ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ စပိန် နဲ့ ရီးရဲလ်မက်ဒရစ် ဂန္တဝင် ကာဆီးလက်စ်

စပိန် နဲ့ ရီးရဲလ်မက်ဒရစ် ဂန္တဝင်ကစားသမားကြီး ကာဆီးလက်စ်ဟာ ဘောလုံးသမားဘဝကနေ အသက် ၃၉ နှစ် အရွယ်မှာ အနားယူသွားပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား (၃) ကြိမ် ၊ စပိန်လက်ရွေးစင်အသင်း နဲ့ ကမ္ဘာ့ဖလား နဲ့ ဥရောပဖလား (၂) ကြိမ်တို့ကို ဆွတ်ခူးရယူပေးခဲ့တဲ့ ကာဆီးလက်စ်ဟာ ကစားသမားဘ၀ ကနေ အနားယူသွားပါပြီ။

ပေါ်တိုအသင်းမှာ ကစားနေတဲ့ ကာဆီးလက်စ်ဟာ မနှစ်က မေလတုန်းက နှလုံးရောဂါ ခံစားနေပေမယ့် လအတော်ကြာမှ ပြန်လည်သက်သာလာတာဖြစ်ပါတယ်။ သို့သော်လည်း သူဟာ ဘောလုံးပြန်မကစားတော့ပဲ အနားယူရန် ဆုံးဖြတ်လိုက်ပါတယ်။

အင်္ဂါနေ့က သူ့ရဲ့ တွစ်တာ အကောင့်မှာ ကာဆီးလက်စ်ဟာ အနားယူလိုက်တာကို ကြေညာသွားခဲ့တာဖြစ်ပါတယ်။ ကာဆီးလက်စ်ဟာ ကစားသမားဘဝမှာ အရေးပါတဲ့ ဆုဖလား တော်တော်များများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာတုန်းက သူဟာ ၁၉၉၉ ခုနှစ် မှာ ပထမအသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး မော်ရင်ဟို မကိုင်တွယ်ခင်အထိ အသင်းရဲ့ နံပါတ် (၁) ဂိုးသမားဖြစ်ခဲ့ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်လာလီဂါ အမှတ်ပေးဖလား (၅) ကြိမ်၊ စပိန်ဖလား (၂) ကြိမ် ၊ ချန်ပီယံလိဂ်ဖလား (၃) ကြိမ် ၊ အင်တာနေရှင်နယ်ဖလား (၂) ကြိမ် နဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ပေါ်တိုအသင်းကို ၂၀၁၅ ခုနှစ် တုန်းက ပြောင်းရွှေ့သွားတာဖြစ်ပြီး ပေါ်တူဂီ အမှတ်ပေးဖလားကို (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာဆီးလက်စ်ဟာ စပိန်အသင်းအတွက် (၁၆၇) ပွဲကစားပေးခဲ့ပြီး ၂၀၀၈ ၊ ၂၀၁၂ ဥရောပဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

ကစားသမားဘ၀ကေန အနားယူသြားျပီျဖစ္တဲ့ စပိန္ နဲ႔ ရီးရဲလ္မက္ဒရစ္ ဂႏၱ၀င္ ကာဆီးလက္စ္

စပိန္ နဲ႔ ရီးရဲလ္မက္ဒရစ္ ဂႏၱ၀င္ကစားသမားၾကီး ကာဆီးလက္စ္ဟာ ေဘာလံုးသမားဘ၀ကေန အသက္ ၃၉ ႏွစ္ အရြယ္မွာ အနားယူသြားျပီျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား (၃) ၾကိမ္ ၊ စပိန္လက္ေရြးစင္အသင္း နဲ႔ ကမာၻ႕ဖလား နဲ႔ ဥေရာပဖလား (၂) ၾကိမ္တို႔ကို ဆြတ္ခူးရယူေပးခဲ့တဲ့ ကာဆီးလက္စ္ဟာ ကစားသမားဘ၀ ကေန အနားယူသြားပါျပီ။

ေပၚတိုအသင္းမွာ ကစားေနတဲ့ ကာဆီးလက္စ္ဟာ မႏွစ္က ေမလတုန္းက ႏွလံုးေရာဂါ ခံစားေနေပမယ့္ လအေတာ္ၾကာမွ ျပန္လည္သက္သာလာတာျဖစ္ပါတယ္။ သို႔ေသာ္လည္း သူဟာ ေဘာလံုးျပန္မကစားေတာ့ပဲ အနားယူရန္ ဆံုးျဖတ္လိုက္ပါတယ္။

အဂၤါေန႔က သူ႔ရဲ႕ တြစ္တာ အေကာင့္မွာ ကာဆီးလက္စ္ဟာ အနားယူလိုက္တာကို ေၾကညာသြားခဲ့တာျဖစ္ပါတယ္။ ကာဆီးလက္စ္ဟာ ကစားသမားဘ၀မွာ အေရးပါတဲ့ ဆုဖလား ေတာ္ေတာ္မ်ားမ်ားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းမွာတုန္းက သူဟာ ၁၉၉၉ ခုႏွစ္ မွာ ပထမအသင္းမွာ ပါ၀င္ကစားခြင့္ရခဲ့ျပီး ေမာ္ရင္ဟို မကိုင္တြယ္ခင္အထိ အသင္းရဲ႕ နံပါတ္ (၁) ဂိုးသမားျဖစ္ခဲ့ပါတယ္။

သူဟာ ရီးရဲလ္မက္ဒရစ္အသင္းကို စပိန္လာလီဂါ အမွတ္ေပးဖလား (၅) ၾကိမ္၊ စပိန္ဖလား (၂) ၾကိမ္ ၊ ခ်န္ပီယံလိဂ္ဖလား (၃) ၾကိမ္ ၊ အင္တာေနရွင္နယ္ဖလား (၂) ၾကိမ္ နဲ႔ ဖီဖာကမာၻ႕ကလပ္ဖလား တို႔ကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ သူဟာ ေပၚတိုအသင္းကို ၂၀၁၅ ခုႏွစ္ တုန္းက ေျပာင္းေရႊ႕သြားတာျဖစ္ျပီး ေပၚတူဂီ အမွတ္ေပးဖလားကို (၂) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ကာဆီးလက္စ္ဟာ စပိန္အသင္းအတြက္ (၁၆၇) ပြဲကစားေပးခဲ့ျပီး ၂၀၀၈ ၊ ၂၀၁၂ ဥေရာပဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့ျပီး ၂၀၁၀ ကမာၻ႕ဖလားကို ဆြတ္ခူးရယူႏိုင္ခဲ့ပါတယ္။