ရေပန်းအစားဆုံးဖြစ်ခဲ့တဲ့ ရော်နယ်ကိုးမန်း တစ်ယောက် ဘာစီလိုနာနည်းပြ ဖြစ်လာခဲ့ပြီ

ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို အရှက်တခွဲရှုံးပြီးနောက်မှာတော့ နည်းပြဆက်တီယန်ကို ထုတ်ပယ် လိုက်ပြီး ကစားသမားဟောင်းလည်းဖြစ်၊ လက်ထောက်နည်းပြဟောင်းလည်း ဖြစ်တဲ့ ရော်နယ်ကိုးမန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။ အစောပိုင်းမှာ စပါးအသင်းကထွက်ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုက ရေပန်းစားခဲ့ပေမယ့် နောက်ပိုင်းမှာ ရော်နယ်ကိုးမန်းရဲ့ အလေးပေးမှုတွေ သိသိသာသာ တက်လာခဲ့ပြီးမှာ တော့ ရော်နယ်ကိုးမန်းက ဘာစီလိုနာ နည်းပြဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းအနေနဲ့ လက်ရှိမှာ နယ်သာလန်လက်ရွေးစင်အသင်းကို တာဝန်ယူထားတဲ့သူတစ်ဦးဖြစ်တာကြောင့် ဘာစီလိုနာအနေနဲ့ ရော်နယ်ကိုးမန်းအတွက် နယ်သာလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ သတင်း တွေရဲ့ ဖော်ပြချက်အရတော့ ဘာစီလိုနာဟာ ရော်နယ်ကိုးမန်းကို ၂နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ကိုးမန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ဗဲလ်ဗာဒီထုတ်ပယ်ခံရတုန်းကလည်း ဘာစီလိုနာနည်းပြဖြစ်ဖို့ ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။

ရော်နယ်ကိုးမန်းဟာ ကစားသမားဘဝတုန်းက ဘာစီလိုနာမှာ ၆ နှစ်ကြာကစားခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ဘာစီလိုနာရဲ့ဂန္တဝင် နည်းပြတစ်ဦးဖြစ်တဲ့ ရုဒ်ဂူးလစ်ရဲ့လက်အောက်မှာလည်း လက်ထောက်နည်းပြအဖြစ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဘာစီလို နာ ဘုတ်အဖွဲ့က လာမယ့်စက်တင်ဘာ ၁၂ ရက်နေ့မှာ ဘောလုံးရာသီသစ်စတင်မှာဖြစ်တာကြောင့် အပြောင်းအလဲတွေ ကို အလျင်အမြန်ပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာဟာ အစောပိုင်းတုန်းက ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဇာဗီကို နည်းပြအဖြစ်ခန့်အပ်ဖို့ လုပ်ဆောင်ခဲ့ပေ မယ့် ဇာဗီက လက်ရှိနည်းပြနေတဲ့ အဲလ်ဆတ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် မခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဇာဗီနောက်မှာတော့ ပိုချက်တီနို၊ လောရင့်ဘလန့်နဲ့ အာစင်ဝင်းဂါးတို့ကိုတောင် ဘာစီလိုနာအနေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

zawgyi version

ေရပန္းအစားဆံုးျဖစ္ခဲ့တဲ့ ေရာ္နယ္ကိုးမန္း တစ္ေယာက္ ဘာစီလိုနာနည္းျပ ျဖစ္လာခဲ့ၿပီ
ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္ကို အရွက္တခြဲရႈံးၿပီးေနာက္မွာေတာ့ နည္းျပဆက္တီယန္ကို ထုတ္ပယ္ လိုက္ၿပီး ကစားသမားေဟာင္းလည္းျဖစ္၊ လက္ေထာက္နည္းျပေဟာင္းလည္း ျဖစ္တဲ့ ေရာ္နယ္ကိုးမန္းကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔ သေဘာတူညီမႈ ရခဲ့ၿပီလို႔ သိရပါတယ္။ အေစာပိုင္းမွာ စပါးအသင္းကထြက္ၿပီးေနာက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ပိုခ်က္တီႏိုက ေရပန္းစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေရာ္နယ္ကိုးမန္းရဲ႕ အေလးေပးမႈေတြ သိသိသာသာ တက္လာခဲ့ၿပီးမွာ ေတာ့ ေရာ္နယ္ကိုးမန္းက ဘာစီလိုနာ နည္းျပျဖစ္လာခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ကိုးမန္းအေနနဲ႔ လက္ရွိမွာ နယ္သာလန္လက္ေရြးစင္အသင္းကို တာဝန္ယူထားတဲ့သူတစ္ဦးျဖစ္တာေၾကာင့္ ဘာစီလိုနာအေနနဲ႔ ေရာ္နယ္ကိုးမန္းအတြက္ နယ္သာလန္ေဘာလံုးအဖြဲ႕ခ်ဳပ္နဲ႔ ညွိႏိႈင္းမႈေတြ ျပဳလုပ္ခဲ့ရပါတယ္။ သတင္း ေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဘာစီလိုနာဟာ ေရာ္နယ္ကိုးမန္းကို ၂ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ေရာ္နယ္ကိုးမန္းဟာ ၿပီးခဲ့တဲ့ဇန္နဝါရီတုန္းက ဗဲလ္ဗာဒီထုတ္ပယ္ခံရတုန္းကလည္း ဘာစီလိုနာနည္းျပျဖစ္ဖို႔ ေရပန္းစားခဲ့သူ ျဖစ္ပါတယ္။
ေရာ္နယ္ကိုးမန္းဟာ ကစားသမားဘဝတုန္းက ဘာစီလိုနာမွာ ၆ ႏွစ္ၾကာကစားခဲ့ဖူးသူတစ္ဦးျဖစ္ၿပီး ဘာစီလိုနာရဲ႕ဂႏၲဝင္ နည္းျပတစ္ဦးျဖစ္တဲ့ ႐ုဒ္ဂူးလစ္ရဲ႕လက္ေအာက္မွာလည္း လက္ေထာက္နည္းျပအျဖစ္လုပ္ကိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ဘာစီလို နာ ဘုတ္အဖြဲ႕က လာမယ့္စက္တင္ဘာ ၁၂ ရက္ေန႔မွာ ေဘာလံုးရာသီသစ္စတင္မွာျဖစ္တာေၾကာင့္ အေျပာင္းအလဲေတြ ကို အလ်င္အျမန္ျပဳလုပ္ခဲ့ရတာျဖစ္တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။
ဘာစီလိုနာဟာ အေစာပိုင္းတုန္းက ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဇာဗီကို နည္းျပအျဖစ္ခန္႔အပ္ဖို႔ လုပ္ေဆာင္ခဲ့ေပ မယ့္ ဇာဗီက လက္ရွိနည္းျပေနတဲ့ အဲလ္ဆတ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တာေၾကာင့္ မခန္႔အပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဇာဗီေနာက္မွာေတာ့ ပိုခ်က္တီႏို၊ ေလာရင့္ဘလန္႔နဲ႔ အာစင္ဝင္းဂါးတို႔ကိုေတာင္ ဘာစီလိုနာအေနနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။