ဘရာဇီးကို ၂၀၁၄ ခုနှစ်က အနိုင်ရခဲ့တုန်းကထက် ဘာစီလိုနာအသင်းကို (၈-၂) နဲ့ အနိုင်ရတာက ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ သောမတ်စ်မူလာ

သောမတ်စ်မူလာက ဘိုင်ယန်မြူးနစ်အသင်း သောကြာနေ့ညက ဘာစီလိုနာအသင်းကို (၈-၂) နဲ့ အနိုင်ရခဲ့တာက ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို (၇-၁) နဲ့ အနိုင်ရခဲ့တာထက် ပိုကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၃၀ အရွယ်တိုက်စစ်ကစားသမားဟာ လစ္စဘွန်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၂) ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မူလာက “၂၀၁၄ ခုနှစ်တုန်းက ဘရာဇီးကို ကျွန်တော်တို့ ထိန်းချုပ်မကစားနိုင်ခဲ့ပါဘူး။ ဘောလုံးမှာ ဒါဟာ ဖြစ်တတ်ပေမယ့် အဲ့အကြောင်းမပြောပဲ ဒီနေ့ အကြောင်းပြောရအောင်။ ဒီညက ထူးခြားတဲ့ ညတစ်ည ၊ ရလဒ် နဲ့ ကျွန်တော်တို့ ကစားခဲ့တာက အရမ်းကိုထူးခြားပါတယ်။ အကောင်းဆုံးက လူစားဝင်ကစားခဲ့တဲ့ ကစားသမားတွေမှာလည်း တူညီတဲ့ စိတ်ဓာတ် တွေရှိတာကို မြင်ရတာပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ လာရောက်ကစားနေတဲ့ ကော်တင်ဟိုဟာ အသင်းအတွက် ကင်မစ်ချ် နဲ့ လီဝန်ဒေါစကီးတို့ သွင်းပြီးနောက် (၁) ဂိုးဖန်တီးပေးပြီး (၂) ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ မူလာက “ဒါဘယ်လို ခံစားရမလဲဆိုတာ စိတ်ကူးလို့ရပါတယ်။ ပွဲအပြီးမှာ ကျွန်တော်တို့အတွက် အရမ်းကို ထူးခြားပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ပြန်ပြီး ပြင်ဆင်ရပါမယ်။ အရေးကြီးတာက နောက်ပွဲပါ။ နောက်ပွဲက (ဝ-၀) နဲ့ ပြန်စမှာပါ။ အခြားအသင်းတွေလည်း ကျွန်တော်တို့ ပွဲကို ကြည့်နေမယ်ဆိုတာ သိပါတယ်။ နောက်ပွဲကို အနိုင်ကစားပြီး ဗိုလ်လုပွဲတက်ရမှာပါ။ ကျွန်တော်တို့ တိတ်တဆိတ်၊ အေးအေးချမ်းချမ်း နဲ့ ပျော်ရွှင်ရမှာပါ” လို့ ထပ်ပြီးပြောသွားခဲ့ပါတယ်။

ဘရာဇီးကို ၂၀၁၄ ခုႏွစ္က အႏိုင္ရခဲ့တုန္းကထက္ ဘာစီလိုနာအသင္းကို (၈-၂) နဲ႔ အႏိုင္ရတာက ပိုေကာင္းတယ္လို႔ ဆိုလိုက္တဲ့ ေသာမတ္စ္မူလာ

ေသာမတ္စ္မူလာက ဘိုင္ယန္ျမဴးနစ္အသင္း ေသာၾကာေန႔ညက ဘာစီလိုနာအသင္းကို (၈-၂) နဲ႔ အႏိုင္ရခဲ့တာက ၂၀၁၄ ကမာၻ႕ဖလားတုန္းက ဘရာဇီးကို (၇-၁) နဲ႔ အႏိုင္ရခဲ့တာထက္ ပိုေကာင္းတယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၃၀ အရြယ္တိုက္စစ္ကစားသမားဟာ လစၥဘြန္းမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ (၂) ဂိုးသြင္းေပးခဲ့သူ ျဖစ္ပါတယ္။

ပြဲအျပီးမွာ မူလာက “၂၀၁၄ ခုႏွစ္တုန္းက ဘရာဇီးကို ကၽြန္ေတာ္တို႔ ထိန္းခ်ဳပ္မကစားႏိုင္ခဲ့ပါဘူး။ ေဘာလံုးမွာ ဒါဟာ ျဖစ္တတ္ေပမယ့္ အဲ့အေၾကာင္းမေျပာပဲ ဒီေန႔ အေၾကာင္းေျပာရေအာင္။ ဒီညက ထူးျခားတဲ့ ညတစ္ည ၊ ရလဒ္ နဲ႔ ကၽြန္ေတာ္တို႔ ကစားခဲ့တာက အရမ္းကိုထူးျခားပါတယ္။ အေကာင္းဆံုးက လူစား၀င္ကစားခဲ့တဲ့ ကစားသမားေတြမွာလည္း တူညီတဲ့ စိတ္ဓာတ္ ေတြရွိတာကို ျမင္ရတာပါပဲ” လို႔ ေျပာသြားခဲ့ပါတယ္။

ဘာစီလိုနာကေန ဘိုင္ယန္ျမဴးနစ္အသင္းကို အငွားနဲ႔ လာေရာက္ကစားေနတဲ့ ေကာ္တင္ဟိုဟာ အသင္းအတြက္ ကင္မစ္ခ်္ နဲ႔ လီ၀န္ေဒါစကီးတို႔ သြင္းျပီးေနာက္ (၁) ဂိုးဖန္တီးေပးျပီး (၂) ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။ မူလာက “ဒါဘယ္လို ခံစားရမလဲဆိုတာ စိတ္ကူးလို႔ရပါတယ္။ ပြဲအျပီးမွာ ကၽြန္ေတာ္တို႔အတြက္ အရမး္ကို ထူးျခားပါတယ္။

ဒါေပမယ့္ ကၽြန္ေတာ္တို႔ ျပန္ျပီး ျပင္ဆင္ရပါမယ္။ အေရးၾကီးတာက ေနာက္ပြဲပါ။ ေနာက္ပြဲက (၀-၀) နဲ႔ ျပန္စမွာပါ။ အျခားအသင္းေတြလည္း ကၽြႏ္ေတာ္တို႔ ပြဲကို ၾကည့္ေနမယ္ဆိုတာ သိပါတယ္။ ေနာက္ပြဲကို အႏိုင္ကစားျပီး ဗိုလ္လုပြဲတက္ရမွာပါ။ ကၽြန္ေတာ္တို႔ တိတ္တဆိတ္၊ ေအးေအးခ်မ္းခ်မ္း နဲ႔ ေပ်ာ္ရႊင္ရမွာပါ” လို႔ ထပ္ျပီးေျပာသြားခဲ့ပါတယ္။