ရီးရဲလ်က ထွက်ချင်ပေမယ့် အသင်းက ထွက်ခွင့်မပေးဘူးလို့ ပြောခဲ့တဲ့ ကွင်းလယ်ကစားသမား ဂျိမ်းရိုဒရီဂွတ်ဇ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ဂျိမ်းရိုဒရီဂွတ်ဇ်က သူအနေနဲ့ အသင်းကထွက်ဖို့ ဆန္ဒရှိနေပေမယ့် အသင်းက သူကို ထွက်ခွင့်မပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ ဘိုင်ယန်မြူးနစ်မှာအဌားနဲ့ ၂ နှစ်သွား ကစားပြီးနောက် ရီးရဲလ်ကို ပြန်ရောက်လာခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရခဲ့သလို အသင်းပြောင်းရွှေ့မယ်ဆိုတော့လည်း ရီးရဲလ်ဘက်က ပြောင်းရွှေ့ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

ကိုလံဘီယာတိုက်စစ်မှူး ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ ၂၀၁၄ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက ရီးရဲလ်ကိုရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ရဲ့ သုံးနှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူနိုင်တဲ့အချိန်မှာ ဂျိမ်းရိုဒရီဂွတ်အနေနဲ့ တစ်ရာသီလုံးမှာမှ ၄၁၉ မိနစ်ပဲ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားခွင့်ရခဲ့တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ အသင်းပြောင်းဖို့အတွက် သတင်းတွေထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်က “ အခြားကစားသမားတွေလို မဟုတ်တာကြောင့် ကျွန်တော်အနေနဲ့ အမြဲတမ်း ကစားခွင့်ရဖို့ လိုအပ်ပါတယ်။ ကျွန်တော်ရဲ့ ခြေစွမ်းမကောင်းဘူးဆိုရင် အရန်ခုံမှာ ထိုင်ရတာကို လက်ခံနိုင်ပါ တယ်။ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ကျွန်တော်လည်း အမြဲတမ်းကစားခွင့်ရချင်ပါတယ်။ အသင်းပြောင်းမယ် ဆိုတော့လည်း ခွင့်မပြုတာက လက်မခံနိုင်စရာပါပဲ” လို့ ပြောခဲ့ပါတယ်။

ဂျိမ်းရိုဒရီဂွတ်ဟာ ရီးရဲလ်နည်းပြဇီဒန်းနဲ့ အဆင်မပြေမှုတွေကြောင့် အသင်းမှာ ဇီဒန်းဆက်ရှိနေချိန်မှာတော့ သူအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မလွယ်ကြောင်းပြောခဲ့ပါတယ်။ ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ ရီးရဲလ်နဲ့ ၂၀၂၁ ခုနှစ် နွေရာသီ မှ စာချုပ်သက် တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် ဒီနှစ်မှာမှ အသင်းပြောင်းရွှေ့ခွင့်ကို ပိတ်ပင်ထားမယ်ဆိုရင် လာမယ့်နွေရာသီမှာ ရီးရဲလ် အနေနဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဆုံးရှုံးရဖို့ရှိနေတာ ဖြစ်ပါတယ်။

zawgyi version

ရီးရဲလ္က ထြက္ခ်င္ေပမယ့္ အသင္းက ထြက္ခြင့္မေပးဘူးလို႔ ေျပာခဲ့တဲ့ ကြင္းလယ္ကစားသမား ဂ်ိမ္း႐ိုဒရီဂြတ္ဇ္
ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမား ဂ်ိမ္း႐ိုဒရီဂြတ္ဇ္က သူအေနနဲ႔ အသင္းကထြက္ဖို႔ ဆႏၵရွိေနေပမယ့္ အသင္းက သူကို ထြက္ခြင့္မေပးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ ဘိုင္ယန္ျမဴးနစ္မွာအဌားနဲ႔ ၂ ႏွစ္သြား ကစားၿပီးေနာက္ ရီးရဲလ္ကို ျပန္ေရာက္လာခဲ့ေပမယ့္ ပံုမွန္ပြဲထြက္ခြင့္မရခဲ့သလို အသင္းေျပာင္းေရႊ႕မယ္ဆိုေတာ့လည္း ရီးရဲလ္ဘက္က ေျပာင္းေရႊ႕ခြင့္မေပးခဲ့ဘူးလို႔ သိရပါတယ္။
ကိုလံဘီယာတိုက္စစ္မွဴး ဂ်ိမ္း႐ိုဒရီဂြတ္ဇ္အေနနဲ႔ ၂၀၁၄ ခုႏွစ္ကမ႓ာ့ဖလားၿပိဳင္ပြဲၿပီးကတည္းက ရီးရဲလ္ကိုေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္ရဲ႕ သံုးႏွစ္ၾကာေဝးကြာေနတဲ့ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္တဲ့အခ်ိန္မွာ ဂ်ိမ္း႐ိုဒရီဂြတ္အေနနဲ႔ တစ္ရာသီလံုးမွာမွ ၄၁၉ မိနစ္ပဲ ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီမွာ ၿပိဳင္ပြဲစံု ၁၄ ပြဲသာ ကစားခြင့္ရခဲ့တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္အေနနဲ႔ အသင္းေျပာင္းဖို႔အတြက္ သတင္းေတြထြက္ေပၚေနသူလည္း ျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္က “ အျခားကစားသမားေတြလို မဟုတ္တာေၾကာင့္ ကြ်န္ေတာ္အေနနဲ႔ အၿမဲတမ္း ကစားခြင့္ရဖို႔ လိုအပ္ပါတယ္။ ကြ်န္ေတာ္ရဲ႕ ေျခစြမ္းမေကာင္းဘူးဆိုရင္ အရန္ခံုမွာ ထိုင္ရတာကို လက္ခံႏိုင္ပါ တယ္။ ကစားသမားတစ္ေယာက္ျဖစ္တာေၾကာင့္ ကြ်န္ေတာ္လည္း အၿမဲတမ္းကစားခြင့္ရခ်င္ပါတယ္။ အသင္းေျပာင္းမယ္ ဆိုေတာ့လည္း ခြင့္မျပဳတာက လက္မခံႏိုင္စရာပါပဲ” လို႔ ေျပာခဲ့ပါတယ္။
ဂ်ိမ္း႐ိုဒရီဂြတ္ဟာ ရီးရဲလ္နည္းျပဇီဒန္းနဲ႔ အဆင္မေျပမႈေတြေၾကာင့္ အသင္းမွာ ဇီဒန္းဆက္ရွိေနခ်ိန္မွာေတာ့ သူအေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ မလြယ္ေၾကာင္းေျပာခဲ့ပါတယ္။ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ ရီးရဲလ္နဲ႔ ၂၀၂၁ ခုႏွစ္ ေႏြရာသီ မွ စာခ်ဳပ္သက္ တမ္းကုန္ဆံုးမွာ ျဖစ္တာေၾကာင့္ ဒီႏွစ္မွာမွ အသင္းေျပာင္းေရႊ႕ခြင့္ကို ပိတ္ပင္ထားမယ္ဆိုရင္ လာမယ့္ေႏြရာသီမွာ ရီးရဲလ္ အေနနဲ႔ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ကို ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ဆံုးရႈံးရဖို႔ရွိေနတာ ျဖစ္ပါတယ္။