ဘာစီလိုနာအသင်းဟာ လမ်းမှန်ပေါ်ကို ပြန်ရောက်နေပြီလို့ ဆိုလိုက်တဲ့ ဂရစ်ဇ်မန်း

ဂရစ်ဇ်မန်းက ဘာစီလိုနာအသင်းဟာ လမ်းမှန်ပေါ်ကို ရောက်နေပြီလို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမတိုင်မီ ပြောသွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ နာပိုလီအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး သူ့အနေနဲ့ တိုးတက်ရမယ်လို့ လက်ခံထားတာဖြစ်ပါတယ်။

“ကြံ့ခိုင်မှုပိုင်းအရ အပူချိန်ကြောင့် မောပန်းပေမယ့် ပရိသတ်တွေ အားပေးမှု မပါပဲ ကစားရတာက အထူးခြားဆုံးပါ။ လူမှုကွန်ယက်မှာတော့ သူတို့တွေရဲ့ အားပေးစကားတွေကို မြင်ရပါတယ်။ ဒါတွေက ကျွန်တော်တို့ကို အကူအညီဖြစ်စေပါတယ်။ နာပိုလီ နဲ့ ပထမပိုင်းမိနစ်တွေမှာ ကျွန်တော် အံ့မဝင်ခဲ့ပေမယ့် တဖြည်းဖြည်း ပိုကောင်းတယ်လို့ ခံစားလာရပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ” လို့ ဂရစ်ဇ်မန်းက ပြောသွားခဲ့ပါတယ်။

ပြင်သစ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားခဲ့ပါသေးတယ်။“ဘိုင်ယန်မြူးနစ်အသင်းဟာ အရမ်းကောင်းပြီး တစ်ကယ့်ထိပ်တန်း တိုက်စစ်မှူး လီဝန်ဒေါစကီးလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း တစ်ကယ့်ကစားသမားကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့ အားသာမှုကို အသုံးချပြီး နောက်တစ်ဆင့်တက်ဖို့ ကြိုးစားသွားမှာပါ။

သူတို့ဟာ ကြံ့ခိုင်မှုပိုင်းအရ တစ်ကယ်ကို ကောင်းပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လီဝန်ဒေါစကီး တစ်ယောက်တည်းမဟုတ်ပါဘူး။ တောင်ပံက သော်မတ်စ်မူလာ၊ ဂနာဘရီ တို့ကလည်း အရမ်းကောင်းပါတယ်။ လီဝန်ဒေါစကီးက ဂိုးတွေ အများကြီးသွင်းပေမယ့် အန္တရယ်က နေရာတိုင်းက လာနိုင်ပါတယ်” လို့ ထပ်မံပြောသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင္းဟာ လမ္းမွန္ေပၚကို ျပန္ေရာက္ေနျပီလို႔ ဆိုလိုက္တဲ့ ဂရစ္ဇ္မန္း

ဂရစ္ဇ္မန္းက ဘာစီလိုနာအသင္းဟာ လမ္းမွန္ေပၚကို ေရာက္ေနျပီလို႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပြဲမတိုင္မီ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ နာပိုလီအသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ ပါ၀င္ကစားခဲ့ျပီး သူ႔အေနနဲ႔ တိုးတက္ရမယ္လို႔ လက္ခံထားတာျဖစ္ပါတယ္။

“ၾကံ့ခုိင္မႈပိုင္းအရ အပူခ်ိန္ေၾကာင့္ ေမာပန္းေပမယ့္ ပရိသတ္ေတြ အားေပးမႈ မပါပဲ ကစားရတာက အထူးျခားဆံုးပါ။ လူမႈကြန္ယက္မွာေတာ့ သူတို႔ေတြရဲ႕ အားေပးစကားေတြကို ျမင္ရပါတယ္။ ဒါေတြက ကၽြန္ေတာ္တို႔ကို အကူအညီျဖစ္ေစပါတယ္။ နာပိုလီ နဲ႔ ပထမပိုင္းမိနစ္ေတြမွာ ကၽြန္ေတာ္ အံ့မ၀င္ခဲ့ေပမယ့္ တျဖည္းျဖည္း ပိုေကာင္းတယ္လို႔ ခံစားလာရပါတယ္။ ကၽြန္ေတာ္တို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနပါျပီ” လို႔ ဂရစ္ဇ္မန္းက ေျပာသြားခဲ့ပါတယ္။

ျပင္သစ္ကစားသမားဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲနဲ႔ ပတ္သက္ျပီးေတာ့လည္း ေျပာသြားခဲ့ပါေသးတယ္။“ဘိုင္ယန္ျမဴးနစ္အသင္းဟာ အရမး္ေကာင္းျပီး တစ္ကယ့္ထိပ္တန္း တိုက္စစ္မွဴး လီ၀န္ေဒါစကီးလည္း ရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔မွာလည္း တစ္ကယ့္ကစားသမားေကာင္းေတြ ရွိပါတယ္။ ကၽြန္ေတာ္တို႔ အားသာမႈကို အသံုးခ်ျပီး ေနာက္တစ္ဆင့္တက္ဖို႔ ၾကိဳးစားသြားမွာပါ။

သူတို႔ဟာ ၾကံ့ခိုင္မႈပိုင္းအရ တစ္ကယ္ကို ေကာင္းပါတယ္။ ဘုိင္ယန္ျမဴးနစ္ဟာ လီ၀န္ေဒါစကီး တစ္ေယာက္တည္းမဟုတ္ပါဘူး။ ေတာင္ပံက ေသာ္မတ္စ္မူလာ၊ ဂနာဘရီ တို႔ကလည္း အရမ္းေကာင္းပါတယ္။ လီ၀န္ေဒါစကီးက ဂိုးေတြ အမ်ားၾကီးသြင္းေပမယ့္ အႏၱရယ္က ေနရာတိုင္းက လာႏိုင္ပါတယ္” လို႔ ထပ္မံေျပာသြားခဲ့တာျဖစ္ပါတယ္။