အိုဒီဂတ် ကို စောစောစီးစီးပြန်ခေါ်ရန် စီစဉ်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆိုစီဒက်အသင်းမှာ အငှားချထားတဲ့ ကွင်းလယ်ကစားသမား အိုဒီဂတ် ကို ပြန်ခေါ်ရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နော်ဝေးလက်ရွေးစင်ကစားသမားကို (၂) နှစ်အငှားချခဲ့တာဖြစ်ပြီး လက်ရှိ အပြောင်းအရွှေ့ရာသီမှာ ကြီးမားတဲ့ ကစားသမားအသစ်ခေါ်ယူဖွယ်မရှိလို့ ယခုလို ပြန်ခေါ်ယူရန် စီစဉ်နေတာ ဖြစ်ပါတယ်။

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အသင်းတာဝန်ရှိသူတွေ နဲ့ နည်းပြဇီဒန်းတို့ဟာ အခြေအနေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါတယ်။ AS သတင်းဌာနက အဆိုအရ စပိန်လာလီဂါ ချန်ပီယံအသင်းဟာ နောက်ရာသီအတွက် အသင်းရဲ့ ပထမလူစာရင်းမှာ ပါဝင်စေချင်နေတာဖြစ်ပါတယ်။

စွယ်စုံရ ကွင်းလယ်ကစားသမားဟာ ဆိုစီဒက်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ (၃၁) ပွဲကစားထားပြီး (၄) ဂိုးသွင်း (၆) ဂိုးဖန်တီးပေးထားပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆိုစီဒက်အသင်းဟာ စပိန်လာလီဂါအမှတ်ပေးဇယားမှာ အဆင့် (၆) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နောက်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

အုိဒီဂတ္ ကို ေစာေစာစီးစီးျပန္ေခၚရန္ စီစဥ္ေနတဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဆိုစီဒက္အသင္းမွာ အငွားခ်ထားတဲ့ ကြင္းလယ္ကစားသမား အိုဒီဂတ္ ကို ျပန္ေခၚရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ေနာ္ေ၀းလက္ေရြးစင္ကစားသမားကို (၂) ႏွစ္အငွားခ်ခဲ့တာျဖစ္ျပီး လက္ရွိ အေျပာင္းအေရႊ႕ရာသီမွာ ၾကီးမားတဲ့ ကစားသမားအသစ္ေခၚယူဖြယ္မရွိလို႔ ယခုလုိ ျပန္ေခၚယူရန္ စီစဥ္ေနတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အသင္းတာ၀န္ရွိသူေတြ နဲ႔ နည္းျပဇီဒန္းတို႔ဟာ အေျခအေနကို ျပန္လည္သံုးသပ္ဖို႔ လိုအပ္ေနပါတယ္။ AS သတင္းဌာနက အဆုိအရ စပိန္လာလီဂါ ခ်န္ပီယံအသင္းဟာ ေနာက္ရာသီအတြက္ အသင္းရဲ႕ ပထမလူစာရင္းမွာ ပါ၀င္ေစခ်င္ေနတာျဖစ္ပါတယ္။

စြယ္စံုရ ကြင္းလယ္ကစားသမားဟာ ဆိုစီဒက္အသင္းအတြက္ ျပီးခဲ့တဲ့ရာသီက ျပိဳင္ပြဲစံု (၃၁) ပြဲကစားထားျပီး (၄) ဂိုးသြင္း (၆) ဂိုးဖန္တီးေပးထားပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ဆိုစီဒက္အသင္းဟာ စပိန္လာလီဂါအမွတ္ေပးဇယားမွာ အဆင့္ (၆) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ျပီး ေနာက္ရာသီ ယူရိုပါလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ကစားခြင့္ရမွာ ျဖစ္ပါတယ္။