နိုက်စ် နောက်ခံလူဟောင်း မလန်းဆား ကို ဆက်သွယ်လာတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲလုပ်ချင်နေပြီး မလန်းဆားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘွန်ဒက်စ်လီဂါဘီလူးအသင်းကို (၈-၂) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆက်တီယန်ကို ထုတ်ပယ်လိုက်ပြီး ရော်နယ်ကိုးမန်း နဲ့ အစားထိုးတော့မှာ ဖြစ်ပါတယ်။

တနလာၤနေ့က ဘုတ်အဖွဲ့ အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အသင်းရဲ့ ပထမပွဲထွက် လူစာရင်းကို လာမယ့် အပတ်က စပြီး ပြောင်းလဲမှု လုပ်တော့မယ်လို့ သိရပါတယ်။ သို့သော်လည်း ဘာစီလိုနာအသင်းဟာ ကစားသမားအသစ်တွေနဲ့ လက်ရှိမှာ ပြင်သစ်လီဂူး ၁ ကလပ် နိုက်စ်အသင်းကနေ ထွက်ခွာပြီးနောက် ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်လို့ရနိုင်မယ့် ဆားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

သတင်းများအရ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာဟာ ဆားရဲ့ ကိုယ်စားလှယ် နဲ့ တွေ့ခဲ့ပြီး စိတ်ဝင်စားတယ်လို့ သတင်းပို့ခဲ့ပါတယ်။ ပြင်သစ်ကစားသမားကို အီတလီက တိုရီနို နဲ့ အာဆင်နယ် နည်းပြ အာတီတာတို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဘယ်သန်ဖြစ်တဲ့ မလန်ဆားဟာ နိုက်စ်အသင်းအတွက် (၁၁၉) ပွဲကစားခဲ့ပြီး ခြေစွမ်းပြခဲ့ပေမယ့် စာချုပ်သစ်အတွက ်သဘောတူညီမှု မရရှိခဲ့ပါဘူး။

အာဆင်နယ်အသင်းကလည်း မလန်ဆားရဲ့ ကိုယ်စားလှယ်နဲ့ ဆက်သွယ်ခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် ကမ်းလှမ်းမှု မလုပ်ရသေးဘူးဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ လက်ရှိ ဗဟိုနောက်ခံလူနေရာမှာ ပီကေး၊ လန်းဂ်လတ် နဲ့ အမ်တီတီ တို့ ရှိနေပေမယ့် ကိုးမန်းရောက်လာရင် နောက်ခံလူ အတွက် ရွေးချယ်စရာ ထပ်ရရန် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ႏိုက္စ္ ေနာက္ခံလူေဟာင္း မလန္းဆား ကို ဆက္သြယ္လာတဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ဂိုးျပတ္အေရးနိမ့္ခဲ့ရျပီးေနာက္ အသင္းရဲ႕ လူစာရင္းကို အေျပာင္းအလဲလုပ္ခ်င္ေနျပီး မလန္းဆားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ စဥ္းစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘြန္ဒက္စ္လီဂါဘီလူးအသင္းကို (၈-၂) နဲ႔ ရႈံးနိမ့္ခဲ့ျပီးေနာက္ နည္းျပ ဆက္တီယန္ကို ထုတ္ပယ္လိုက္ျပီး ေရာ္နယ္ကိုးမန္း နဲ႔ အစားထိုးေတာ့မွာ ျဖစ္ပါတယ္။

တနလာၤေန႔က ဘုတ္အဖြဲ႔ အေရးေပၚ အစည္းအေ၀းျပဳလုပ္ခဲ့ျပီးေနာက္ အသင္းရဲ႕ ပထမပြဲထြက္ လူစာရင္းကို လာမယ့္ အပတ္က စျပီး ေျပာင္းလဲမႈ လုပ္ေတာ့မယ္လို႔ သိရပါတယ္။ သုိ႔ေသာ္လည္း ဘာစီလုိနာအသင္းဟာ ကစားသမားအသစ္ေတြနဲ႔ လက္ရွိမွာ ျပင္သစ္လီဂူး ၁ ကလပ္ ႏိုက္စ္အသင္းကေန ထြက္ခြာျပီးေနာက္ ဒီေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚလို႔ရႏိုင္မယ့္ ဆားကို စိတ္၀င္စားေနတာျဖစ္ပါတယ္။

သတင္းမ်ားအရ ဘာစီလိုနာအသင္းရဲ႕ အားကစားဒါရိုက္တာဟာ ဆားရဲ႕ ကိုယ္စားလွယ္ နဲ႔ ေတြ႕ခဲ့ျပီး စိတ္၀င္စားတယ္လို႔ သတင္းပို႔ခဲ့ပါတယ္။ ျပင္သစ္ကစားသမားကို အီတလီက တိုရီႏို နဲ႔ အာဆင္နယ္ နည္းျပ အာတီတာတို႔ကလည္း စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ ဘယ္သန္ျဖစ္တဲ့ မလန္ဆားဟာ ႏိုက္စ္အသင္းအတြက္ (၁၁၉) ပြဲကစားခဲ့ျပီး ေျခစြမ္းျပခဲ့ေပမယ့္ စာခ်ဳပ္သစ္အတြက ္သေဘာတူညီမႈ မရရွိခဲ့ပါဘူး။

အာဆင္နယ္အသင္းကလည္း မလန္ဆားရဲ႕ ကိုယ္စားလွယ္နဲ႔ ဆက္သြယ္ခဲ့ေသာ္လည္း ဘ႑ာေရးအေျခအေနေၾကာင့္ ကမ္းလွမ္းမႈ မလုပ္ရေသးဘူးျဖစ္ပါတယ္။ဘာစီလိုနာအသင္းရဲ႕ လက္ရွိ ဗဟိုေနာက္ခံလူေနရာမွာ ပီေကး၊ လန္းဂ္လတ္ နဲ႔ အမ္တီတီ တို႔ ရွိေနေပမယ့္ ကိုးမန္းေရာက္လာရင္ ေနာက္ခံလူ အတြက္ ေရြးခ်ယ္စရာ ထပ္ရရန္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။