ကူဘိုကို ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချဖို့ ငြင်းဆန်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျပန်လူငယ်ကြယ်ပွင့် ကူဘို ကို ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချသွားမှာမဟုတ်ပဲ စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဆီကိုပဲ ထပ်မံ အငှားချသွားဖွယ်ရှိနေပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက တိုကျို FC အသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာ မာယော့ကာ အသင်းမှာ အငှားသွားရောက်ကစားခဲ့သူဖြစ်ပါတယ်။

တောင်ပံတိုက်စစ်ကစားသမားဟာ တန်းဆင်းသွားတဲ့ မာယော့ကာ အသင်းအတွက် (၄) ဂိုးသွင်းပေးခဲ့ပေမယ့် ကူဘိုရဲ့ ခြေစွမ်းကို ဘိုင်ယန်မြူးနစ်အပါအဝင် ဥရောပ က ထိပ်သီးအသင်းတော်တော်များများ စိတ်ဝင်စားခဲ့ကြပါတယ်။သို့သော်လည်း စပိန်သတင်းစာ AS က အဆိုအရ ဘိုင်ယန်မြူးနစ်အသင်းဟာ တောင်ပံကစားသမားအတွက် ပေါင် ၄.၅ သန်း နဲ့ အငှားကမ်းလှမ်းလိုက်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ပယ်ချလိုက်ပြီး စပိန်ကလပ်အသင်းတစ်သင်းထံဆီကိုသာ ထပ်မံ အငှားချမယ်လို့ သိရပါတယ်။

အဆိုပါအသင်းဟာ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်အသင်းဖြစ်တယ်လို့ သတင်းများက ဖော်ပြနေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျပန်ကြယ်ပွင့်အတွက် ဂရန်နာဒါအသင်းဆီက ကမ်းလှမ်းမှုကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ အနည်းဆုံး ပွဲ (၄၀) လောက်ကစားခွင့်ရမယ့် အသင်းကိုသာ ပိုပြီး ပြောင်းရွှေ့ရဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက အဆင့် (၁၀) အိုဆာဆူနာ နဲ့ ဆဲလ်တာဗီဂိုအသင်းတို့ကလည်း အငှားနဲ့ခေါ်ယူရန် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဂျပန်လူငယ်ကြယ်ပွင့်ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီမှာ (၄) နှစ်ကစားခဲ့တယ်လို့ သိရပါတယ်။

ကူဘိုကို ဘိုင္ယန္ျမဴးနစ္အသင္းထံ အငွားခ်ဖို႔ ျငင္းဆန္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္း

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဂ်ပန္လူငယ္ၾကယ္ပြင့္ ကူဘို ကို ဘိုင္ယန္ျမဴးနစ္အသငး္ထံ အငွားခ်သြားမွာမဟုတ္ပဲ စပိန္လာလီဂါ ကလပ္အသင္းတစ္သင္းဆီကိုပဲ ထပ္မံ အငွားခ်သြားဖြယ္ရွိေနပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ ေႏြရာသီက တိုက်ိဳ FC အသင္းကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕လာသူျဖစ္ျပီး ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ မာေယာ့ကာ အသင္းမွာ အငွားသြားေရာက္ကစားခဲ့သူျဖစ္ပါတယ္။

ေတာင္ပံတိုက္စစ္ကစားသမားဟာ တန္းဆင္းသြားတဲ့ မာေယာ့ကာ အသင္းအတြက္ (၄) ဂိုးသြင္းေပးခဲ့ေပမယ့္ ကူဘိုရဲ႕ ေျခစြမ္းကို ဘိုင္ယန္ျမဴးနစ္အပါအ၀င္ ဥေရာပ က ထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ား စိတ္၀င္စားခဲ့ၾကပါတယ္။သို႔ေသာ္လည္း စပိန္သတင္းစာ AS က အဆုိအရ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေတာင္ပံကစားသမားအတြက္ ေပါင္ ၄.၅ သန္း နဲ႔ အငွားကမ္းလွမ္းလိုက္ေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းက ပယ္ခ်လိုက္ျပီး စပိန္ကလပ္အသင္းတစ္သင္းထံဆီကိုသာ ထပ္မံ အငွားခ်မယ္လို႔ သိရပါတယ္။

အဆုိပါအသင္းဟာ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္းအမ္မရီ ကိုင္တြယ္ေနတဲ့ ဗီလာရီးရဲလ္အသင္းျဖစ္တယ္လို႔ သတင္းမ်ားက ေဖာ္ျပေနတာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဂ်ပန္ၾကယ္ပြင့္အတြက္ ဂရန္နာဒါအသင္းဆီက ကမ္းလွမ္းမႈကိုလည္း စဥ္းစားေနတယ္လို႔ သိရပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားဟာ အနည္းဆံုး ပြဲ (၄၀) ေလာက္ကစားခြင့္ရမယ့္ အသင္းကိုသာ ပိုျပီး ေျပာင္းေရႊ႕ရဖြယ္ရွိေနပါတယ္။

ျပီးခဲ့တဲ့ရာသီက အဆင့္ (၁၀) အိုဆာဆူနာ နဲ႔ ဆဲလ္တာဗီဂိုအသင္းတို႔ကလည္း အငွားနဲ႔ေခၚယူရန္ စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ ဂ်ပန္လူငယ္ၾကယ္ပြင့္ဟာ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ ဘာစီလိုနာအသင္းရဲ႕ လာမာစီယာ အကယ္ဒမီမွာ (၄) ႏွစ္ကစားခဲ့တယ္လို႔ သိရပါတယ္။