အသင်းမှာ လစာအများဆုံးဖြစ်နေတဲ့ရော်နယ်ဒိုကို ခေါ်မလားလို့ ဘာစီလိုနာအသင်းဆီ ကမ်းလှမ်းလိုက်တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ မက်ဆီ နဲ့ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဂန္တဝင် ရော်နယ်ဒိုကို ခေါ်မလားလို့ ဘာစီလိုနာအသင်းဆီ ကမ်းလှမ်းလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီ ဟာ ဘောလွန်းဒီအောဆု နောက်ဆုံး (၁၂) ကြိမ်မှာ (၂) ယောက်ပေါင်း (၁၁) ဆုအထိ ရရှိထားပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာအထိ ပြိုင်ဘက်အဖြစ် ကမ္ဘာ့ဘောလုံးပရိသတ်အများစုက သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကတည်းက စီးရီးအေ အမှတ်ပေးဖလားကို (၂) နှစ်ဆက်တိုက် ဆွတ်ခူးရယူပေးခဲ့ပေမယ့် စပိန်က သတင်းများအရ အီတလီစီးရီးအေ ချန်ပီယံအသင်းဟာ လစာလျှော့ချချင်နေတဲ့အတွက် အသင်းမှာ လစာ အများဆုံး တစ်နှစ်ပေါင် ၂၈ သန်း ရနေတဲ့ ရော်နယ်ဒိုကို ရောင်းချချင်နေတယ်လို့ သိရပါတယ်။

သတင်းများအရ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို ခေါ်မလားလို့ ဘာစီလိုနာအပါအဝင် ဥရောပထိပ်သီးအသင်းတွေဆီ ကမ်းလှမ်းခဲ့ပေမယ့် ဘယ်အသင်းကမှ သူ့ရဲ့ မြင့်မားတဲ့ လစာကို ပေးရန် စိတ်မဝင်စားခဲ့ဘူးလို့ သိရပါတယ်။ ဘာစီလိုနာအသင်းလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေးထိခိုက်ဆုံးရှုံးမှုတွေ ရှိထားလို့ ဒီနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့ လုပ်သွားဖွယ်မရှိပါဘူး။ ၂၀၁၈ ခုနှစ်က စီးရီးအေ ကလပ်အသင်းနဲ့ (၄) နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေသေးသူဖြစ်ပါတယ်။

အသင်းကို ရောက်လာတဲ့ နည်းပြသစ် ပီယာလိုဟာ ရမ်ဆေး နဲ့ အလားအလာရှိတဲ့ ဒီဘာလာ တို့ကို အသင်းကို ရောင်းချပြီး ပြန်လည်တည်ဆောက်မယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းရဲ့ ထာဝရ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ပြိုင်ပွဲစုံ (၄၃၈) ပွဲကစားထားပြီး (၄၅၀) ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ ဘာနေဗျူးမှာလည်း ကြီးမားတဲ့ အောင်မြင်မှု ရခဲ့တဲ့ရော်နယ်ဒိုဟာ စပိန်လာလီဂါ ဖလား (၂) ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်တို့ကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

အသင္းမွာ လစာအမ်ားဆုံးျဖစ္ေနတဲ့ေရာ္နယ္ဒိုကို ေခၚမလားလို႔ ဘာစီလိုနာအသင္းဆီ ကမ္းလွမ္းလိုက္တဲ့ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ မက္ဆီ နဲ႔ ကာလရွည္ၿပိဳင္ဘက္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ ဂႏၲဝင္ ေရာ္နယ္ဒိုကို ေခၚမလားလို႔ ဘာစီလိုနာအသင္းဆီ ကမ္းလွမ္းလိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ေရာ္နယ္ဒို နဲ႔ မက္ဆီ ဟာ ေဘာလြန္းဒီေအာဆု ေနာက္ဆုံး (၁၂) ႀကိမ္မွာ (၂) ေယာက္ေပါင္း (၁၁) ဆုအထိ ရရွိထားၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္အၾကာအထိ ၿပိဳင္ဘက္အျဖစ္ ကမာၻ႔ေဘာလုံးပရိသတ္အမ်ားစုက သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ေပၚတူဂီ အသင္းေခါင္းေဆာင္ဟာ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕ကတည္းက စီးရီးေအ အမွတ္ေပးဖလားကို (၂) ႏွစ္ဆက္တိုက္ ဆြတ္ခူးရယူေပးခဲ့ေပမယ့္ စပိန္က သတင္းမ်ားအရ အီတလီစီးရီးေအ ခ်န္ပီယံအသင္းဟာ လစာေလွ်ာ့ခ်ခ်င္ေနတဲ့အတြက္ အသင္းမွာ လစာ အမ်ားဆုံး တစ္ႏွစ္ေပါင္ ၂၈ သန္း ရေနတဲ့ ေရာ္နယ္ဒိုကို ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။

သတင္းမ်ားအရ ဂ်ဴဗင္တပ္စ္အသင္းဟာ ေရာ္နယ္ဒိုကို ေခၚမလားလို႔ ဘာစီလိုနာအပါအဝင္ ဥေရာပထိပ္သီးအသင္းေတြဆီ ကမ္းလွမ္းခဲ့ေပမယ့္ ဘယ္အသင္းကမွ သူ႔ရဲ႕ ျမင့္မားတဲ့ လစာကို ေပးရန္ စိတ္မဝင္စားခဲ့ဘူးလို႔ သိရပါတယ္။ ဘာစီလိုနာအသင္းလည္း ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဘ႑ာေရးထိခိုက္ဆုံးရႈံးမႈေတြ ရွိထားလို႔ ဒီေႏြရာသီမွာ ႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕ လုပ္သြားဖြယ္မရွိပါဘူး။ ၂၀၁၈ ခုႏွစ္က စီးရီးေအ ကလပ္အသင္းနဲ႔ (၄) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ စာခ်ဳပ္သက္တမ္း (၂) ႏွစ္က်န္ရွိေနေသးသူျဖစ္ပါတယ္။

အသင္းကို ေရာက္လာတဲ့ နည္းျပသစ္ ပီယာလိုဟာ ရမ္ေဆး နဲ႔ အလားအလာရွိတဲ့ ဒီဘာလာ တို႔ကို အသင္းကို ေရာင္းခ်ၿပီး ျပန္လည္တည္ေဆာက္မယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ အသင္းရဲ႕ ထာဝရ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ၿပိဳင္ပြဲစုံ (၄၃၈) ပြဲကစားထားၿပီး (၄၅၀) ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။ ဘာေနဗ်ဴးမွာလည္း ႀကီးမားတဲ့ ေအာင္ျမင္မႈ ရခဲ့တဲ့ေရာ္နယ္ဒိုဟာ စပိန္လာလီဂါ ဖလား (၂) ႀကိမ္ နဲ႔ ခ်န္ပီယံလိဂ္ဖလား (၄) ႀကိမ္တို႔ကို ဆြတ္ခူးရယူႏိုင္ခဲ့ပါတယ္။