လူသားနဲ့ နတ်ဘုရား မတူဘူးဆိုပြီး မက်ဆီနဲ့ ဖခင်ဖြစ်သူမာရာဒိုနာ တို့ကို နှိုင်းယှဉ်နေမှုအတွက် ပြောခဲ့တဲ့ ဂျူနီယာ မာရာဒိုနာ

အာဂျင်တီးနားဂန္တဝင်ကစားသမား မာရာဒိုနာရဲ့သားဖြစ်တဲ့ ဂျူနီယာက သူရဲ့ဖခင်နဲ့ မက်ဆီတို့ကို နှိုင်းယှဉ်ပြီး ပြောဆိုနေမှု အတွက် လူသားနဲ့ နတ်ဘုရားတို့ရဲ့ စွမ်းဆောင်မှုကို နှိုင်းယှဉ်နေသလိုမျိုး ဖြစ်နေတယ်လို့ သူရဲ့အမြင်ကိုပြောခဲ့ပါတယ်။ သတင်း မီဒီယာတွေအနေနဲ့ မက်ဆီ၊ မာရာဒိုနာတို့အကြောင်းတွေကို အမြဲလိုလိုနှိုင်းယှဉ်ပြီး ဖော်ပြလေ့ရှိတာကြောင့် မာရာ ဒိုနာ ဂျူနီယာက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

 

ဂျူနီယာက “ မက်ဆီက အံသြဖွယ်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ဒါပေမယ့် ကျွန်တော်ရဲ့အဖေနဲ့တော့ နှိုင်းယှဉ် လို့ မရပါဘူး။ လူသားနဲ့ နတ်ဘုရားတွေကို နှိုင်းယှဉ်လို့ မရသလိုမျိုးပါပဲ။ မာရာဒိုနာက ဘောလုံးလောကရဲ့ နတ်ဘုရား ဆို ရင် မက်ဆီက အကောင်းဆုံးလူသားတစ်ယောက်ပါ။ ကျွန်တော်အဖေ စွမ်းဆောင်နိုင်သလိုမျိုး ဘယ်သူမှစွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဂျူနီယာမာရာဒိုနာက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ယောက်ကို နှိုင်းယှဉ်နေမှုနဲ့ ပတ်သက်ပြီး လူသားနှစ် ယောက်ကို နှိုင်းယှဉ်တာဖြစ်တဲ့အတွက် မျှတကြောင်းပြောခဲ့ပါတယ်။ ဂျူနီယာမာရာဒိုနာက မက်ဆီကို သူနဲ့ မာရာဒိုနာ တို့ နှစ်ယောက်စလုံး ချစ်ခင်နှစ်သက်ကြပြီး စကားတွေမကြာခဏပြောဖြစ်တယ်လို့ ပြောခဲ့ပါတယ်။မက်ဆီအနေနဲ့ သူအတွက် တော့ ဒုတိယအကောင်းဆုံး ဘောလုံးသမားသမားတစ်ယောက်သာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါအပြင် ဂျူနီယာမာရာဒိုနာက သူကြိုက်နှစ်သက်တဲ့ကစားသမားတွေအကြောင်းကိုလည်း ပြောခဲ့ပြီး မာရာဒိုနာနဲ့ မက်ဆီ တို့ပြီးရင် သူအကြိုက်ဆုံးကစားသမားက ဘရာဇီးကရော်နယ်ဒိုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နောက်ထပ် ကြိုက်နှစ်သက်တဲ့ ကစားသမားတစ်ဦးကတော့ နယ်သာလန်နဲ့ ဘာစီလိုနာဂန္တဝင်ကစားသမား ဖြစ်တဲ့ ဂျိုဟန်ခရိုက်ဖ် ဖြစ်ပြီး သူက ဘောလုံး လောကကို ပြောင်းလဲစေခဲ့သူလို့ ပြောဆိုခဲ့ပါတယ်။

zawgyi version

လူသားနဲ႔ နတ္ဘုရား မတူဘူးဆိုၿပီး မက္ဆီနဲ႔ ဖခင္ျဖစ္သူမာရာဒိုနာ တို႔ကို ႏႈိင္းယွဥ္ေနမႈအတြက္ ေျပာခဲ့တဲ့ ဂ်ဴနီယာ မာရာဒိုနာ
အာဂ်င္တီးနားဂႏၲဝင္ကစားသမား မာရာဒိုနာရဲ႕သားျဖစ္တဲ့ ဂ်ဴနီယာက သူရဲ႕ဖခင္နဲ႔ မက္ဆီတို႔ကို ႏႈိင္းယွဥ္ၿပီး ေျပာဆိုေနမႈ အတြက္ လူသားနဲ႔ နတ္ဘုရားတို႔ရဲ႕ စြမ္းေဆာင္မႈကို ႏႈိင္းယွဥ္ေနသလိုမ်ိဳး ျဖစ္ေနတယ္လို႔ သူရဲ႕အျမင္ကိုေျပာခဲ့ပါတယ္။ သတင္း မီဒီယာေတြအေနနဲ႔ မက္ဆီ၊ မာရာဒိုနာတို႔အေၾကာင္းေတြကို အၿမဲလိုလိုႏႈိင္းယွဥ္ၿပီး ေဖာ္ျပေလ့ရွိတာေၾကာင့္ မာရာ ဒိုနာ ဂ်ဴနီယာက အခုလိုေျပာခဲ့တာျဖစ္ပါတယ္။
ဂ်ဴနီယာက “ မက္ဆီက အံၾသဖြယ္ေကာင္းတဲ့ကစားသမားတစ္ေယာက္ပါ။ဒါေပမယ့္ ကြ်န္ေတာ္ရဲ႕အေဖနဲ႔ေတာ့ ႏႈိင္းယွဥ္ လို႔ မရပါဘူး။ လူသားနဲ႔ နတ္ဘုရားေတြကို ႏႈိင္းယွဥ္လို႔ မရသလိုမ်ိဳးပါပဲ။ မာရာဒိုနာက ေဘာလံုးေလာကရဲ႕ နတ္ဘုရား ဆို ရင္ မက္ဆီက အေကာင္းဆံုးလူသားတစ္ေယာက္ပါ။ ကြ်န္ေတာ္အေဖ စြမ္းေဆာင္ႏိုင္သလိုမ်ိဳး ဘယ္သူမွစြမ္းေဆာင္ႏိုင္မွာ မဟုတ္ပါဘူး” လို႕ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဂ်ဴနီယာမာရာဒိုနာက မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ ႏွစ္ေယာက္ကို ႏႈိင္းယွဥ္ေနမႈနဲ႔ ပတ္သက္ၿပီး လူသားႏွစ္ ေယာက္ကို ႏႈိင္းယွဥ္တာျဖစ္တဲ့အတြက္ မွ်တေၾကာင္းေျပာခဲ့ပါတယ္။ ဂ်ဴနီယာမာရာဒိုနာက မက္ဆီကို သူနဲ႔ မာရာဒိုနာ တို႔ ႏွစ္ေယာက္စလံုး ခ်စ္ခင္ႏွစ္သက္ၾကၿပီး စကားေတြမၾကာခဏေျပာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။မက္ဆီအေနနဲ႔ သူအတြက္ ေတာ့ ဒုတိယအေကာင္းဆံုး ေဘာလံုးသမားသမားတစ္ေယာက္သာ ျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။
ဒါအျပင္ ဂ်ဴနီယာမာရာဒိုနာက သူႀကိဳက္ႏွစ္သက္တဲ့ကစားသမားေတြအေၾကာင္းကိုလည္း ေျပာခဲ့ၿပီး မာရာဒိုနာနဲ႔ မက္ဆီ တို႔ၿပီးရင္ သူအႀကိဳက္ဆံုးကစားသမားက ဘရာဇီးကေရာ္နယ္ဒိုျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ေနာက္ထပ္ ႀကိဳက္ႏွစ္သက္တဲ့ ကစားသမားတစ္ဦးကေတာ့ နယ္သာလန္နဲ႔ ဘာစီလိုနာဂႏၲဝင္ကစားသမား ျဖစ္တဲ့ ဂ်ိဳဟန္ခ႐ိုက္ဖ္ ျဖစ္ၿပီး သူက ေဘာလံုး ေလာကကို ေျပာင္းလဲေစခဲ့သူလို႔ ေျပာဆိုခဲ့ပါတယ္။