လီဝန်ဒေါစကီးက မက်ဆီ ထက် ပိုကောင်းတယ်လို့ ဆိုလိုက်တဲ့ သောမတ်စ်မူလာ

ဘိုင်ယန်မြူးနစ် တိုက်စစ်ကစားသမား သောမတ်စ်မူလာက နောက်တစ်ပတ် ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အသင်းဖော်တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာ ကြယ်ပွင့် မက်ဆီ ထက် ပိုကောင်းတယ်ဆိုတာ သက်သေပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၄) ပွဲကစားပြီးချိန်မှာ (၅၃) ဂိုးအထိ သွင်းယူထားပြီး ကစားသမားဘ၀ အကောင်းဆုံး ပုံစံရနေသူဖြစ်ပါတယ်။

သူဟာ စနေနေ့က ချဲလ်ဆီးအသင်းကို (၄-၁) နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း (၂) ဂိုးသွင်းပြီး (၂) ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီကလည်း စနေနေ့ညက နာပိုလီအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရမ်းမိုက်တဲ့ တစ်ကိုယ်တော် သွင်းဂိုး သွင်းပေးခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ ဘီလူး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

သောမတ်စ်မူလာကို လက်ရှိမှာ လီဝန်ဒေါစကီးက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလား လို့ မေးမြန်ခဲ့ရာ သူက “သောကြာနေ့မှာ စောင့်ကြည့်ရမှာပါ။ လီဝန်ဒေါစကီး က ဒီမေးခွန်းကို ဖြေသွားရမှာပါ။ မက်ဆီလည်း ဒီနေ့ အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီး နဲ့ ကျွန်တော်တို့ဟာ ဒီမေးခွန်းကို သောကြာနေ့မှာ ဖြေသွားမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

လီ၀န္ေဒါစကီးက မက္ဆီ ထက္ ပိုေကာင္းတယ္လို႔ ဆိုလိုက္တဲ့ ေသာမတ္စ္မူလာ

ဘိုင္ယန္ျမဴးနစ္ တိုက္စစ္ကစားသမား ေသာမတ္စ္မူလာက ေနာက္တစ္ပတ္ ကစားမယ့္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ အသင္းေဖာ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးက ဘာစီလိုနာ ၾကယ္ပြင့္ မက္ဆီ ထက္ ပိုေကာင္းတယ္ဆိုတာ သက္ေသျပႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။လီ၀န္ေဒါစကီးဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု (၄၄) ပြဲကစားျပီးခ်ိန္မွာ (၅၃) ဂိုးအထိ သြင္းယူထားျပီး ကစားသမားဘ၀ အေကာင္းဆံုး ပံုစံရေနသူျဖစ္ပါတယ္။

သူဟာ စေနေန႔က ခ်ဲလ္ဆီးအသင္းကို (၄-၁) နဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း (၂) ဂိုးသြင္းျပီး (၂) ဂိုးဖန္တီးေပးခဲ့ပါတယ္။ ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီကလည္း စေနေန႔ညက နာပိုလီအသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အရမ္းမိုက္တဲ့ တစ္ကုိယ္ေတာ္ သြင္းဂိုး သြင္းေပးခဲ့ျပီး ကြာတားဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ျပီး ဘြန္ဒက္စ္လီဂါ ဘီလူး ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။

ေသာမတ္စ္မူလာကို လက္ရွိမွာ လီ၀န္ေဒါစကီးက ကမာၻ႕အေကာင္းဆံုး တိုက္စစ္မွဴးလား လို႔ ေမးျမန္ခဲ့ရာ သူက “ေသာၾကာေန႔မွာ ေစာင့္ၾကည့္ရမွာပါ။ လီ၀န္ေဒါစကီး က ဒီေမးခြန္းကို ေျဖသြားရမွာပါ။ မက္ဆီလည္း ဒီေန႔ အရမး္ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ လီ၀န္ေဒါစကီး နဲ႔ ကၽြန္ေတာ္တို႔ဟာ ဒီေမးခြန္းကို ေသာၾကာေန႔မွာ ေျဖသြားမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။