မန်စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ဘာစီလိုနာစောင့်ကြည့်နေ

ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီအတွက် အသင်းကိုပြောင်းလဲမှုပြုလုပ်ဖို့ ရှိနေပြီး မန်စီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးနေတဲ့ ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ဘာနာဒိုဆေးလ်ဗားဟာ ခြေစွမ်းပြ နေတဲ့ လူငယ်ကစားသမားဖိုဒန်ကြောင့် မန်စီးမှာ ရုန်းကန်နေရတာဖြစ်ပြီး ဒီရာသီမှာဆိုရင် ပရီးမီးယားလိဂ် ၂၃ ပွဲသာ ကစားခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

The Telegraph ရဲ့ဖော်ပြချက်အရတော့ ဘာစီလိုနာဟာ ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် နောက်ခံလူဖြစ်တဲ့ ဆီမီဒိုကိုပါ အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ်အသုံးပြုဖို့ရှိနေတယ်လို့ သိရပါတယ်။ ဆီမီဒိုကို မန်စီး တီးအနေနဲ့ အစောပိုင်းတုန်းက စိတ်ဝင်စားမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ဘာနာဒိုဆေးလ်ဗားအနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ချင်တယ်ဆိုတဲ့စိတ်ရှိခဲ့မယ်ဆိုရင် အသင်းတာဝန်ရှိသူတွေဘက်ကရောက်အောင် လုပ်ဆောင်သွားဖို့ရှိနေတယ် လို့လည်း သိရပါတယ်။

အသက် ၂၅ နှစ်ရှိနေပြီဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားဟာ အစောပိုင်းတုန်းက မန်စီးတီးအသင်းမှာပုံမှန်ပွဲထွက်ခွင့်ရခဲ့တဲ့ကစား သမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဘောလုံးပွဲတွေရပ်ခဲ့ရပြီး ပြန်ကစားချိန်မှာတော့ ပွဲချိန်ခွင့်နည်းခဲ့ တာဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက “ ဒီရာသီမှာတော့ ကျွန်တော်အနေနဲ့ အမှားလုပ်ခဲ့တယ်လို့ ပြောနိုင်ပါ တယ်။ ဖိုဒန်ကို ပိုပြီးနေရာပေးခဲ့သလိုဖြစ်တာကြောင့် အခြားကစားသမားတွေလို သူရဲ့ခြေစွမ်းကောင်းလာခဲ့ပေမယ့် ဘာနာ ဒိုဆေးလ်ဗား၊ မာရက်ဇ်တို့လို ကစားသမားတွေအနေနဲ့ ပွဲထွက်ခွင့်နည်းခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ၃နှစ်တုန်းက မိုနာကိုကနေ ပေါင် ၄၃.၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြနိုင်တဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အာသာကို ဂျူဗင်တပ်ကွင်း လယ်လူ ပီဂျာနစ်နဲ့ အလဲအထပ်ပြုလုပ်ခဲ့သလိုမျိုး အပြောင်းအရွှေ့စရိတ်လျော့ချနိုင်ဖို့အတွက် ဘာနာဒိုဆေးလ်ဗားရဲ့ ပြောင်းရွှေ့ကြေးမှာ ဆီမီဒိုကို အလိုက်ပေးချင်နေတာဖြစ်တယ်လို့ သိရပါတယ်။

zawgyi version

မန္စီးတီးမွာ ပံုမွန္ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ ဘာနာဒိုေဆးလ္ဗားကို ေခၚယူဖို႔အတြက္ ဘာစီလိုနာေစာင့္ၾကည့္ေန
ဘာစီလိုနာအသင္းဟာ လာမယ့္ရာသီအတြက္ အသင္းကိုေျပာင္းလဲမႈျပဳလုပ္ဖို႔ ရွိေနၿပီး မန္စီးတီးမွာ ပံုမွန္ပြဲထြက္ခြင့္ေနရာ ေပ်ာက္ဆံုးေနတဲ့ ဘာနာဒိုေဆးလ္ဗားကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ဘာနာဒိုေဆးလ္ဗားဟာ ေျခစြမ္းျပ ေနတဲ့ လူငယ္ကစားသမားဖိုဒန္ေၾကာင့္ မန္စီးမွာ ႐ုန္းကန္ေနရတာျဖစ္ၿပီး ဒီရာသီမွာဆိုရင္ ပရီးမီးယားလိဂ္ ၂၃ ပြဲသာ ကစားခြင့္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။
The Telegraph ရဲ႕ေဖာ္ျပခ်က္အရေတာ့ ဘာစီလိုနာဟာ ဘာနာဒိုေဆးလ္ဗားကိုေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးအျပင္ ေနာက္ခံလူျဖစ္တဲ့ ဆီမီဒိုကိုပါ အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္အသံုးျပဳဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ဆီမီဒိုကို မန္စီး တီးအေနနဲ႔ အေစာပိုင္းတုန္းက စိတ္ဝင္စားမႈေတြရွိခဲ့တယ္လို႔သိရပါတယ္။ ဘာနာဒိုေဆးလ္ဗားအေနနဲ႔ ဘာစီလိုနာကို ေျပာင္းေရႊ႕ခ်င္တယ္ဆိုတဲ့စိတ္ရွိခဲ့မယ္ဆိုရင္ အသင္းတာဝန္ရွိသူေတြဘက္ကေရာက္ေအာင္ လုပ္ေဆာင္သြားဖို႔ရွိေနတယ္ လို႔လည္း သိရပါတယ္။
အသက္ ၂၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဘာနာဒိုေဆးလ္ဗားဟာ အေစာပိုင္းတုန္းက မန္စီးတီးအသင္းမွာပံုမွန္ပြဲထြက္ခြင့္ရခဲ့တဲ့ကစား သမားတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေဘာလံုးပြဲေတြရပ္ခဲ့ရၿပီး ျပန္ကစားခ်ိန္မွာေတာ့ ပြဲခ်ိန္ခြင့္နည္းခဲ့ တာျဖစ္ပါတယ္။ မန္စီးတီးနည္းျပ ဂြါဒီယိုလာက “ ဒီရာသီမွာေတာ့ ကြ်န္ေတာ္အေနနဲ႔ အမွားလုပ္ခဲ့တယ္လို႔ ေျပာႏိုင္ပါ တယ္။ ဖိုဒန္ကို ပိုၿပီးေနရာေပးခဲ့သလိုျဖစ္တာေၾကာင့္ အျခားကစားသမားေတြလို သူရဲ႕ေျခစြမ္းေကာင္းလာခဲ့ေပမယ့္ ဘာနာ ဒိုေဆးလ္ဗား၊ မာရက္ဇ္တို႔လို ကစားသမားေတြအေနနဲ႔ ပြဲထြက္ခြင့္နည္းခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဘာနာဒိုေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ ၃ႏွစ္တုန္းက မိုနာကိုကေန ေပါင္ ၄၃.၅ သန္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ေျခစြမ္းျပႏိုင္တဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။ ဘာစီလိုနာအေနနဲ႔ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ အာသာကို ဂ်ဴဗင္တပ္ကြင္း လယ္လူ ပီဂ်ာနစ္နဲ႔ အလဲအထပ္ျပဳလုပ္ခဲ့သလိုမ်ိဳး အေျပာင္းအေရႊ႕စရိတ္ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ ဘာနာဒိုေဆးလ္ဗားရဲ႕ ေျပာင္းေရႊ႕ေၾကးမွာ ဆီမီဒိုကို အလိုက္ေပးခ်င္ေနတာျဖစ္တယ္လို႔ သိရပါတယ္။