ဘာစီလိုနာနဲ့ ပွဲမတိုင်မီ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လေ့ကျင့်ရေးကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်

ဘိုင်ယန်မြူးနစ်ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ဗုဒ္ဓဟူးနေ့က လေ့ကျင့်ရေးကို လွဲချော်ခဲ့တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းဟာ လက်ရှိမှာ ပေါ်တူဂီမှာ ရောက်နေပြီး လာဂိုစ့်အခြေစိုက်မှာ လေ့ကျင့်ရေးဆင်းနေတာဖြစ်ပါတယ်။

သို့သော်လည်း အယ်လ်ဖွန်ဆိုဒေးဗီးဟ်ာ ဒီနေ့ အစောပိုင်း လေ့ကျင့်ရေးကို ပေါင်ခြံကြွက်သားအသေးစား ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ အသင်းကလည်း ဒါဟာ ကြိုတင်ကာကွယ်တာဖြစ်ပြီး ကနေဒါ လက်ရွေးစင်ကစားသမားဟာ သောကြာနေ့ည ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်နေတာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ ကွာတားဖိုင်နယ်ကို ပေါ်တူဂီမြို့မှာ ကစားရမှာဖြစ်ပါတယ်။


