အသင်းက ထွက်ခွင့်တောင်းထားပေမယ့် လာမယ့်ရာသီဘာစီလိုနာမှာပဲ မက်ဆီ ဆက်ရှိမယ်ဆိုတဲ့အလေးပေးမှုက ရေပန်းအစားဆုံးဖြစ်နေ

အသင်းရဲ့ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် အသင်းကနေထွက်ဖို့ ဘုတ်အဖွဲ့တာဝန်ရှိသူတွေထံ တောင်းဆိုထားတဲ့ ဘာစီလို နာတိုက်စစ်မှူး မက်ဆီရဲ့ လာမယ့်ရာသီမှာ ဘယ်အသင်းကိုရောက်ရှိမလဲဆိုတဲ့ အလေးပေးမှုမှာတော့ ဘာစီလိုနာမှာပဲ ဆက်ရှိမယ်ဆိုတဲ့ အလေးပေးမှုက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဆိုပေမယ့် မက်ဆီကိုခေါ်ယူဖို့ အတွက် ဥရောပထိပ်သီး ကလပ်အသင်းတွေက အလိုရှိနေဆဲ ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိမယ်ဆိုတဲ့ အလေးပေးမှုက ၄/၆ နဲ့ ထိပ်ဆုံးနေရာမှာရှိနေတာဖြစ်ပြီး ဆရာဟောင်း ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့က ၅/၂ နဲ့ ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။ မက်ဆီကို ခေါ်ယူ ဖို့ အစောပိုင်းကတည်းက သတင်းတွေထွက်နေခဲ့တဲ့ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့အတွက်ကတော့ ၃/၁ နဲ့ တတိယနေ ရာမှာ ရှိနေပါတယ်။

လီဂူး-၁ ပြိုင်ပွဲမှာ ငွေကြေးအများဆုံးသုံးထားတဲ့ ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့ဖို့ကတော့ ၇/၁ နဲ့ စီရော်နယ်ဒိုရှိတဲ့ ဂျူဗင် တပ်ကို ပြောင်းရွှေ့ဖို့ ၁၄/၁ ဖြစ်နေပါတယ်။ နောက်ထပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့ကတော့ ၁၆/၁ ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ဖွင့်လှစ်မှုဟာ မက်ဆီအနေနဲ့ အာဂျင်တီးနားကလပ် အသင်းတစ်ခုခုကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ဖွင့်လှစ်မှုနဲ့ အတူတူပဲ ရှိနေတာဖြစ်ပါတယ်။

မက်ဆီလို ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၆ ကြိမ်ရထားတဲ့ကစားသမားတစ်ယောက်ကို အသင်းတိုင်းကခေါ်ယူချင် တာကြောင့် လီဗာပူး၊ချဲလ်ဆီး၊ယူနိုက်တက်နဲ့ ရီးရဲလ်တို့ကိုလည်း ရောက်ရှိနိုင်တယ်လို့ အလေးပေးမှုတွေရှိထားပါတယ်။ လီဗာပူးက ၂၀/၁ ၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်က ၂၅/၁ ၊ ရီးရဲလ်က ၆၆/၁ နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။ ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီအနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့တော့ အခွင့်အရေးနည်းတယ်လို့ သိရပါတယ်။

zawgyi version

အသင္းက ထြက္ခြင့္ေတာင္းထားေပမယ့္ လာမယ့္ရာသီဘာစီလိုနာမွာပဲ မက္ဆီ ဆက္ရွိမယ္ဆိုတဲ့အေလးေပးမႈက ေရပန္းအစားဆံုးျဖစ္ေန
အသင္းရဲ႕ရလဒ္ပိုင္းဆိုးရြားမႈေတြေၾကာင့္ အသင္းကေနထြက္ဖို႔ ဘုတ္အဖြဲ႕တာဝန္ရွိသူေတြထံ ေတာင္းဆိုထားတဲ့ ဘာစီလို နာတိုက္စစ္မွဴး မက္ဆီရဲ႕ လာမယ့္ရာသီမွာ ဘယ္အသင္းကိုေရာက္ရွိမလဲဆိုတဲ့ အေလးေပးမႈမွာေတာ့ ဘာစီလိုနာမွာပဲ ဆက္ရွိမယ္ဆိုတဲ့ အေလးေပးမႈက ေရပန္းအစားဆံုးျဖစ္ေနပါတယ္။ အသက္ ၃၃ ႏွစ္ရွိေနၿပီဆိုေပမယ့္ မက္ဆီကိုေခၚယူဖို႔ အတြက္ ဥေရာပထိပ္သီး ကလပ္အသင္းေတြက အလိုရွိေနဆဲ ျဖစ္ပါတယ္။
မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ဆက္ရွိမယ္ဆိုတဲ့ အေလးေပးမႈက ၄/၆ နဲ႔ ထိပ္ဆံုးေနရာမွာရွိေနတာျဖစ္ၿပီး ဆရာေဟာင္း ဂြါဒီယိုလာကိုင္တြယ္ေနတဲ့ မန္စီးတီးကို ေျပာင္းေရႊ႕ဖို႔က ၅/၂ နဲ႔ ဒုတိယေရပန္းအစားဆံုးျဖစ္ေနပါတယ္။ မက္ဆီကို ေခၚယူ ဖို႔ အေစာပိုင္းကတည္းက သတင္းေတြထြက္ေနခဲ့တဲ့ အင္တာမီလန္ကို ေျပာင္းေရႊ႕ဖို႔အတြက္ကေတာ့ ၃/၁ နဲ႔ တတိယေန ရာမွာ ရွိေနပါတယ္။
လီဂူး-၁ ၿပိဳင္ပြဲမွာ ေငြေၾကးအမ်ားဆံုးသံုးထားတဲ့ ပီအက္စ္ဂ်ီအသင္းကိုေျပာင္းေရႊ႕ဖို႔ကေတာ့ ၇/၁ နဲ႔ စီေရာ္နယ္ဒိုရွိတဲ့ ဂ်ဴဗင္ တပ္ကို ေျပာင္းေရႊ႕ဖို႔ ၁၄/၁ ျဖစ္ေနပါတယ္။ ေနာက္ထပ္အသင္းႀကီးတစ္သင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းဖို႔ကေတာ့ ၁၆/၁ ရွိေနပါတယ္။ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ႏိုင္တယ္ဆိုတဲ့ ဖြင့္လွစ္မႈဟာ မက္ဆီအေနနဲ႔ အာဂ်င္တီးနားကလပ္ အသင္းတစ္ခုခုကို ေျပာင္းေရႊ႕ႏိုင္တယ္ဆိုတဲ့ ဖြင့္လွစ္မႈနဲ႔ အတူတူပဲ ရွိေနတာျဖစ္ပါတယ္။
မက္ဆီလို ကမ႓ာ့အေကာင္းဆံုးကစားသမားဆုကို ၆ ႀကိမ္ရထားတဲ့ကစားသမားတစ္ေယာက္ကို အသင္းတိုင္းကေခၚယူခ်င္ တာေၾကာင့္ လီဗာပူး၊ခ်ဲလ္ဆီး၊ယူႏိုက္တက္နဲ႔ ရီးရဲလ္တို႔ကိုလည္း ေရာက္ရွိႏိုင္တယ္လို႔ အေလးေပးမႈေတြရွိထားပါတယ္။ လီဗာပူးက ၂၀/၁ ၊ ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္က ၂၅/၁ ၊ ရီးရဲလ္က ၆၆/၁ နဲ႔ အစဥ္လိုက္ရပ္တည္ေနပါတယ္။ ဘာစီလိုနာရဲ႕ ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ မက္ဆီအေနနဲ႔ ရီးရဲလ္ကို ေျပာင္းေရႊ႕ဖို႔ေတာ့ အခြင့္အေရးနည္းတယ္လို႔ သိရပါတယ္။