ဇာဗီနည်းပြနေတဲ့ ကာတာ ကလပ်ကို ကို တရားဝင်အပြီးသတ်ရောက်သွားပြီဖြစ်တဲ့ ကာဇိုလာ

ကာဇိုလာဟာ စပိန်ဂန္တဝင် ဇာဗီ နည်းပြနေတဲ့ ကာတာ ကလပ် အဲလ်ဆဒ် ကို ပြောင်းသွားပြီဖြစ်ပါတယ်။ အာဆင်နယ် ကစားသမားဟောင်း ဟာ ဒီနွေရာသီမှာ ဗီလာရီးရဲလ်အသင်း နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပမယ့် နိုင်ငံကို သောကြာနေ့က အပြီးသတ်ရောက်သွားပါပြီ။

အသက် ၃၅ နှစ်အရွယ် ကာဇိုလာဟာ အာဆင်နယ်နည်းပြ မိုက်ကယ်အာတီတာ ရဲ့ အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မယ်လို့ ခန့်မှန်းနေကြပေမယ့် သူဟာ ဇာဗီရဲ့ ကာတာ လိဂ် ချန်ပီယံအသင်းကို ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

ကာဇိုလာက “ ကာတာရဲ့ အကြီးဆုံး ကလပ်အသင်းတစ်သင်းမှာ ရှိနေခွင့်ရတာ ဂုဏ်ယူစရာပါ။ ကာတာကို လာဖို့ ကျွန်တော့် ဆုံးဖြတ်ချက်အတွက် ဇာဗီက အများကြီး ကူညီခဲ့ပါတယ်။ သူဟာ ကျွန်တော့်အတွက် စံပြကစားသမားဖြစ်ပြီး နည်းပြတစ်ယောက်လည်းဖြစ်နေပါတယ်။ ကျွန်တော်ရည်မှန်းချက်က အဲလ်ဆဒ်အသင်းနဲ့ အရာအားလုံး ရရှိဖို့ ပါ” လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

ကာဇိုလာ နဲ့ ဇာဗီ တို့ဟာ စပိန်လက်ရွေးစင်အသင်း ဥရောပချန်ပီယံ ဖလား ကို ၂၀၀၈ နဲ့ ၂၀၁၂ ခုနှစ်တွေတုန်းက ဆွတ်ခူးခဲ့ရမှာ အတူတူ တွဲကစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ၂၀၁၉ မေလက အဲလ်ဆဒ် အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဇာဗီဟာ ၂၀၁၀ ကမ္ဘာ့ဖလားကို စပိန် နဲ့ ဆွတ်ခူးခဲ့နိုင်ခဲ့ပါသေးတယ်။ ကာဇိုလာဟာ အာဆင်နယ်အသင်းက ထွက်ခွာပြီးနောက ်ဗီလာရီးရဲလ်အသင်းမှာ (၂) ရာသီ ကစားခဲ့သူဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း (၁၈၀) ကစားထားပြီး (၂၉) ဂိုးသွင်းပေးခဲ့ပါတယ်။

ဇာဗီနည္းျပေနတဲ့ ကာတာ ကလပ္ကို ကို တရား၀င္အျပီးသတ္ေရာက္သြားျပီျဖစ္တဲ့ ကာဇိုလာ

ကာဇိုလာဟာ စပိန္ဂႏၱ၀င္ ဇာဗီ နည္းျပေနတဲ့ ကာတာ ကလပ္ အဲလ္ဆဒ္ ကို ေျပာင္းသြားျပီျဖစ္ပါတယ္။ အာဆင္နယ္ ကစားသမားေဟာင္း ဟာ ဒီေႏြရာသီမွာ ဗီလာရီးရဲလ္အသင္း နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆံုးျပီးေနာက္ ၂၀၂၂ ကမာၻ႕ဖလား က်င္းပမယ့္ ႏိုင္ငံကို ေသာၾကာေန႔က အျပီးသတ္ေရာက္သြားပါျပီ။

အသက္ ၃၅ ႏွစ္အရြယ္ ကာဇိုလာဟာ အာဆင္နယ္နည္းျပ မိုက္ကယ္အာတီတာ ရဲ႕ အသင္းမွာ နည္းျပအဖြဲ႔၀င္အျဖစ္ တာ၀န္ထမ္းေဆာင္မယ္လို႔ ခန္႔မွန္းေနၾကေပမယ့္ သူဟာ ဇာဗီရဲ႕ ကာတာ လိဂ္ ခ်န္ပီယံအသင္းကို ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

ကာဇိုလာက “ ကာတာရဲ႕ အၾကီးဆံုး ကလပ္အသင္းတစ္သင္းမွာ ရွိေနခြင့္ရတာ ဂုဏ္ယူစရာပါ။ ကာတာကို လာဖို႔ ကၽြန္ေတာ့္ ဆံုးျဖတ္ခ်က္အတြက္ ဇာဗီက အမ်ားၾကီး ကူညီခဲ့ပါတယ္။ သူဟာ ကၽြန္ေတာ့္အတြက္ စံျပကစားသမားျဖစ္ျပီး နည္းျပတစ္ေယာက္လည္းျဖစ္ေနပါတယ္။ ကၽြန္ေတာ္ရည္မွန္းခ်က္က အဲလ္ဆဒ္အသင္းနဲ႔ အရာအားလံုး ရရွိဖို႔ ပါ” လို႔ အသင္းရဲ႕ တရား၀င္ ၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့ပါတယ္။

ကာဇိုလာ နဲ႔ ဇာဗီ တို႔ဟာ စပိန္လက္ေရြးစင္အသင္း ဥေရာပခ်န္ပီယံ ဖလား ကို ၂၀၀၈ နဲ႔ ၂၀၁၂ ခုႏွစ္ေတြတုန္းက ဆြတ္ခူးခဲ့ရမွာ အတူတူ တြဲကစားခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ၂၀၁၉ ေမလက အဲလ္ဆဒ္ အသင္းမွာ နည္းျပအျဖစ္ တာ၀န္ယူေနတဲ့ ဇာဗီဟာ ၂၀၁၀ ကမာၻ႕ဖလားကို စပိန္ နဲ႔ ဆြတ္ခူးခဲ့ႏိုင္ခဲ့ပါေသးတယ္။ ကာဇိုလာဟာ အာဆင္နယ္အသင္းက ထြက္ခြာျပီးေနာက ္ဗီလာရီးရဲလ္အသင္းမွာ (၂) ရာသီ ကစားခဲ့သူျဖစ္ပါတယ္။ ကြင္းလယ္ကစားသမားဟာ အာဆင္နယ္အသင္းအတြက္ ပြဲေပါင္း (၁၈၀) ကစားထားျပီး (၂၉) ဂိုးသြင္းေပးခဲ့ပါတယ္။