀ ကျော်ဖြစ်နေပြီဖြစ်တဲ့ ပီကေး၊ ဆွာရက်ဇ်၊ ဘက်စ်ကွက်ဇ် နဲ့ ဂျော်ဒီအဲလ်ဘာတို့ကတော့ အသင်းကနေ ထွက်ခွာရဖို့ ရှိနေတယ်လို့ သတင်းတွေကဖော် ပြနေကြပါတယ်။ဘာတိုမီယူက “ ကမ္ဘာ့အကောင်းဆုံးအသင်းကို တည်ဆောက်မှာမို့ အချို့ကစားသမားတွေကိုတော့ နှုတ်ဆက်ရဖို့ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာဟာ အစောပိုင်းတုန်းက ကစားသမားအချို့ကို ရောင်းချဖို့ သတင်းတွေထွက်ခဲ့တာကြောင့် ဒမ်ဘီလီ၊ အမ်တီတီ၊ ရာကီတစ်နဲ့ ဗီဒယ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီကစားသမား ၄ ယောက်စလုံးကို ယူနိုက်တက် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာက ထွက်ဖို့သတင်းတွေရှိခဲ့တဲ့ ကော်တင်ဟိုကိုလည်း ရော်နယ်ကိုးမန်းက အသင်းမှာဆက်ထိန်းထားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

zawgyi version

လိုအပ္မွကစားသမားသစ္ ေခၚမွာျဖစ္ၿပီး အသင္းမွာရွိတဲ့ အဓိက,ကစားသမားေတြကို ေရာင္းခ်မွာမဟုတ္တဲ့ ဘာစီလိုနာ
အသင္းရဲ႕ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ နည္းျပအေျပာင္းအလဲ ျပဳလုပ္ထားရတဲ့ ဘာစီလိုနာဟာ နည္းျပသစ္အျဖစ္ ေရာ္နယ္ကိုးမန္းျဖစ္လာၿပီးေနာက္မွာေတာ့ မက္ဆီအပါအဝင္ အဓိက,ကစားသမားေတြကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ သိရ ပါတယ္။ ဒါအျပင္ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားခဲ့တဲ့ေၾကာင့္ ဘ႑ေရးအေျခအေနအရ ကစားသမားသစ္ေခၚဖို႔အတြက္လည္း လိုအပ္မွ လႈပ္ေဆာင္မႈ ျပဳလုပ္သြားမယ္လို႔ ဘာစီလိုနာဥကၠဌ ဘာတိုမီယူက ေျပာၾကားခဲ့ပါတယ္။
ဘာစီလိုနာက ဥကၠဌ ဘာတိုမီယူက “ မက္ဆီကို အျခားအသင္းေတြအေနနဲ႔ ေခၚယူလို႔မရပါဘူး။သူက ဘာစီလိုနာအသင္း အတြက္ တန္ဖိုးျဖတ္လို႔မရတဲ့ ကစားသမားတစ္ေယာက္ပါ။ မက္ဆီလိုမ်ိဳးပဲ တာစတီဂန္၊ လန္ဂ်ီလက္၊ ဆီမီဒို၊ ဒီေဂ်ာင္၊ ဂရစ္ဇ္မန္း၊ ဒမ္ဘီလီတို႔ဟာ အသင္းရဲ႕ အနာဂတ္အတြက္ အေရးပါတဲ့သူေတြပါ၊ ဒီလိုကစားသမားေတြကို ဘာစီလိုနာအ ေနနဲ႔ ေရာင္းခ်မွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္ ဘာစီလိုနာဟာ အသင္းကို ေျပာင္းလဲမႈျပဳလုပ္ဖို႔ ရွိေနတာေၾကာင့္ အသက္ ၃၀ ေက်ာ္ျဖစ္ေနၿပီျဖစ္တဲ့ ပီေကး၊ ဆြာရက္ဇ္၊ ဘက္စ္ကြက္ဇ္ နဲ႔ ေဂ်ာ္ဒီအဲလ္ဘာတို႔ကေတာ့ အသင္းကေန ထြက္ခြာရဖို႔ ရွိေနတယ္လို႔ သတင္းေတြကေဖာ္ ျပေနၾကပါတယ္။ဘာတိုမီယူက “ ကမ႓ာ့အေကာင္းဆံုးအသင္းကို တည္ေဆာက္မွာမို႔ အခ်ိဳ႕ကစားသမားေတြကိုေတာ့ ႏႈတ္ဆက္ရဖို႔ ရွိေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဘာစီလိုနာဟာ အေစာပိုင္းတုန္းက ကစားသမားအခ်ိဳ႕ကို ေရာင္းခ်ဖို႔ သတင္းေတြထြက္ခဲ့တာေၾကာင့္ ဒမ္ဘီလီ၊ အမ္တီတီ၊ ရာကီတစ္နဲ႔ ဗီဒယ္တို႔ရဲဲ႕ အေျပာင္းအေရႊ႕သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဒီကစားသမား ၄ ေယာက္စလံုးကို ယူႏိုက္တက္ အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ဘာစီလိုနာက ထြက္ဖို႔သတင္းေတြရွိခဲ့တဲ့ ေကာ္တင္ဟိုကိုလည္း ေရာ္နယ္ကိုးမန္းက အသင္းမွာဆက္ထိန္းထားဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။