ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်တဲ့ ပေါင် ၉၀၀ တန် အိပ်ရာကို မိသားစုအတွက် ဝယ်ယူခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအနေနဲ့ ကိုဗစ်ရောဂါပိုးကို လေးနာရီအတွင်းသေစေနိုင်တဲ့ အိပ်ရာကို မိသားစုအတွက် ဝယ် ယူခဲ့တယ်လို့ သိရပါတယ်။စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ မက်ဆီဟာ Tec Moon ကုမ္ပဏီရဲ့ ကိုဗစ်ရောဂါ ကာကွယ်နိုင်တဲ့ အိပ်ရာကို အာဂျင်တီးနားအသင်းဖော် အဂူရိုရဲ့ ပြောကြားချက်အရ ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပြီး အိပ်ရာရဲ့ တန်ကြေးက ပေါင် ၉၀၀ အထိရှိခဲ့တယ်လို့ သိရပါတယ်။

Tec Moon ကုမ္ပဏီရဲ့ သံတမန်အဖြစ် အက်သလက်တီကိုကွင်းလယ်ကစားသမား ဆောနီဂွတ်ဇ်က ဆောင်ရွက်နေတယ် လို့ သိရပြီး ဒီအိပ်ရာပေါ်မှာ အိပ်စက်တဲ့သူအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအိပ် ရာမှာ ပါဝင်ပြီး အသုံးပြုထားတဲ့စနစ်ကို “Viruclean” လို့ ခေါ်ပြီး ရောဂါပိုး ၉၉ ရာခိုင်နှုန်းကို ကာကွယ်နိုင်တယ်လို့ သိရပါ တယ်။ ဒီအိပ်ရာဟာ ခြေထောက်ကို နှိပ်နပ်ပေးတဲ့စက်အဖြစ်လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၆ ကြိမ်ရထားတဲ့ မက်ဆီအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပါဝင်လှူဒါန်းမှုပြုလုပ်လေ့ရှိပြီး မေလတုန်းကဆိုရင် အာဂျင်တီးနားနိုင်ငံကသူတွေအတွက် ပေါင် လေးသိန်းလေးသောင်း အထိ လှူခဲ့ပါတယ်။ ဒါအပြင် မက်ဆီဟာ ဘာစီလိုနာအသင်းသားတွေနဲ့အတူ လစာငွေလျော့ဖို့အတွက်လည်း သဘောတူ ခဲ့တယ်လို့ သိရပါတယ်။

မက်ဆီနဲ့ ပတ်သက်တဲ့အခြားသတင်းတစ်ခုကတော့ မက်ဆီအနေနဲ့ နာပိုလီနဲ့ပွဲမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ကစားမယ့် ကွာတားဖိုင်နယ်မှာ ပါဝင်ကစားဖို့ ကြံခိုင်မှုအပြည့်အဝ ရှိမနေဘူးလို့ သိရပါတယ်။ နာပိုလီနဲ့ပွဲ မှာ မက်ဆီဟာ ကူလီဘာလီနဲ့ထိခိုက်မိပြီး ဒဏ်ရာရခဲ့ပေမယ့် ပွဲအပြီးအထိ ကစားသွားခဲ့တာဖြစ်ပါတယ်။မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ပါဝင်ဖို့မသေချာဘူးလို့ သိရပါတယ်။

zawgyi version

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ႏိုင္တဲ့ ေပါင္ ၉၀၀ တန္ အိပ္ရာကို မိသားစုအတြက္ ဝယ္ယူခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီ
ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီအေနနဲ႔ ကိုဗစ္ေရာဂါပိုးကို ေလးနာရီအတြင္းေသေစႏိုင္တဲ့ အိပ္ရာကို မိသားစုအတြက္ ဝယ္ ယူခဲ့တယ္လို႔ သိရပါတယ္။စပိန္သတင္းစာေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ မက္ဆီဟာ Tec Moon ကုမၸဏီရဲ႕ ကိုဗစ္ေရာဂါ ကာကြယ္ႏိုင္တဲ့ အိပ္ရာကို အာဂ်င္တီးနားအသင္းေဖာ္ အဂူ႐ိုရဲ႕ ေျပာၾကားခ်က္အရ ဝယ္ယူခဲ့တာျဖစ္တယ္လို႔ သိရၿပီး အိပ္ရာရဲ႕ တန္ေၾကးက ေပါင္ ၉၀၀ အထိရွိခဲ့တယ္လို႔ သိရပါတယ္။
Tec Moon ကုမၸဏီရဲ႕ သံတမန္အျဖစ္ အက္သလက္တီကိုကြင္းလယ္ကစားသမား ေဆာနီဂြတ္ဇ္က ေဆာင္ရြက္ေနတယ္ လို႔ သိရၿပီး ဒီအိပ္ရာေပၚမွာ အိပ္စက္တဲ့သူအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးကို ကာကြယ္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီအိပ္ ရာမွာ ပါဝင္ၿပီး အသံုးျပဳထားတဲ့စနစ္ကို “Viruclean” လို႔ ေခၚၿပီး ေရာဂါပိုး ၉၉ ရာခိုင္ႏႈန္းကို ကာကြယ္ႏိုင္တယ္လို႔ သိရပါ တယ္။ ဒီအိပ္ရာဟာ ေျခေထာက္ကို ႏွိပ္နပ္ေပးတဲ့စက္အျဖစ္လည္း အသံုးျပဳႏိုင္တယ္လို႔ သိရပါတယ္။
ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆု ၆ ႀကိမ္ရထားတဲ့ မက္ဆီအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရး လုပ္ငန္းေတြမွာ ပါဝင္လွဴဒါန္းမႈျပဳလုပ္ေလ့ရွိၿပီး ေမလတုန္းကဆိုရင္ အာဂ်င္တီးနားႏိုင္ငံကသူေတြအတြက္ ေပါင္ ေလးသိန္းေလးေသာင္း အထိ လွဴခဲ့ပါတယ္။ ဒါအျပင္ မက္ဆီဟာ ဘာစီလိုနာအသင္းသားေတြနဲ႔အတူ လစာေငြေလ်ာ့ဖို႔အတြက္လည္း သေဘာတူ ခဲ့တယ္လို႔ သိရပါတယ္။
မက္ဆီနဲ႔ ပတ္သက္တဲ့အျခားသတင္းတစ္ခုကေတာ့ မက္ဆီအေနနဲ႔ နာပိုလီနဲ႔ပြဲမွာ ဒဏ္ရာအနည္းငယ္ရရွိခဲ့တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္နဲ႔ကစားမယ့္ ကြာတားဖိုင္နယ္မွာ ပါဝင္ကစားဖို႔ ၾကံခိုင္မႈအျပည့္အဝ ရွိမေနဘူးလို႔ သိရပါတယ္။ နာပိုလီနဲ႔ပြဲ မွာ မက္ဆီဟာ ကူလီဘာလီနဲ႔ထိခိုက္မိၿပီး ဒဏ္ရာရခဲ့ေပမယ့္ ပြဲအၿပီးအထိ ကစားသြားခဲ့တာျဖစ္ပါတယ္။မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနေပမယ့္ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာ ပါဝင္ဖို႔မေသခ်ာဘူးလို႔ သိရပါတယ္။