ကမ္ဘာ့အကောင်းဆုံးကစားသမားက မက်ဆီမဟုတ်ပါဘူး လီဝန်ဒေါစကီးပါလို့ ဆိုလိုက်တဲ့ ဘိုင်ယန်မြူးနစ် ဂန္တဝင်လိုသာမက်သီးယပ်စ်

လိုသာမက်သီးယပ်စ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီမဟုတ်ပဲ လီဝန်ဒေါစကီး ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် နဲ့ ဂျာမနီ ဂန္တဝင်ကစားသမား မက်သီးယပ်စ်က လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါ ဘီလူးအသင်းကို မက်ဆီရဲ့ အသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ကျော်ဖြတ်ပြီး နောက်ထပ် ဘောလွန်းဒီအောဆု ရရှိမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ကစားသမားက Bild ကို “မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား လီဝန်ဒေါစကီး နဲ့ ရင်ဆိုင်ရမှာပါ။ သူဟာ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ပဲ မဟုတ်ပါဘူး။ အကောင်းဆုံးကစားသမားဖြစ်ပါတယ်။ ဒီနေ့ ဘာစီလိုနာက အရင်က ဘာစီလိုမဟုတ်တော့ပါဘူး။ သူတို့မှာ မက်ဆီရှိတာ မှန်ပါတယ်။ ဒါပေမယ့် သူတစ်ယောက်တည်းနဲ့ ဘိုင်ယန်မြူးနစ်ကို မရင်ဆိုင်နိုင်ပါဘူး။ ဘာစီလိုနာက ကျွန်တော်တို့ကို မကြောက်စေပါဘူး” လို့ ပြောသွားခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်မှာ စုစုပေါင်း (၁၃) ဂိုးသွင်းထားပြီး ဂိုးအများဆုံးသွင်းထားသူ အဖြစ် ဦးဆောင်ထားသူဖြစ်ပါတယ်။ မက်ဆီကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ (၃) ဂိုးသာ သွင်းထားသော်လည်း လီဝန်ဒေါစကီးလိုပဲ ဂိုးဖန်တီးမှု (၄) ကြိမ်ပြုလုပ်ထားပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၄) ပွဲမှာ (၅၃) ဂိုးသွင်းထားပြီး ဘိုင်ယန်မြူးနစ်အသင်းကိုလည်း ချန်ပီယံလိဂ်အုပ်စု (၆) ပွဲစလုံး အနိုင်ရအောင် ကူညီစွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။ မက်ဆီကလည်း ဘာစီလိုနာအသင်းအတွက် (၃၁) ပွဲကစားထားပြီး (၄၃) ဂိုးအထိသွင်းယူပြီး အကောင်းဆုံး စွမ်းဆောင်ပေးထားပါတယ်။

ဒီနှစ်ဘောလုံးရာသီမျာ လီဝန်ဒေါစကီးဟာ ဘောလွန်းဒီအောဆု ရမယ်လို့ ရေပန်းစားနေပေမယ့် ဆုပေးအပ်ချီးမြင့်တဲ့ ပြင်သစ်ဘောလုံးအဖွဲ့ က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဒီနှစ်ဘောလွန်းဒီအောဆုပေးပွဲကို ကျင်းပမှာ မဟုတ်ဘူးလို့ ကြေညာသွားခဲ့တာဖြစ်လို့ ပိုလန်တိုက်စစ်မှူးအတွက် နစ်နာတယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

ကမာၻ႕အေကာင္းဆံုးကစားသမားက မက္ဆီမဟုတ္ပါဘူး လီ၀န္ေဒါစကီးပါလို႔ ဆိုလိုက္တဲ့ ဘိုင္ယန္ျမဴးနစ္ ဂႏၱ၀င္လိုသာမက္သီးယပ္စ္

လုိသာမက္သီးယပ္စ္က ကမာၻ႕အေကာင္းဆံုးကစားသမားဟာ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီမဟုတ္ပဲ လီ၀န္ေဒါစကီး ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ နဲ႔ ဂ်ာမနီ ဂႏၱ၀င္ကစားသမား မက္သီးယပ္စ္က လီ၀န္ေဒါစကီးဟာ ဘြန္ဒက္စ္လီဂါ ဘီလူးအသင္းကို မက္ဆီရဲ႕ အသင္းကို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ေက်ာ္ျဖတ္ျပီး ေနာက္ထပ္ ေဘာလြန္းဒီေအာဆု ရရွိမယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

၁၉၉၀ ခုႏွစ္ ကမာၻ႕ဖလား ရရွိခဲ့တဲ့ ကစားသမားက Bild ကို “မက္ဆီဟာ ကမာၻ႕အေကာင္းဆံုးကစားသမား လီ၀န္ေဒါစကီး နဲ႔ ရင္ဆိုင္ရမွာပါ။ သူဟာ အေကာင္းဆံုးတိုက္စစ္မွဴးတစ္ေယာက္ပဲ မဟုတ္ပါဘူး။ အေကာင္းဆံုးကစားသမားျဖစ္ပါတယ္။ ဒီေန႔ ဘာစီလိုနာက အရင္က ဘာစီလိုမဟုတ္ေတာ့ပါဘူး။ သူတို႔မွာ မက္ဆီရွိတာ မွန္ပါတယ္။ ဒါေပမယ့္ သူတစ္ေယာက္တည္းနဲ႔ ဘိုင္ယန္ျမဴးနစ္ကို မရင္ဆိုင္ႏိုင္ပါဘူး။ ဘာစီလိုနာက ကၽြန္ေတာ္တို႔ကို မေၾကာက္ေစပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။

လီ၀န္ေဒါစကီးဟာ ဒီႏွစ္ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္မွာ စုစုေပါင္း (၁၃) ဂိုးသြင္းထားျပီး ဂိုးအမ်ားဆံုးသြင္းထားသူ အျဖစ္ ဦးေဆာင္ထားသူျဖစ္ပါတယ္။ မက္ဆီကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္မွာ (၃) ဂိုးသာ သြင္းထားေသာ္လည္း လီ၀န္ေဒါစကီးလိုပဲ ဂိုးဖန္တီးမႈ (၄) ၾကိမ္ျပဳလုပ္ထားပါတယ္။ လီ၀န္ေဒါစကီးဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု (၄၄) ပြဲမွာ (၅၃) ဂိုးသြင္းထားျပီး ဘိုင္ယန္ျမဴးနစ္အသင္းကိုလည္း ခ်န္ပီယံလိဂ္အုပ္စု (၆) ပြဲစလံုး အႏိုင္ရေအာင္ ကူညီစြမ္းေဆာင္ေပးထားသူလည္း ျဖစ္ပါတယ္။ မက္ဆီကလည္း ဘာစီလိုနာအသင္းအတြက္ (၃၁) ပြဲကစားထားျပီး (၄၃) ဂိုးအထိသြင္းယူျပီး အေကာင္းဆံုး စြမ္းေဆာင္ေပးထားပါတယ္။

ဒီႏွစ္ေဘာလံုးရာသီမ်ာ လီ၀န္ေဒါစကီးဟာ ေဘာလြန္းဒီေအာဆု ရမယ္လို႔ ေရပန္းစားေနေပမယ့္ ဆုေပးအပ္ခ်ီးျမင့္တဲ့ ျပင္သစ္ေဘာလံုးအဖြဲ႔ က ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဒီႏွစ္ေဘာလြန္းဒီေအာဆုေပးပြဲကို က်င္းပမွာ မဟုတ္ဘူးလို႔ ေၾကညာသြားခဲ့တာျဖစ္လို႔ ပိုလန္တုိက္စစ္မွဴးအတြက္ နစ္နာတယ္လို႔ ေျပာဆိုေနၾကတာျဖစ္ပါတယ္။