မက်ဆီအနေနဲ့ ကစားသမားဘဝကို ဘာစီလိုနာမှာပဲ အဆုံးသတ်သွားမှာ ဖြစ်တယ်လို့ ဥက္ကဌ ဘာတိုမီယူပြောကြား

ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမီယူက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေပြီး အသင်းပြောင်းရွှေ့မယ့် သတင်းတွေထွက်နေပေမယ့် မက်ဆီအနေနဲ့ အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပြီး နောက် ၃ ၊၄ နှစ်လောက် အသင်းအတွက် ကစားပေးပြီး ကစားသမားဘဝကို ဘာစီလိုနာမှာပဲ အဆုံးသတ်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီ ဖြစ်တဲ့ မက်ဆီက ကစားသမားဘဝကို အဆုံးသတ်ကို အသင်းဟောင်း နယူးဝဲလ် အိုးဘွိုင်းစ်မှာ ကုန်ဆုံးချင်တယ်လို့ ထုတ် ဖော်ပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၆ ကြိမ်အထိ ရယူထားနိုင်တဲ့ မက်ဆီဟာ ဘာစီလိုနာနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ မက်ဆီကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက ဆက်သွယ်မှုတွေရှိနေပေမယ့် နှစ် သင်းစလုံး ကအတည်ပြုပြောကြားထားတွေ့တော့ မရှိသေးပါဘူး။ ဘာတိုမီယူက မက်ဆီအနေနဲ့ ၂၀၂၃ ခုနှစ်လောက်မှ ကစားသမားဘဝကနေ အနားယူဖို့စဉ်းစားမှာဖြစ်တဲ့အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

beIN SPORTS ကနေတဆင့် ဘာတိုမီယူက “ မက်ဆီအနေနဲ့ သူရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို ဘာစီလိုနာ မှာပဲ အဆုံးသတ်ဖို့ အလိုရှိမှာဖြစ်ပါတယ်။ လူငယ်ကစားသမားဘဝကတည်းက ဘာစီလိုနာကို သူရောက်ခဲ့တာပါ။သူဟာ အသင်းသမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ စာချုပ်သစ်အတွက် အဆင်မပြေသေးဘူးဆိုပေမယ့် မက်ဆီအနေ နဲ့ ဘာစီလိုနာကစားသမားအဖြစ်ရှိနေတာဖြစ်ပြီး အသင်းမှာဆက်နေဖို့အတွက် သူလုပ်ဆောင်သွားမှာပါ” လို့ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဘာတိုမီယူက အသင်းရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဂိုးသမား တာစတီဂန်ကိုလည်း စာချုပ်သစ်ချုပ် ဆိုဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တာစတီဂန်ဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကျန်နေ သေးတာဖြစ်ပေမယ့် သူကိုခေါ်ယူဖို့အတွက် ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားမှုရှိနေတာကြောင့် ဘာစီလိုနာအနေ နဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

zawgyi version

မက္ဆီအေနနဲ႔ ကစားသမားဘဝကို ဘာစီလိုနာမွာပဲ အဆံုးသတ္သြားမွာ ျဖစ္တယ္လို႔ ဥကၠဌ ဘာတိုမီယူေျပာၾကား
ဘာစီလိုနာအသင္းဥကၠဌ ဘာတိုမီယူက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပျဖစ္ေနၿပီး အသင္းေျပာင္းေရႊ႕မယ့္ သတင္းေတြထြက္ေနေပမယ့္ မက္ဆီအေနနဲ႔ အသင္းမွာပဲ ဆက္ရွိေနမွာျဖစ္ၿပီး ေနာက္ ၃ ၊၄ ႏွစ္ေလာက္ အသင္းအတြက္ ကစားေပးၿပီး ကစားသမားဘဝကို ဘာစီလိုနာမွာပဲ အဆံုးသတ္သြားမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္ရွိေနၿပီ ျဖစ္တဲ့ မက္ဆီက ကစားသမားဘဝကို အဆံုးသတ္ကို အသင္းေဟာင္းနယူးဝဲလ္အိုးဘြိဳင္းစ္မွာ ကုန္ဆံုးခ်င္တယ္လို႔ ထုတ္ ေဖာ္ေျပာဆိုခဲ့ဖူးတာ ျဖစ္ပါတယ္။
ကမ႓ာ့အေကာင္းဆံုးေဘာလံုးသမားဆုကို ၆ ႀကိမ္အထိ ရယူထားႏိုင္တဲ့ မက္ဆီဟာ ဘာစီလိုနာနဲ႔ လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္ပါတယ္။ မက္ဆီကို ေခၚယူဖို႔ အင္တာမီလန္အသင္းက ဆက္သြယ္မႈေတြရွိေနေပမယ့္ ႏွစ္ သင္းစလံုး ကအတည္ျပဳေျပာၾကားထားေတြ႕ေတာ့ မရွိေသးပါဘူး။ ဘာတိုမီယူက မက္ဆီအေနနဲ႔ ၂၀၂၃ ခုႏွစ္ေလာက္မွ ကစားသမားဘဝကေန အနားယူဖို႔စဥ္းစားမွာျဖစ္တဲ့အေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။
beIN SPORTS ကေနတဆင့္ ဘာတိုမီယူက “ မက္ဆီအေနနဲ႔ သူရဲ႕ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝကို ဘာစီလိုနာ မွာပဲ အဆံုးသတ္ဖို႔ အလိုရွိမွာျဖစ္ပါတယ္။ လူငယ္ကစားသမားဘဝကတည္းက ဘာစီလိုနာကို သူေရာက္ခဲ့တာပါ။သူဟာ အသင္းသမိုင္းရဲ႕ အစိတ္အပိုင္းတစ္ခုလည္းျဖစ္ပါတယ္။ စာခ်ဳပ္သစ္အတြက္ အဆင္မေျပေသးဘူးဆိုေပမယ့္ မက္ဆီအေန နဲ႔ ဘာစီလိုနာကစားသမားအျဖစ္ရွိေနတာျဖစ္ၿပီး အသင္းမွာဆက္ေနဖို႔အတြက္ သူလုပ္ေဆာင္သြားမွာပါ” လို႔ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဘာတိုမီယူက အသင္းရဲ႕အဓိက,ကစားသမားတစ္ဦးျဖစ္တဲ့ ဂိုးသမား တာစတီဂန္ကိုလည္း စာခ်ဳပ္သစ္ခ်ဳပ္ ဆိုဖို႔အတြက္ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ တာစတီဂန္ဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းက်န္ေန ေသးတာျဖစ္ေပမယ့္ သူကိုေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္တို႔က စိတ္ဝင္စားမႈရွိေနတာေၾကာင့္ ဘာစီလိုနာအေန နဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။