ဒီနေ့မှာဆက်တီယန်ကိုထုတ်ပယ်ပြီး ပိုချက်တီနိုနဲ့ ရော်နယ်ကိုးမန်းတို့ နှစ်ယောက်ထဲကတစ်ယောက်ကို နည်းပြခန့်တော့ မယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရှက်တကွဲရှုံးနိမ့်ပြီးနောက်မှာတော့ နည်းပြဆက်တီယန်ကို ထုတ်ပယ်ဖို့ရှိနေတယ် လို့ သတင်းတွေထွက်ပေါ်အပြီး ဒီနေ့မှာ ထုတ်ပယ်ကာ ပိုချက်တီနိုနဲ့ ရော်နယ်ကိုးမန်းတို့ နှစ်ယောက်ထဲက တစ်ယောက်ကို နည်းပြအဖြစ် ခန့်အပ်မယ်လို့ သိရပါတယ်။ ဘာစီလိုနာနည်းပြသစ်ဖြစ်လာဖို့အတွက်တော့ စပါးနည်းပြဟောင်း ပိုချက်တီနို က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဘာစီလိုနာအတွက် နောက်ထပ်အခက်အခဲတစ်ခုက အဓိကတိုက်စစ်မှူး မက်ဆီအနေနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အသင်း တာဝန်ရှိတွေကို ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ချင်တယ်လို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အသင်း ရဲ့ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ မက်ဆီကို စီးရီးအေကလပ်ဖြစ်တဲ့အင် တာမီလန်ကို ခေါ်ယူဖို့ အစောပိုင်းကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ဘာစီလိုနာဥက္ကဌ ဘာတိုမီယူအနေနဲ့ အသင်းရဲ့ ရလဒ်ပိုင်းဆိုးရွားမှုတွေကြောင့် ရာထူးနှုတ်ထွက်ဖို့ ရှိ တယ်လို့ သတင်းတွေထွက်ဖော်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ၂၀၂၁ ခုနှစ်နွေရာသီအထိ စာချုပ်သက်တမ်းရှိနေတဲ့ ဘာတိုမီယူအနေနဲ့ ဘာစီလိုနာဥက္ကဌအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး အသင်းကိုသာ ပြောင်းလဲမှုပြုလုပ်သွားမှာဖြစ်ပါတယ်။ ဘာတိုမီယူက ဆက်တီယန်ရဲ့နေရာအတွက် နည်းပြအစားထိုးဖို့ ကိစ္စကသာအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာနည်းပြနေရာအတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ စပါးက ထွက်ပြီးနောက်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုက နယ်သာလန်လက်ရွေးစင်အသင်းနဲ့ စာချုပ်သက်တမ်းတိုး ထားတဲ့ ရော်နယ်ကိုးမန်းထက်စာရင် ဘာတိုမီယူရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံရတယ်လို့ သိရပါတယ်။ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာကစားသမားဟောင်း တစ်ယောက်ဖြစ်သလို အသင်းရဲ့လက်ထောက်နည်းပြအဖြစ်လည်း လုပ်ဆောင်ဖူးသူဖြစ် ပါတယ်။