ယူရိုသန်း ၁၀၀ နဲ့အတူ တိုနီခရူးစ် မဟုတ်ရင် အစ္စကို ပေးပြီး ဒိုင်ဘာလာကိုခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ရီးရဲလ်အသင်း ဥက္ကဌ ပီရက်ဇ်အနေနဲ့ အသင်းကိုပြောင်းလဲမှုပြုလုပ်ဖို့ ပြင် ဆင်နေတယ်လို့ သိရပြီး ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာကိုခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပါတယ်။ ပီရက်ဇ်အနေနဲ့ ဒိုင်ဘာလာကိုခေါ်ယူဖို့ အတွက် ယူရိုသန်း ၁၀၀ နဲ့အတူ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်တဲ့ တိုနီးခရူးစ်၊အစ္စကိုတို့ နှစ် ယောက်ထဲက တစ်ယောက်နဲ့ ကမ်းလှမ်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

တိုနီခရူးစ်၊ အစ္စကိုတို့ရဲ့ လက်ရှိဈေးကွက်တန်ကြေးက ယူရိုသန်း ၅၀ နဲ့အထက်မှာရှိနေတာကြောင့် စုစုပေါင်း ယူရိုသန်း ၁၅၀ နဲ့ ရီးရဲလ်က ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် ဂျူဗင်တပ်ဘက်ကတော့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒိုင်ဘာလာ ဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၆ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁၇ ဂိုး သွင်းယူပေးထားခဲ့တဲ့ကစားသမားတစ်ဦး လည်း ဖြစ်ပါတယ်။

စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mundo Deportivo ရဲ့ ဖော်ပြမှုမှာတော့ ရီးရဲလ်နည်းပြဇီဒန်းအနေနဲ့ လာမယ့်ရာသီ အတွက် ကစားသမားသစ်နှစ်ဦးခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ ဇီဒန်းအနေနဲ့ ရင်းနက်စ်အသင်းရဲ့ကွင်းလယ် ကစားသမား ကာမာဗင်ဂါကို ခေါ်ယူဖို့အတွက် အစောပိုင်းကတည်းက စိတ်ဝင်စားနေတာဖြစ်ပြီး ခေါ်ယူဖို့စောင့်ကြည့်နေ တာ ဖြစ်ပါတယ်။

နောက်တစ်ဦးအတွက်တော့ ရီးရဲလ်အသင်းအနေနဲ့ တိုက်စစ်မှူးခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်တယ်လို့ သိရပါတယ်။ အသင်း တာဝန်ရှိသူတွေအနေနဲ့ကတော့ တိုက်စစ်မှူးခေါ်ယူဖို့အတွက် အသင်းမှာရှိနေတဲ့ ဂျိူဗစ်ကို အရင်ရောင်းချဖို့ အလို ရှိနေတာဖြစ်ပါတယ်။ ဂျိူဗစ်ဟာ ရီးရဲလ်ကိုရောက်လာပြီးနောက်မှာ ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပွဲထွက်ခွင့်မရခဲ့ဘဲ ဒီနွေရာသီမှာတော့ အသင်းပြောင်းဖို့ သတင်းတွေထွက်နေတာဖြစ်ပြီး သူကိုအေစီမီလန်ကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

zawgyi version

ယူ႐ိုသန္း ၁၀၀ နဲ႔အတူ တိုနီခ႐ူးစ္ မဟုတ္ရင္ အစၥကို ေပးၿပီး ဒိုင္ဘာလာကိုေခၚယူဖို႔ ျပင္ဆင္ေနတဲ့ ရီးရဲလ္
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီးေနာက္ ရီးရဲလ္အသင္း ဥကၠဌ ပီရက္ဇ္အေနနဲ႔ အသင္းကိုေျပာင္းလဲမႈျပဳလုပ္ဖို႔ ျပင္ ဆင္ေနတယ္လို႔ သိရၿပီး ဂ်ဴဗင္တပ္တိုက္စစ္မွဴး ဒိုင္ဘာလာကိုေခၚယူဖို႔ အတြက္ စိတ္ဝင္စားေနပါတယ္။ ပီရက္ဇ္အေနနဲ႔ ဒိုင္ဘာလာကိုေခၚယူဖို႔ အတြက္ ယူ႐ိုသန္း ၁၀၀ နဲ႔အတူ ကြင္းလယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ တိုနီးခ႐ူးစ္၊အစၥကိုတို႔ ႏွစ္ ေယာက္ထဲက တစ္ေယာက္နဲ႔ ကမ္းလွမ္းသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။
တိုနီခ႐ူးစ္၊ အစၥကိုတို႔ရဲ႕ လက္ရွိေစ်းကြက္တန္ေၾကးက ယူ႐ိုသန္း ၅၀ နဲ႔အထက္မွာရွိေနတာေၾကာင့္ စုစုေပါင္း ယူ႐ိုသန္း ၁၅၀ နဲ႔ ရီးရဲလ္က ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္ ဂ်ဴဗင္တပ္ဘက္ကေတာ့ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ ဒိုင္ဘာလာ ဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္အတြက္ ၿပိဳင္ပြဲစံု ပြဲေပါင္း ၄၆ ပြဲပါဝင္ကစားေပးခဲ့ၿပီး ၁၇ ဂိုး သြင္းယူေပးထားခဲ့တဲ့ကစားသမားတစ္ဦး လည္း ျဖစ္ပါတယ္။
စပိန္သတင္းစာတစ္ေစာင္ျဖစ္တဲ့ Mundo Deportivo ရဲ႕ ေဖာ္ျပမႈမွာေတာ့ ရီးရဲလ္နည္းျပဇီဒန္းအေနနဲ႔ လာမယ့္ရာသီ အတြက္ ကစားသမားသစ္ႏွစ္ဦးေခၚယူဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။ ဇီဒန္းအေနနဲ႔ ရင္းနက္စ္အသင္းရဲ႕ကြင္းလယ္ ကစားသမား ကာမာဗင္ဂါကို ေခၚယူဖို႔အတြက္ အေစာပိုင္းကတည္းက စိတ္ဝင္စားေနတာျဖစ္ၿပီး ေခၚယူဖို႔ေစာင့္ၾကည့္ေန တာ ျဖစ္ပါတယ္။
ေနာက္တစ္ဦးအတြက္ေတာ့ ရီးရဲဲလ္အသင္းအေနနဲ႔ တိုက္စစ္မွဴးေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္တယ္လို႔ သိရပါတယ္။ အသင္း တာဝန္ရွိသူေတြအေနနဲ႔ကေတာ့ တိုက္စစ္မွဴးေခၚယူဖို႔အတြက္ အသင္းမွာရွိေနတဲ့ ဂ်ိဴဗစ္ကို အရင္ေရာင္းခ်ဖို႔ အလို ရွိေနတာျဖစ္ပါတယ္။ ဂ်ိဴဗစ္ဟာ ရီးရဲလ္ကိုေရာက္လာၿပီးေနာက္မွာ ပံုမွန္ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ ပြဲထြက္ခြင့္မရခဲ့ဘဲ ဒီေႏြရာသီမွာေတာ့ အသင္းေျပာင္းဖို႔ သတင္းေတြထြက္ေနတာျဖစ္ၿပီး သူကိုေအစီမီလန္ကေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။