မက်ဆီ ဘာစီလိုနာအသင်းက ထွက်ခွာနိုင်တယ်လို့ ဆိုလိုက်တဲ့ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်
ဖာဒီနန်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်း ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲ ရှုံးခဲ့ရပြီးနောက် မက်ဆီ အသင်းကနေထွက်ခွာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဘောလွန်းဒီအောဆုရ ကစားသမားဟာ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ဂျာမန်ဘီလူးအသင်းကို မယှဉ်နိုင်ပဲ ကွာတားဖိုင်နယ်မှာ (၈-၂) ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ။်
ဖာဒီနန်က “မက်ဆီ ဘာတွေ စဉ်းစားနေမလဲ ဒီည အိမ်ကိုပြန်မှာလား?၊ သူ့ရဲ့ ကျန်တဲ့ကစားသမားဘ၀ အချိန်မှာ ဒီအသင်းအင်္ကျီကို ပဲ ဝတ်ထားမှာလား။ သူ့မှာ ထိုင်ပြီး စောင့်နေဖို့ အချိန်ရော ရှိရဲ့လား? ဘောလုံးဆိုတာ ဘဝကို လျင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။ နောက်(၂) နှစ်မှာ သူ့မှာ ပွဲအတွင်း ကောင်းစွာ စွမ်းဆောင်နိုင်ဦးမှာပါ။
ဒါပေမယ့် ဒီအသင်းမှာဆိုရင် ကြီးကျယ်တဲ့ ဆုဖလားတွေကို ရဖို့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။ ဒုတိယပိုင်းမစခင်မှာ အာဂျင်တီးနား ကစားသမား နဲ့ ဂိုးသမား တာစတီဂန် တို့ဟာ တံခါးဝမှာ စိတ်ပျက်နေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။အသက် ၃၃ နှစ်အရွယ် မက်ဆီကို အင်တာမီလန်အသင်းကလည်း ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
အင်တာမီလန်အသင်း ဥက္ကဌဟောင်း မိုရက်တီဟာ ဆန်စီရို မှာ မက်ဆီကို ခေါ်ယူနိုင်စွမ်းရှိတယ်လို့ မကြာသေးခင်က ပြောသွားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းခေါင်းဆောင်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၃၁) ဂိုးသွင်းပြီး (၂၆) ဂိုးသွင်းထားပေးသော်လည်း အသင်းအတွက် ဘာဆုဖလားတစ်ခုမှ ရယူပေးနိုင်ခြင်းမရှိခဲ့ပါဘူး။