အင်တာမီလန်အသင်းရဲ့ လက်ရှိပိုင်ရှင်က မက်ဆီကို ခေါ်ယူနိုင်စွမ်းရှိတယ်လို့ ဆိုလိုက်တဲ့ ဥက္ကဌဟောင်းမိုရက်တီ

အင်တာမီလန်အသင်းရဲ့ ဥက္ကဌဟောင်း မိုရက်တီက လက်ရှိ အင်တာမီလန်အသင်းဟာ မက်ဆီကို ဆန်စီရိုကို ဒီနွေရာသီမှာ ခေါ်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။ဘာစီလိုနာအသင်းရဲ့ ဒီနှစ်ဘောလုံးရာသီစွမ်းဆောင်ရည်တွေမှာ မက်ဆီဟာ မကြာခဏ ဝေဖန်မှု ခံခဲ့ရပြီး နည်းပြအပြောင်းအလဲတွေနဲ့အတူ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ အသင်းမှာ ဆက်နေဖို့ စာချုပ်သစ်လည်း မချုပ်ရသေးပါဘူး။

မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အင်တာမီလန်အသင်းဟာ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ် မိုရက်တီ အင်တာမီလန်အသင်းမှာ ရှိစဉ်က မက်ဆီကို ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့ပေမယ့် လက်ရှိ အသင်းပိုင်ရှင်တွေဟာ ဘောလုံးသမိုင်းရဲ့ အကြီးအမားဆုံး အပြောင်းအရွှေ့ကို လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားပါတယ်။

“ကျွန်တော်ဟာ အခုအင်တာမီလန်အသင်းရဲ့ သာမန်ပရိသတ်ပါ။ ဒါကြောင့် အသင်းအတွင်းက အခြား သတင်းအချက်အလက်တွေ ဘာမှ မသိပါဘူး။ အဲ့ဒါကို ပြောတာက အခုပြောတာတွေကို သိလို့ပါ။ မက်ဆီကို အင်တာမီလန်အသင်းက ခေါ်ယူနိုင်စွမ်းရှိပါတယ်” လို့ မိုရက်တီက ပြောသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်မချုပ်ဘူးဆိုရင် နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် ကစားသမားဖြစ်လာမှာပါ။

အီတလီက ဒီလအစောပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ အင်တာမီလန်အသင်းဟာ မက်ဆီကို တစ်နှစ်ပေါင်သန်း ၆၀ ပေးပြီး (၄) နှစ်စာချုပ်နဲ့ ခေါ်ယူရန် အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူကတော့ အသက် ၃၃ နှစ်အရွယ်ကစားသမား ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်နေသော်လည်းအသင်းမှာပဲ ဆက်ရှိနေမယ်လို့ ယုံကြည်ထားကြောင်း ပြောသွားခဲ့ပါတယ်။

“မက်ဆီရဲ့ ဘောလုံးသမားဘဝဟာ နောက် (၃) နှစ် (၄) နှစ်မှာလည်း ဘာစီလိုနာအသင်းမှာလည်း အဆုံးသတ်မယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး။ သူဟာ ဒီမှာ ကလေးကတည်းက ရှိနေတာပါ။ သူဟာ အသင်းသမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ အခုလက်ရှိတင်မဟုတ်ပါဘူး။ သမိုင်းမှာလည်း အကောင်းဆုံးပါ။ သူဟာဘာစီလိုနာမှာပဲ ဆက်ရှိနေပြီး ဒီမှာပဲ ဆက်နေမယ်ဆိုတာ သေချာပါတယ်” လို့ beIN Sports ကို ဘာတိုမြူက ပြောသွားခဲ့ပါတယ်။

အင္တာမီလန္အသင္းရဲ႕ လက္ရွိပိုင္ရွင္က မက္ဆီကို ေခၚယူႏိုင္စြမ္းရွိတယ္လို႔ ဆိုလိုက္တဲ့ ဥကၠဌေဟာင္းမိုရက္တီ

အင္တာမီလန္အသင္းရဲ႕ ဥကၠဌေဟာင္း မိုရက္တီက လက္ရွိ အင္တာမီလန္အသင္းဟာ မက္ဆီကို ဆန္စီရိုကို ဒီေႏြရာသီမွာ ေခၚယူႏိုင္စြမ္းရွိတယ္လို႔ ယံုၾကည္ေနပါတယ္။ဘာစီလိုနာအသင္းရဲ႕ ဒီႏွစ္ေဘာလံုးရာသီစြမး္ေဆာင္ရည္ေတြမွာ မက္ဆီဟာ မၾကာခဏ ေ၀ဖန္မႈ ခံခဲ့ရျပီး နည္းျပအေျပာင္းအလဲေတြနဲ႔အတူ အသင္းက ထြက္ခြာမယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ အာဂ်င္တီးနား လက္ေရြးစင္ကစားသမားဟာ အသင္းမွာ ဆက္ေနဖို႔ စာခ်ဳပ္သစ္လည္း မခ်ဳပ္ရေသးပါဘူး။

မက္ဆီရဲ႕ အနာဂတ္နဲ႔ ပတ္သက္ျပီး အင္တာမီလန္အသင္းဟာ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ အသက္ ၇၅ ႏွစ္အရြယ္ မိုရက္တီ အင္တာမီလန္အသင္းမွာ ရွိစဥ္က မက္ဆီကို ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ က်ရႈံးခဲ့ေပမယ့္ လက္ရွိ အသင္းပိုင္ရွင္ေတြဟာ ေဘာလံုးသမိုင္းရဲ႕ အၾကီးအမားဆံုး အေျပာင္းအေရႊ႕ကို လုပ္ႏိုင္စြမ္းရွိတယ္လို႔ ယံုၾကည္ထားပါတယ္။

“ကၽြန္ေတာ္ဟာ အခုအင္တာမီလန္အသင္းရဲ႕ သာမန္ပရိသတ္ပါ။ ဒါေၾကာင့္ အသင္းအတြင္းက အျခား သတင္းအခ်က္အလက္ေတြ ဘာမွ မသိပါဘူး။ အဲ့ဒါကို ေျပာတာက အခုေျပာတာေတြကို သိလို႔ပါ။ မက္ဆီကို အင္တာမီလန္အသင္းက ေခၚယူႏိုင္စြမ္းရွိပါတယ္” လို႔ မိုရက္တီက ေျပာသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဘူးဆိုရင္ ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရႏိုင္မယ့္ ကစားသမားျဖစ္လာမွာပါ။ အီတလီက ဒီလအေစာပိုင္း ထြက္ေပၚခဲ့တဲ့ သတင္းမ်ားအရ အင္တာမီလန္အသင္းဟာ မက္ဆီကို တစ္ႏွစ္ေပါင္သန္း ၆၀ ေပးျပီး (၄) ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူရန္ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဥကၠဌ ဘာတိုျမဴကေတာ့ အသက္ ၃၃ ႏွစ္အရြယ္ကစားသမား ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ျပီး ေကာလဟာလေတြ ထြက္ေပၚေနေသာ္လည္းအသင္းမွာပဲ ဆက္ရွိေနမယ္လို႔ ယံုၾကည္ထားေၾကာင္း ေျပာသြားခဲ့ပါတယ္။

“မက္ဆီရဲ႕ ေဘာလံုးသမားဘ၀ဟာ ေနာက္ (၃) ႏွစ္ (၄) ႏွစ္မွာလည္း ဘာစီလိုနာအသင္းမွာလည္း အဆံုးသတ္မယ္ဆိုတာ ကၽြန္ေတာ္သံသယမရွိပါဘူး။ သူဟာ ဒီမွာ ကေလးကတည္းက ရွိေနတာပါ။ သူဟာ အသင္းသမိုင္းရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ သူဟာ ကမာၻ႕အေကာင္းဆံုးကစားသမားပါ။ အခုလက္ရွိတင္မဟုတ္ပါဘူး။ သမိုင္းမွာလည္း အေကာင္းဆံုးပါ။ သူဟာဘာစီလိုနာမွာပဲ ဆက္ရွိေနျပီး ဒီမွာပဲ ဆက္ေနမယ္ဆိုတာ ေသခ်ာပါတယ္” လို႔ beIN Sports ကို ဘာတိုျမဴက ေျပာသြားခဲ့ပါတယ္။