ဘာစီလိုနာ နဲ့ နာပိုလီပွဲကို နာပိုလီဥက္ကဌ ဒီလော်ရန်တစ် က ပေါ်တူဂီမှာ ကစားရန် တောင်းဆိုလိုက်သော်လည်း နူးကမ့်မှာပဲ ကစားမယ်လို့ ကာတလန်အစိုးရ အတည်ပြု

ဘာစီလိုနာ နဲ့ နာပိုလီ ချန်ပီယံလိဂ်ပြိုင်ပွဲကို နူးကမ့်မှာပဲ ကစားမှာ ဖြစ်တယ်လို့ ကာတလိုနီယာ အစိုးရက အတည်ပြုသွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ စပိန်မှာ အဆိုးဆုံး ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ အထိ နေ့စဉ် ရောဂါပိုးတွေ့ရှိသူ (၉၄၄) ယောက်တွေ့ခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းဥက္ကဌ ဒီလော်ရန်တစ်က ပြီးခဲ့တဲ့လက ရှုံးထွက် (၁၆) သင်းအဆင့်ပြိုင်ပွဲကို ပေါ်တူဂီမှာပဲ ကျင်းပရန် တောင်းဆိုသွားခဲ့ပါတယ်။

သူက “စပိန်မှာ ရောဂါပိုးကြောင့် လူတွေ ကြောက်ရွံ့နေကြတယ်လို့ ကျွန်တော်ကြားနေရပါတယ်။ သူတို့ကတော့ ဘာမှ မဖြစ်သလို ဟန်ဆောင်နေကြပါတယ်။ ဘာစီလိုနာကို မသွားပဲ ပေါ်တူဂီ၊ ဂျာမနီ ဒါမှမဟုတ် ဂျနီဗာမှာ ကစားဖို့ ပြောပါရစေ။ သူတို့အနေနဲ့ ချန်ပီယံလိဂ်ကို ပေါ်တူဂီ ယူရိုပါလိဂ်ကို ဂျာမနီမှာ ကစားဖို့ ဆုံးဖြတ်ပြီးပြီးဆိုရင် ကျွန်တော်တို့ဟာ ရှုံးထွက် ၁၆ သင်းအဆင့်အတွက ်ပေါ်တူဂီ ဒါမှမဟုတ် ဂျာမနီကု ိသွားရမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ သူက ပြောသွားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ကာတာလိုနီယာ ပြည်သူ့ကျန်းမာရေး အတွင်းရေးမှုး ဂျိုဆပ်မာရီယာအာဂျီမွန်က အခြေအနေတွေက ပိုကောင်းနေပြီလို့ ဝန်ခံပြောသွားခဲ့ပါတယ်။ “စီစဉ်ထားတဲ့အတိုင်း ကစားလို့ရပါတယ်။ ဒီတစ်ပတ်အခြေအနေက ပြီးခဲ့တဲ့ အပတ်ကထက် ပိုကောင်းကောင်းနေပါတယ်။ ပရိသတ်မပါပဲနဲ့ ကစားလို့ရပါတယ်” လို့ ရေဒီယိုအစီအစဉ် တစ်ခုမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ နဲ႔ နာပိုလီပြဲကို နာပိုလီဥကၠဌ ဒီေလာ္ရန္တစ္ က ေပၚတူဂီမွာ ကစားရန္ ေတာင္းဆိုလိုက္ေသာ္လည္း နူးကမ့္မွာပဲ ကစားမယ္လို႔ ကာတလန္အစုိးရ အတည္ျပဳ

ဘာစီလုိနာ နဲ႔ နာပိုလီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ႏူးကမ့္မွာပဲ ကစားမွာ ျဖစ္တယ္လို႔ ကာတလိုနီယာ အစုိးရက အတည္ျပဳသြားခဲ့ပါတယ္။ ကိုဗစ္-၁၉ ေရာဂါဟာ စပိန္မွာ အဆိုးဆံုး ျဖစ္ပြားခဲ့ျပီး ျပီးခဲ့တဲ့ ဇူလိုင္လ အထိ ေန႔စဥ္ ေရာဂါပိုးေတြ႕ရွိသူ (၉၄၄) ေယာက္ေတြ႕ခဲ့တာျဖစ္ပါတယ္။နာပိုလီအသင္းဥကၠဌ ဒီေလာ္ရန္တစ္က ျပီးခဲ့တဲ့လက ရႈံးထြက္ (၁၆) သင္းအဆင့္ျပိဳင္ပြဲကို ေပၚတူဂီမွာပဲ က်င္းပရန္ ေတာင္းဆိုသြားခဲ့ပါတယ္။

သူက “စပိန္မွာ ေရာဂါပိုးေၾကာင့္ လူေတြ ေၾကာက္ရြံ႕ေနၾကတယ္လို႔ ကၽြန္ေတာ္ၾကားေနရပါတယ္။ သူတို႔ကေတာ့ ဘာမွ မျဖစ္သလို ဟန္ေဆာင္ေနၾကပါတယ္။ ဘာစီလိုနာကို မသြားပဲ ေပၚတူဂီ၊ ဂ်ာမနီ ဒါမွမဟုတ္ ဂ်နီဗာမွာ ကစားဖို႔ ေျပာပါရေစ။ သူတို႔အေနနဲ႔ ခ်န္ပီယံလိဂ္ကို ေပၚတူဂီ ယူရိုပါလိဂ္ကို ဂ်ာမနီမွာ ကစားဖို႔ ဆံုးျဖတ္ျပီးျပီးဆိုရင္ ကၽြန္ေတာ္တို႔ဟာ ရႈံးထြက္ ၁၆ သင္းအဆင့္အတြက ္ေပၚတူဂီ ဒါမွမဟုတ္ ဂ်ာမနီကု ိသြားရမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ သူက ေျပာသြားခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ကာတာလိုနီယာ ျပည္သူ႔က်န္းမာေရး အတြင္းေရးမႈး ဂ်ိဳဆပ္မာရီယာအာဂ်ီမြန္က အေျခအေနေတြက ပိုေကာင္းေနျပီလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ “စီစဥ္ထားတဲ့အတိုင္း ကစားလို႔ရပါတယ္။ ဒီတစ္ပတ္အေျခအေနက ျပီးခဲ့တဲ့ အပတ္ကထက္ ပိုေကာင္းေကာင္းေနပါတယ္။ ပရိသတ္မပါပဲနဲ႔ ကစားလို႔ရပါတယ္” လို႔ ေရဒီယိုအစီအစဥ္ တစ္ခုမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။