၂ နှစ်ခွဲ အဌားကစားသမားဘဝအပြီး နောက်ဆုံးတော့ ရီးရဲလ်မှာ ကစားခွင့်ရတော့မယ့် အိုဒီဂတ်

လာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ရီးရဲလ်ဟာ အသင်းကိုပြောင်းလဲမှု ပြုလုပ်မယ်လို့ သတင်းတွေထွက်အပြီးမှာတော့ ဆိုစီဒက်ကို အဌားချထားတဲ့ ကွင်းလယ်လူ အိုဒီဂတ်ကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်ဟာ အိုဒီဂတ် ကို ၂နှစ် အဌားစာချုပ်နဲ့ ဆိုစီဒက်ကို အဌားချထားခဲ့ပေမယ့် တစ်နှစ်အပြီးမှာတော့ စာချုပ်ဖျက်သိမ်းပြီး အသင်းအတွက် ကစားပေးဖို့ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်ဟာ ၂၀၁၅ ခုနှစ်ကတည်း ရီးရဲလ်ကို ရောက်ရှိခဲ့ပေမယ့် ဟီရန်ဗင်း၊ ဗွီတက်ဆီနဲ့ ဆိုစီဒက်အသင်းတွေမှာ အဌားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆိုစီဒက်ကို အဌားချခံရပြီးနောက် ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးဖန် တီးမှု ၉ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာကြောင့် ရီးရဲလ်အနေနဲ့ ဆိုစီဒက်ကို အဌားချထားတဲ့ စာချုပ်ကို ဖြတ်သိမ်းပြီး အိုဒီဂတ် ကို ပြန်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုစီဒက်အသင်းတာဝန်ရှိသူတွေက “ အချိန်တိုလေးအတွင်းမှာပဲ အိုဒီဂတ်အနေနဲ့ အောင်မြင်မှုတွေရအောင်လုပ်ဆောင် နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ သူစွမ်းဆောင်ခဲ့တာတွေကိုတော့ ဘယ်တော့မှမေ့မှာမဟုတ်ပါ ဘူး။သူကလည်း အသင်းကိုကျေးဇူးတင်နေမှာပါ။ သူရဲ့အနာဂတ်မှာ အောင်မြင်ဖို့အတွက် ဆုတောင်းပေးပါတယ်” လို့ ပြောခဲ့ပါတယ်။

အိုဒီဂတ်က “ ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော်အတွက်မမေ့နိုင်တဲ့ရာသီတစ်ခုလို့ ဆိုရမှာပါ။ဆိုစီဒက် အင်္ကျီကိုဝတ်ဆင်ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။အသင်းဖော်တွေ၊ အသင်းမှာရှိတဲ့ဝန်ထမ်းအားလုံးက ကျွန်တော်ကိုဝိုင်းပြီးကူညီခဲ့လို့ သာ ခြေစွမ်းပြနိုင်ခဲ့တာပါ။” လို့ပြောခဲ့ပါတယ်။ အိုဒီဂတ်ဟာ ၂၀၁၅ ခုနှစ်တုန်းက နော်ဝေကလပ် စထရွမ်ဂေါ့ဆက်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

၂ ႏွစ္ခြဲ အဌားကစားသမားဘဝအၿပီး ေနာက္ဆံုးေတာ့ ရီးရဲလ္မွာ ကစားခြင့္ရေတာ့မယ့္ အိုဒီဂတ္
လာလီဂါခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တဲ့ ရီးရဲလ္ဟာ အသင္းကိုေျပာင္းလဲမႈ ျပဳလုပ္မယ္လို႔ သတင္းေတြထြက္အၿပီးမွာေတာ့ ဆိုစီဒက္ကို အဌားခ်ထားတဲ့ ကြင္းလယ္လူ အိုဒီဂတ္ကို ျပန္လည္ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ ရီးရဲလ္ဟာ အိုဒီဂတ္ ကို ၂ႏွစ္ အဌားစာခ်ဳပ္နဲ႔ ဆိုစီဒက္ကို အဌားခ်ထားခဲ့ေပမယ့္ တစ္ႏွစ္အၿပီးမွာေတာ့ စာခ်ဳပ္ဖ်က္သိမ္းၿပီး အသင္းအတြက္ ကစားေပးဖို႔ ျပန္လည္ေခၚယူခဲ့တာ ျဖစ္ပါတယ္။
အိုဒီဂတ္ဟာ ၂၀၁၅ ခုႏွစ္ကတည္း ရီးရဲလ္ကို ေရာက္ရွိခဲ့ေပမယ့္ ဟီရန္ဗင္း၊ ဗြီတက္ဆီနဲ႔ ဆိုစီဒက္အသင္းေတြမွာ အဌားနဲ႔ သြားေရာက္ကစားခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဆိုစီဒက္ကို အဌားခ်ခံရၿပီးေနာက္ ကိုယ္တိုင္ ၇ ဂိုးသြင္းၿပီး ဂိုးဖန္ တီးမႈ ၉ ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ရီးရဲလ္အေနနဲ႔ ဆိုစီဒက္ကို အဌားခ်ထားတဲ့ စာခ်ဳပ္ကို ျဖတ္သိမ္းၿပီး အိုဒီဂတ္ ကို ျပန္ေခၚခဲ့တာပဲ ျဖစ္ပါတယ္။
ဆိုစီဒက္အသင္းတာဝန္ရွိသူေတြက “ အခ်ိန္တိုေလးအတြင္းမွာပဲ အိုဒီဂတ္အေနနဲ႔ ေအာင္ျမင္မႈေတြရေအာင္လုပ္ေဆာင္ ႏိုင္ခဲ့တယ္လို႔ ဆိုရမွာပါ။ ၿပီးခဲ့တဲ့ရာသီက အသင္းနဲ႔အတူ သူစြမ္းေဆာင္ခဲ့တာေတြကိုေတာ့ ဘယ္ေတာ့မွေမ့မွာမဟုတ္ပါ ဘူး။သူကလည္း အသင္းကိုေက်းဇူးတင္ေနမွာပါ။ သူရဲ႕အနာဂတ္မွာ ေအာင္ျမင္ဖို႔အတြက္ ဆုေတာင္းေပးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အိုဒီဂတ္က “ ၿပီးခဲ့တဲ့ရာသီကေတာ့ ကြ်န္ေတာ္အတြက္မေမ့ႏိုင္တဲ့ရာသီတစ္ခုလို႔ ဆိုရမွာပါ။ဆိုစီဒက္ အက်ႌကိုဝတ္ဆင္ၿပီး အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။အသင္းေဖာ္ေတြ၊ အသင္းမွာရွိတဲ့ဝန္ထမ္းအားလံုးက ကြ်န္ေတာ္ကိုဝိုင္းၿပီးကူညီခဲ့လို႔ သာ ေျခစြမ္းျပႏိုင္ခဲ့တာပါ။” လို႔ေျပာခဲ့ပါတယ္။ အိုဒီဂတ္ဟာ ၂၀၁၅ ခုႏွစ္တုန္းက ေနာ္ေဝကလပ္ စထရြမ္ေဂါ့ဆက္ကေန ရီးရဲလ္ကို ေျပာင္းေရႊ႕လာခဲ့သူလည္း ျဖစ္ပါတယ္။