အေဂျက်ကို ပြန်သွားဖွယ်ရှိနေတဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်

အေဂျက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးစားဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ရပြီးနောက် အသင်းက ကစားသမားအများအပြားရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နေကြပေမယ့် ဘာစီလိုနာအသင်းဟာ အသင်းက ကစားသမား (၄) ယောက်ကိုပဲ ရောင်းချမယ့် စာရင်းထဲ ထည့်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ အင်တာမီလန်တိုက်စစ်မှူး လော်တရိုမာတီနက်ဇ်ကို ခေါ်ယူရာမှာလည်း အေးစက်နေပြီး နောက်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ အသင်းက ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်းများအရ အေဂျက်အသင်းဟာ တိုက်စစ်မှူးဟောင်းကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆွာရက်ဇ်ဟာ အေဂျက်အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ကစားခဲ့ပြီး အသင်းအတွက် (၁၅၉) ပွဲကစားကာ (၁၁၁) ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း ဆွာရက်ဇ်ရဲ့ အနာဂတ်ဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြအပြောင်းအလဲအပေါ်မှာလည်း မူတည်နေပါတယ်။ ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီအစောပိုင်းမှာ ဒဏ်ရာပြဿနာရှိခဲ့သော်လည်း အသင်းအတွက် ပြိုင်ပွဲစုံ (၂၁) ဂိုးသွင်းပေးပြီး (၁၂) ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

ေအဂ်က္ကို ျပန္သြားဖြယ္ရွိေနတဲ့ ဘာစီလိုနာ တိုက္စစ္မွဴး ဆြာရက္ဇ္

ေအဂ်က္အသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာတိုက္စစ္မွဴး ဆြာရက္ဇ္ကို ေခၚယူရန္ ၾကိဳးစားဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို အံ့အားသင့္ဖြယ္ရႈံးနိမ့္ခဲ့ရျပီးေနာက္ အသင္းက ကစားသမားအမ်ားအျပားရဲ႕ စြမ္းေဆာင္ရည္ကို ေမးခြန္းထုတ္ေနၾကေပမယ့္ ဘာစီလုိနာအသင္းဟာ အသင္းက ကစားသမား (၄) ေယာက္ကိုပဲ ေရာင္းခ်မယ့္ စာရင္းထဲ ထည့္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ဘာစီလိုနာအသင္းဟာ အင္တာမီလန္တိုက္စစ္မွဴး ေလာ္တရိုမာတီနက္ဇ္ကို ေခၚယူရာမွာလည္း ေအးစက္ေနျပီး ေနာက္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ အသက္ ၃၃ ႏွစ္အရြယ္တိုက္စစ္မွဴးဟာ အသင္းက ထြက္ခြာေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

သတင္းမ်ားအရ ေအဂ်က္အသင္းဟာ  တိုက္စစ္မွဴးေဟာင္းကို စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ ဆြာရက္ဇ္ဟာ ေအဂ်က္အသင္းမွာ ၂၀၀၇ ခုႏွစ္ကေန ၂၀၁၁ ကစားခဲ့ျပီး အသင္းအတြက္ (၁၅၉) ပြဲကစားကာ (၁၁၁) ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။ သို႔ေသာ္လည္း ဆြာရက္ဇ္ရဲ႕ အနာဂတ္ဟာ ဘာစီလိုနာအသင္းရဲ႕ နည္းျပအေျပာင္းအလဲအေပၚမွာလည္း မူတည္ေနပါတယ္။ ဆြာရက္ဇ္ဟာ ျပီးခဲ့တဲ့ရာသီအေစာပိုင္းမွာ ဒဏ္ရာျပႆနာရွိခဲ့ေသာ္လည္း အသင္းအတြက္ ျပိဳင္ပြဲစံု (၂၁) ဂိုးသြင္းေပးျပီး (၁၂) ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။