အနားယူသွားတဲ့ ပြိုင်ဘက်ဟောင်း ကာဆီးလက်စ်အတွက် မက်ဆီရဲ့ နှုတ်ဆက်စကား

ဘာစီလိုနာ ကြယ်ပွင့် မက်ဆီဟာ ရီးရဲလ်မက်ဒရစ် နဲ့ စပိန်ဂန္တဝင် ကာဆီးလက်စ်အနားယူသွားတာနဲ့ ပတ်သက်ပြီး ချီးကျူးနှုတ်ဆက်စကားပြောသွားခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ်ကာဆီးလက်စ်ဟာ အင်္ဂါနေ့က ပေါ်တိုအသင်းမှာ လေ့ကျင့်ရေးဆင်းနေစဉ် နှလုံးရောဂါ ရုတ်တရက် ဖောက်ပြန်ခဲ့ပြီးနောက် (၁၄) လအကြာမှာ ကစားသမားဘဝက အနားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာတုန်းက ကာဆီးလက်စ်ဟာ စပိန်လာလီဂါ အမှတ်ပေးဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ် (၃) ကြိမ် ရရှိခဲ့ပြီး စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုဖလား နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

မက်ဆီက ရီးရဲလ်မက်ဒရစ် ပြိုင်ဘက်ကစားသမားဟောင်း အနားယူသွားတာနဲ့ ပတ်သက်ပြီး စပိန်သတင်းစာ AS က “အိုက်ကာ ဒီနေ့ အနားယူသွားပေမယ့် သူဟာ ဘောလုံးသမိုင်းမှာ အချိန်အကြာကြီး ကျော်ဖြတ်ခဲ့ပြီးပါပြီ။

လာလီဂါမှာ သူ စွမ်းဆောင်ခဲ့တာကြောင့် မဟုတ်ပါဘူး။ လက်ရွေးစင်အသင်းနဲ့လည်း သူဟာ ဆုဖလားအားလုံး ကို ရယူနိုင်ခဲ့ပါတယ်။ သူဟာ ထူးခြားတဲ့ ဂိုးသမား တစ်ယောက်ပါ။ သူ့ကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ ရင်ဆိုင်ရတာ တစ်ကယ်ကို ခက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အချိန်တိုင်း ဒီလို ပြိုင်ဘက်ကောင်းတွေရှိတာကြောင့် ကျွန်တော်ဒီလို ဖြစ်လာတယ်လို့ ထင်ပါတယ်” လို့ ဖော်ပြသွားခဲ့ပါတယ်။

အနားယူသြားတဲ့ ျပိဳင္ဘက္ေဟာင္း ကာဆီးလက္စ္အတြက္ မက္ဆီရဲ႕ ႏႈတ္ဆက္စကား

ဘာစီလိုနာ ၾကယ္ပြင့္ မက္ဆီဟာ ရီးရဲလ္မက္ဒရစ္ နဲ႔ စပိန္ဂႏၱ၀င္ ကာဆီးလက္စ္အနားယူသြားတာနဲ႔ ပတ္သက္ျပီး ခ်ီးက်ဴးႏႈတ္ဆက္စကားေျပာသြားခဲ့ပါတယ္။ အသက္ ၃၉ ႏွစ္အရြယ္ကာဆီးလက္စ္ဟာ အဂၤါေန႔က ေပၚတိုအသင္းမွာ ေလ့က်င့္ေရးဆင္းေနစဥ္ ႏွလံုးေရာဂါ ရုတ္တရက္ ေဖာက္ျပန္ခဲ့ျပီးေနာက္ (၁၄) လအၾကာမွာ ကစားသမားဘ၀က အနားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာတုနး္က ကာဆီးလက္စ္ဟာ စပိန္လာလီဂါ အမွတ္ေပးဖလား (၅) ၾကိမ္၊ ခ်န္ပီယံလိဂ္ (၃) ၾကိမ္ ရရွိခဲ့ျပီး စပိန္လက္ေရြးစင္အသင္းအတြက္ ၂၀၀၈ နဲ႔ ၂၀၁၂ ယူရိုဖလား နဲ႔ ၂၀၁၀ ကမာၻ႕ဖလားတို႔ကို ဆြတ္ခူးရယူႏိုင္ခဲ့ပါတယ္။

မက္ဆီက ရီးရဲလ္မက္ဒရစ္ ျပိဳင္ဘက္ကစားသမားေဟာင္း အနားယူသြားတာနဲ႔ ပတ္သက္ျပီး စပိန္သတင္းစာ AS က “အိုက္ကာ ဒီေန႔ အနားယူသြားေပမယ့္ သူဟာ ေဘာလံုးသမိုင္းမွာ အခ်ိန္အၾကာၾကီး ေက်ာ္ျဖတ္ခဲ့ျပီးပါျပီ။

လာလီဂါမွာ သူ စြမ္းေဆာင္ခဲ့တာေၾကာင့္ မဟုတ္ပါဘူး။ လက္ေရြးစင္အသင္းနဲ႔လည္း သူဟာ ဆုဖလားအားလံုး ကို ရယူႏိုင္ခဲ့ပါတယ္။ သူဟာ ထူးျခားတဲ့ ဂိုးသမား တစ္ေယာက္ပါ။ သူ႔ကို ျပိဳင္ဘက္တစ္ေယာက္အေနနဲ႔ ရင္ဆိုင္ရတာ တစ္ကယ္ကို ခက္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ရင္ဆိုင္ခဲ့ရတဲ့ အခ်ိန္တိုင္း ဒီလို ျပိဳင္ဘက္ေကာင္းေတြရွိတာေၾကာင့္ ကၽြန္ေတာ္ဒီလို ျဖစ္လာတယ္လို႔ ထင္ပါတယ္” လို႔ ေဖာ္ျပသြားခဲ့ပါတယ္။