ဘာစီလိုနာနည်းပြ ဆက်တီယန် နေရာမှာ အစားထိုးရန် ကမ်းလှမ်းခဲ့တာကို ပယ်ချလိုက်တဲ့ အာစင်းဝင်းဂါး

အာဆင်နယ်နည်းပြဟောင်းကြီး အာစင်းဝင်းဂါးဟာ ဘာစီလိုနာနည်းပြနေရာအတွက် ကမ်းလှမ်းခဲ့တာကို ပယ်ချလိုက်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အာစင်းဝင်းဂါးဟာ အာဆင်နယ်အသင်းကို (၂၂) နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ခုနှစ်က လမ်းခွဲခဲ့သူဖြစ်ပါတယ်။ အဲ့ဒီကတည်းက သူဟာ နည်းပြလောကကို ပြန်လာခဲ့ခြင်းမရှိပဲ ဖီဖာရဲ့ ဘောလုံးတိုးတက်မှု အကြီးအကဲတာဝန်ကို ထမ်းဆောင်နေပါတယ်။

Le 10 Sport က အဆိုအရ ပြင်သစ်လူမျိုးနည်းပြဟောင်းကြီးက အမ်းမရိတ်ကွင်းကနေ ထွက်လာခဲ့ကတည်းက ကမ်းလှမ်းမှု မှန်သမျှ ကို ပယ်ချခဲ့ပြီး မကြာသေးခင်ကလည်း ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းမှာ ရုန်းကန်နေရတဲ့ နည်းပြ ဆက်တီယန် နေရာမှာ အာစင်းဝင်းဂါးကို အစားထိုးရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ အမှတ်ပေးဖလားကို ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို လွှဲပြောင်းပေးခဲ့ရလို့ နည်းပြဆက်တီယန် နေရာမှာ အစားထိုးရန် နည်းပြအသစ်ရှာဖွေနေရာဖြစ်ပြီး အသက် ၇၀ ရှိနေပြီဖြစ်တဲ့ အာစင်းဝင်းဂါးဟာ ချက်ချင်းပဲ ငြင်းပယ်သွားပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်ဟောင်း ဇာဗီကိုလည်း ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် သူဟာ ကာတာကလပ် အလ်ဆက်ဒ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနည္းျပ ဆက္တီယန္ ေနရာမွာ အစားထိုးရန္ ကမ္းလွမ္းခဲ့တာကို ပယ္ခ်လိုက္တဲ့ အာစင္း၀င္းဂါး

အာဆင္နယ္နည္းျပေဟာင္းၾကီး အာစင္း၀င္းဂါးဟာ ဘာစီလိုနာနည္းျပေနရာအတြက္ ကမး္လွမး္ခဲ့တာကို ပယ္ခ်လိုက္တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ အာစင္း၀င္းဂါးဟာ အာဆင္နယ္အသင္းကို (၂၂) ႏွစ္ၾကာ ကိုင္တြယ္ခဲ့ျပီး ၂၀၁၈ ခုႏွစ္က လမ္းခြဲခဲ့သူျဖစ္ပါတယ္။ အဲ့ဒီကတည္းက သူဟာ နည္းျပေလာကကို ျပန္လာခဲ့ျခင္းမရွိပဲ ဖီဖာရဲ႕ ေဘာလံုးတိုးတက္မႈ အၾကီးအကဲတာ၀န္ကို ထမ္းေဆာင္ေနပါတယ္။

Le 10 Sport က အဆိုအရ ျပင္သစ္လူမ်ိဳးနည္းျပေဟာင္းၾကီးက အမ္းမရိတ္ကြင္းကေန ထြက္လာခဲ့ကတည္းက ကမး္လွမ္းမႈ မွန္သမွ် ကို ပယ္ခ်ခဲ့ျပီး မၾကာေသးခင္ကလည္း ဘာစီလိုနာအသင္းက ကမ္းလွမ္းခဲ့တာကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဟာ အသင္းမွာ ရုန္းကန္ေနရတဲ့ နည္းျပ ဆက္တီယန္ ေနရာမွာ အာစင္း၀င္းဂါးကို အစားထိုးရန္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒီရာသီမွာ အမွတ္ေပးဖလားကို ခါးသီးျပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ကို လႊဲေျပာင္းေပးခဲ့ရလို႔ နည္းျပဆက္တီယန္ ေနရာမွာ အစားထိုးရန္ နည္းျပအသစ္ရွာေဖြေနရာျဖစ္ျပီး အသက္ ၇၀ ရွိေနျပီျဖစ္တဲ့ အာစင္း၀င္းဂါးဟာ ခ်က္ခ်င္းပဲ ျငင္းပယ္သြားပါတယ္။ ဘာစီလိုနာအသင္းဟာ အသင္းေခါင္းေဆာင္ေဟာင္း ဇာဗီကိုလည္း ဆက္သြယ္မႈေတြ လုပ္ခဲ့ေပမယ့္ သူဟာ ကာတာကလပ္ အလ္ဆက္ဒ္အသင္းနဲ႔ ၂၀၂၁ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။