ရီးရဲလ်လူငယ်ကစားသမား ရေနီယာ ကို အဌားနဲ့ခေါ်ယူဖို့ နီးစပ်နေပြီလို့ ဒေါ့မွန်နည်းပြ ဖာဗရီ ပြောကြား

ဒေါ့မွန်အသင်းနည်းပြ ဖာဗရီက ရီးရဲလ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မလွယ်တဲ့ လူငယ်ကစားသမား ရေနီယာကို အဌားနဲ့ခေါ်ယူဖို့ နီးစပ်တဲ့အနေအထားတွေမှာ ရှိနေပြီလို့ ပြောခဲ့ပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ရေနီယာ ဟာပြီးခဲ့တဲ့ ဇန်နဝါရီ အ ပြောင်းအရွှေ့တုန်းက ဘရာဇီးကလပ် ဖလာမင်ဂိုကနေ ယူရို ၃၅ သန်းနဲ့ ပြောင်းရွှေ့ဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ ရီးရဲလ် ဟာ ရေနီယာကို ၆နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့ပေမယ့် လူငယ်အသင်းမှာပဲ ကစားစေခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ဟာ လူငယ်ကစားသမားတွေကို ဦးစားပေးလေ့ရှိတယ်ဆိုပေမယ့် နေရာရဖို့မလွယ်တဲ့အနေအထားတွေကြောင့် အခြားအသင်းတွေကို အဌားချပြီး အတွေ့အကြုံရစေဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဘရားဇီးကစားသမားဖြစ်တဲ့ ရေနီယာက ဟာ ဒုတိယကာကာ လို့ တင်စားခံရသူဖြစ်ပြီး သူကိုခေါ်ယူဖို့အတွက် ဂျာမန်ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်နဲ့လေဗာ ကူဆင်တို့က စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ သြစတြီးယားဝိန်းအသင်းကို ဆယ့်တစ်ဂိုးနှစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာတော့ နည်းပြဖာဗရီက “ ရေနီယာကို ဒေါ့မွန်အတွက် လိုချင်ပါတယ်။ သူက ကျောနံပါတ်ကိုး ကစားသမားလို ကစားနိုင်တဲ့အပြင် တောင်ပံတွေမှာပါ ကစားနိုင်ပါတယ်။တိုက်စစ်မှာ နေရာစုံကစားနိုင်ပြီး အဆုံးသတ်ကောင်းသူလည်း ဖြစ်ပါတယ်” လို့ ပြော ခဲ့ပါတယ်။

ဒေါ့မွန်အနေနဲ့ ဒီနှစ်အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းဖို့ သတင်းတွေထွက်နေတဲ့ အဓိက,ကစားသမား ဆန်ချို ကို ဆက်ထိန်းထားနိုင်ဖို့ များနေသလို ပီအက်စ်ဂျီကနောက်ခံလူ မူနီယာ၊ ဘာမင်ဂမ်က ဘင်လင်ဟမ်တို့ကို လည်းခေါ်ယူ ထားခဲ့တာဖြစ်ပါတယ်။ရေနီယာအနေနဲ့ ဒေါ့မွန်ကို ရောက်ရှိခဲ့မယ်ဆိုရင် ဒီနှစ်နွေရာသီမှာ အသင်းကိုရောက်ရှိလာတဲ့ တတိယမြောက်ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

zawgyi version

ရီးရဲလ္လူငယ္ကစားသမား ေရနီယာ ကို အဌားနဲ႔ေခၚယူဖို႔ နီးစပ္ေနၿပီလို႔ ေဒါ့မြန္နည္းျပ ဖာဗရီ ေျပာၾကား
ေဒါ့မြန္အသင္းနည္းျပ ဖာဗရီက ရီးရဲလ္မွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ မလြယ္တဲ့ လူငယ္ကစားသမား ေရနီယာကို အဌားနဲ႔ေခၚယူဖို႔ နီးစပ္တဲ့အေနအထားေတြမွာ ရွိေနၿပီလို႔ ေျပာခဲ့ပါတယ္။ အသက္ ၁၈ ႏွစ္သာ ရွိေသးတဲ့ ေရနီယာ ဟာၿပီးခဲ့တဲ့ ဇန္နဝါရီ အ ေျပာင္းအေရႊ႕တုန္းက ဘရာဇီးကလပ္ ဖလာမင္ဂိုကေန ယူ႐ို ၃၅ သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔သေဘာတူခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္ ဟာ ေရနီယာကို ၆ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေခၚယူခဲ့ေပမယ့္ လူငယ္အသင္းမွာပဲ ကစားေစခဲ့တာျဖစ္ပါတယ္။
ရီးရဲလ္ဟာ လူငယ္ကစားသမားေတြကို ဦးစားေပးေလ့ရွိတယ္ဆိုေပမယ့္ ေနရာရဖို႔မလြယ္တဲ့အေနအထားေတြေၾကာင့္ အျခားအသင္းေတြကို အဌားခ်ၿပီး အေတြ႕အၾကံဳရေစဖို႔ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။ ဘရားဇီးကစားသမားျဖစ္တဲ့ ေရနီယာက ဟာ ဒုတိယကာကာ လို႔ တင္စားခံရသူျဖစ္ၿပီး သူကိုေခၚယူဖို႔အတြက္ ဂ်ာမန္ကလပ္ေတြျဖစ္တဲ့ ေဒါ့မြန္နဲ႔ေလဗာ ကူဆင္တို႔က စိတ္ဝင္စားခဲ့ၾကတာျဖစ္ပါတယ္။
ေဒါ့မြန္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲျဖစ္တဲ့ ၾသစႀတီးယားဝိန္းအသင္းကို ဆယ့္တစ္ဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ နည္းျပဖာဗရီက “ ေရနီယာကို ေဒါ့မြန္အတြက္ လိုခ်င္ပါတယ္။ သူက ေက်ာနံပါတ္ကိုး ကစားသမားလို ကစားႏိုင္တဲ့အျပင္ ေတာင္ပံေတြမွာပါ ကစားႏိုင္ပါတယ္။တိုက္စစ္မွာ ေနရာစံုကစားႏိုင္ၿပီး အဆံုးသတ္ေကာင္းသူလည္း ျဖစ္ပါတယ္” လို႔ ေျပာ ခဲ့ပါတယ္။
ေဒါ့မြန္အေနနဲ႔ ဒီႏွစ္အေျပာင္းအေရႊ႕ေစ်းကြက္မွာ အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေနတဲ့ အဓိက,ကစားသမား ဆန္ခ်ိဳ ကို ဆက္ထိန္းထားႏိုင္ဖို႔ မ်ားေနသလို ပီအက္စ္ဂ်ီကေနာက္ခံလူ မူနီယာ၊ ဘာမင္ဂမ္က ဘင္လင္ဟမ္တို႔ကိုလည္းေခၚယူ ထားခဲ့တာျဖစ္ပါတယ္။ေရနီယာအေနနဲ႔ ေဒါ့မြန္ကို ေရာက္ရွိခဲ့မယ္ဆိုရင္ ဒီႏွစ္ေႏြရာသီမွာ အသင္းကိုေရာက္ရွိလာတဲ့ တတိယေျမာက္ကစားသမား ျဖစ္လာမွာ ျဖစ္ပါတယ္။