ဆာပေါ်လိုအသင်းက အသက် ၁၉ နှစ်အရွယ်ကစားသမား ဂူစတာဗိုမာအီယာ ကို ပေါင် ၄ သန်းတည်းနဲ့ ခေါ်ယူလိုက်တဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ ဆာပေါ်လိုအသင်းက အလားအလာရှိတဲ့ ဂူစတာဗိုမာအီယာ ကို ပေါင် ၄ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားဟာ ဘာစီလိုနာအသင်း (ခ) အသင်းကို သွားရောက်ကစားရမှာဖြစ်ပြီး ကာတလန်အသင်းနဲ့ စာချုပ်ချုပ်လိုက်ကတည်းက စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၂၇၀ ကို ထည့်သွင်းချုပ်ဆိုလိုက်တဲ့လို့ တရားဝင်ဝက်ဘ်ဆိုဒ်ကို အဆိုအရ သိရပါတယ်။

မာအီယာ ဟာ ၂၀၂၅ ခုနှစ် အထိ စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ အစောပိုင်းကတည်းက လက်မှတ်ထိုးခေါ်ယူရန် ပေါင် ၉ သိန်း ပေးခဲ့ရတာဖြစ်ပါတယ်။သူဟာ ဆာပေါ်လိုအသင်းရဲ့ စီနီယာ အသင်းမှာ မကစားခဲ့ရသော်လည်း လူငယ်အသင်းမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ပြသခဲ့သူပါ။

ဆာပေါ်လိုအသင်းကို အသက် ၁၄ ခုနှစ်ကတည်းက ရောက်လာသူဟာ ၂၀၁၈ ခုနှစ်မှာ လူငယ်အသင်းအတွက် (၃၈) ပွဲကစားပြီး ဂိုး (၃၀) သွင်းပေးထားသူဖြစ်ပါတယ်။ ပုံမှန်အရ သူဟာ ညာတောင်ပံကစားသူဖြစ်သော်လည်း ဘယ်တောင်ပံမှာလည်း ကောင်းစွာ ကစားနိုင်ပါတယ်။ မာအီယာဟာ ဘရာဇီး ယူ ၁၆ နဲ့ ယူ ၁၇ အသင်းတွေမှာလည်း ကစားခဲ့ပါတယ်။

ဆာေပၚလိုအသင္းက အသက္ ၁၉ ႏွစ္အရြယ္ကစားသမား ဂူစတာဗိုမာအီယာ ကို ေပါင္ ၄ သန္းတည္းနဲ႔ ေခၚယူလိုက္တဲ့ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ ဆာေပၚလုိအသင္းက အလားအလာရွိတဲ့ ဂူစတာဗိုမာအီယာ ကို ေပါင္ ၄ သန္းနဲ႔ ေခၚယူလိုက္ျပီျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ဘာစီလိုနာအသင္း (ခ) အသင္းကို သြားေရာက္ကစားရမွာျဖစ္ျပီး ကာတလန္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္လိုက္ကတည္းက စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္သန္း ၂၇၀ ကို ထည့္သြင္းခ်ဳပ္ဆိုလုိက္တဲ့လို႔ တရား၀င္၀က္ဘ္ဆိုဒ္ကုိ အဆိုအရ သိရပါတယ္။

မာအီယာ ဟာ ၂၀၂၅ ခုႏွစ္ အထိ စာခ်ဳပ္ခ်ဳပ္ခဲ့တာျဖစ္ျပီး ဘာစီလိုနာအသင္းဟာ အေစာပိုင္းကတည္းက လက္မွတ္ထိုးေခၚယူရန္ ေပါင္ ၉ သိန္း ေပးခဲ့ရတာျဖစ္ပါတယ္။သူဟာ ဆာေပၚလိုအသင္းရဲ႕ စီနီယာ အသင္းမွာ မကစားခဲ့ရေသာ္လည္း လူငယ္အသင္းမွာ အထင္ၾကီးေလာက္စရာ စြမ္းေဆာင္ရည္ျပသခဲ့သူပါ။

ဆာေပၚလိုအသင္းကို အသက္ ၁၄ ခုႏွစ္ကတည္းက ေရာက္လာသူဟာ ၂၀၁၈ ခုႏွစ္မွာ လူငယ္အသင္းအတြက္ (၃၈) ပြဲကစားျပီး ဂိုး (၃၀) သြင္းေပးထားသူျဖစ္ပါတယ္။ ပံုမွန္အရ သူဟာ ညာေတာင္ပံကစားသူျဖစ္ေသာ္လည္း ဘယ္ေတာင္ပံမွာလည္း ေကာင္းစြာ ကစားႏိုင္ပါတယ္။ မာအီယာဟာ ဘရာဇီး ယူ ၁၆ နဲ႔ ယူ ၁၇ အသင္းေတြမွာလည္း ကစားခဲ့ပါတယ္။