ရီးရဲလ်လူငယ်ကစားသမား ကူဘို ကို အဌားခေါ်ယူလိုက်တဲ့ ဗီလာရီးရဲလ်

ဗီလာရီးရဲလ်နည်းပြသစ် အူနိုင်းအမ်မရီအနေနဲ့ ရီးရဲလ်လူငယ်ကစားသမား ကူဘိုကို အဌားနဲ့ခေါ်ယူပြီး သူရဲ့ပထမဆုံး နွေ ရာသီအပြောင်းအရွှေ့ကို စတင်ခဲ့တယ်လို့ သိရပါတယ်။ကူဘိုဟာ ဘာစီလိုနာအကယ်ဒမီက ထွက်ပေါ်လာတဲ့ကစားသမား တစ်ဦးဖြစ်သလို ပြီးခဲ့တဲ့နွေရာသီက အက်ဖ်စီတိုကျိုကနေ ရီးရဲလ်ကို ရောက်ရှိခဲ့ပေမယ့် မာယော့ကာအသင်းမှာအဌားနဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးပေမယ့် ကူဘိုဟာ မာယော့ကာအသင်းရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး တစ်ရာသီလုံးမှာ နှစ်ပွဲပဲ ပါဝင်ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက မာယော့ကာအတွက် လေးဂိုးသွင်းပြီး ဂိုးဖန်တီးမှု ငါးကြိမ်ပြု လုပ်နိုင်တဲ့ ကူဘိုဟာ မာယော့ကာအသင်းတန်းဆင်းသွားရပြီးနောက် ရီးရဲလ်ကို ပြန်ရောက်ခဲ့တာဖြစ်ပေမယ့် ဗီလာရီးရဲလ် ကို ထပ်ပြီး အဌားနဲ့သွားကစားရမှာပဲ ဖြစ်ပါတယ်။

ရီးရဲလ်နည်းပြ ဇီဒန်းက ကူဘိုအနေနဲ့ ရီးရဲလ်မှာကစားခွင့်ရဖို့အတွက် စိတ်ရှည်စွာနဲ့ အခွင့်အရေးကိုစောင့်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဗီလာရီးရဲလ်အသင်းအနေနဲ့ ကူဘိုကို အဌားခေါ်ယူနိုင်ဖို့အတွက် ပေါင် ၂.၇သန်းပေးခဲ့ရပြီး ကူဘိုရဲ့လစာငွေ ကိုလည်း ပေးချေရမှာဖြစ်ပါတယ်။ ကူဘိုအနေနဲ့ လာမယ့်ရာသီမှာတော့ ဗီလာရီးရဲလ်နဲ့ ယူရိုပါလိဂ်ကစားရမှာဖြစ်ပြီး သူအတွက် ပထမဆုံးဥရောပပြိုင်ပွဲကို ကစားခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်အဆင့်-၄ နေရာက ဆီဗီလာနဲ့ ၁၀ မှတ်ကွာဟခဲ့ပြီး အဆင့်-၅ နေရာသာရခဲ့တာကြောင့် ဗီလာရီးရဲလ်တာဝန်ရှိ သူတွေအနေနဲ့ နည်းပြ ကယ်လီဂျာကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို ခန့်အပ်ခဲ့တာ ပဲ ဖြစ်ပါတယ်။ဗလင်စီယာ၊ ဆီဗီလာ၊ ပီအက်စ်ဂျီတို့ရဲ့ နည်းပြဟောင်းဖြစ်ခဲ့တဲ့ အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဖလား ၃ ကြိမ် ရထားတဲ့ နည်းပြနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဆီဗီလာနဲ့ ၃နှစ်ဆက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

zawgyi version

ရီးရဲလ္လူငယ္ကစားသမား ကူဘို ကို အဌားေခၚယူလိုက္တဲ့ ဗီလာရီးရဲလ္
ဗီလာရီးရဲလ္နည္းျပသစ္ အူႏိုင္းအမ္မရီအေနနဲ႔ ရီးရဲလ္လူငယ္ကစားသမား ကူဘိုကို အဌားနဲ႔ေခၚယူၿပီး သူရဲ႕ပထမဆံုး ေႏြ ရာသီအေျပာင္းအေရႊ႕ကို စတင္ခဲ့တယ္လို႔ သိရပါတယ္။ကူဘိုဟာ ဘာစီလိုနာအကယ္ဒမီက ထြက္ေပၚလာတဲ့ကစားသမား တစ္ဦးျဖစ္သလို ၿပီးခဲ့တဲ့ေႏြရာသီက အက္ဖ္စီတိုက်ိဳကေန ရီးရဲလ္ကို ေရာက္ရွိခဲ့ေပမယ့္ မာေယာ့ကာအသင္းမွာအဌားနဲ႔ သြားေရာက္ကစားခဲ့ရတာျဖစ္ပါတယ္။
အသက္ ၁၉ ႏွစ္သာရွိေသးေပမယ့္ ကူဘိုဟာ မာေယာ့ကာအသင္းရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး တစ္ရာသီလံုးမွာ ႏွစ္ပြဲပဲ ပါဝင္ကစားခြင့္မရခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက မာေယာ့ကာအတြက္ ေလးဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ငါးႀကိမ္ျပဳ လုပ္ႏိုင္တဲ့ ကူဘိုဟာ မာေယာ့ကာအသင္းတန္းဆင္းသြားရၿပီးေနာက္ ရီးရဲလ္ကို ျပန္ေရာက္ခဲ့တာျဖစ္ေပမယ့္ ဗီလာရီးရဲလ္ ကို ထပ္ၿပီး အဌားနဲ႔သြားကစားရမွာပဲ ျဖစ္ပါတယ္။
ရီးရဲလ္နည္းျပ ဇီဒန္းက ကူဘိုအေနနဲ႔ ရီးရဲလ္မွာကစားခြင့္ရဖို႔အတြက္ စိတ္ရွည္စြာနဲ႔ အခြင့္အေရးကိုေစာင့္ရမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ဗီလာရီးရဲလ္အသင္းအေနနဲ႔ ကူဘိုကို အဌားေခၚယူႏိုင္ဖို႔အတြက္ ေပါင္ ၂.၇သန္းေပးခဲ့ရၿပီး ကူဘိုရဲ႕လစာေငြ ကိုလည္း ေပးေခ်ရမွာျဖစ္ပါတယ္။ ကူဘိုအေနနဲ႔ လာမယ့္ရာသီမွာေတာ့ ဗီလာရီးရဲလ္နဲ႔ ယူ႐ိုပါလိဂ္ကစားရမွာျဖစ္ၿပီး သူအတြက္ ပထမဆံုးဥေရာပၿပိဳင္ပြဲကို ကစားခြင့္ရရွိမွာလည္း ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္အဆင့္-၄ ေနရာက ဆီဗီလာနဲ႔ ၁၀ မွတ္ကြာဟခဲ့ၿပီး အဆင့္-၅ ေနရာသာရခဲ့တာေၾကာင့္ ဗီလာရီးရဲလ္တာဝန္ရွိ သူေတြအေနနဲ႔ နည္းျပ ကယ္လီဂ်ာကို ထုတ္ပယ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္နည္းျပေဟာင္း အူႏိုင္းအမ္မရီကို ခန္႔အပ္ခဲ့တာ ပဲ ျဖစ္ပါတယ္။ဗလင္စီယာ၊ ဆီဗီလာ၊ ပီအက္စ္ဂ်ီတို႔ရဲ႕ နည္းျပေဟာင္းျဖစ္ခဲ့တဲ့ အူႏိုင္းအမ္မရီဟာ ယူ႐ိုပါလိဂ္ဖလား ၃ ႀကိမ္ ရထားတဲ့ နည္းျပႏွစ္ေယာက္ထဲက တစ္ေယာက္ျဖစ္ၿပီး ဆီဗီလာနဲ႔ ၃ႏွစ္ဆက္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။